Ad Code

Responsive Advertisement

ကျနော် နပန်းသတ်ခဲ့ရသော Adverb များ (၈)



(၇) Adverbs of degree (အခြေအနေအဆင့်အတန်းပြ ကြိယာဝိသေသနများ)
..................................
Degree adverb များဟာ ကြိယာကို အထူးပြုတဲ့အခါ လုပ်ဆောင်မှုတစ်ခုရဲ့ပမာဏ ဒီဂရီကိုဖေါ်ပြပါတယ် ၊ အဲဒီလိုပဲ အခြားသော နာမ၀ိသသန ၊ ကြိယာဝိသေသနတို့ကိုလည်း လေးနက်အောင် အထူးပြုပါတယ် 
Adverbs of degree tell us about the intensity or degree of an action, an adjective or another adverb. 
.
နမူနာအားဖြင့် ... extremely, quite, just, almost, very, too, enough ..စတဲ့ adverb များဖြစ်ပါတယ်၊ အများကြီးရှိပါတယ် ။
.
Degree adverb များဟာ သူတို့အထူးပြုတဲ့ adjective, adverb, verb များရဲ့ ရှေ့မှာထားလေ့ရှိပါတယ် ၊ သို့သော်လည်း အထူးပြုပုံထူးခြားတဲ့ adverb တချို့လည်း ရှိနေပါတယ်
Adverbs of degree are usually placed before the adjective, adverb, or verb they are modifying.
............................
(1) verb ကိုအထူးပြုပါတယ်
.
(1.1) He was JUST leaving.
ခုလေးတင်ပဲ သူထွက်သွားတာပါ
(1.2) I have ALMOST finished the job.
ကျနော် (လုပ်ရမယ့်)အလုပ် ပြီးလုနီးပါပြီ
...............................
(2) Adjective ကိုလည်း အထူးပြုပါတယ်
..
(2.1) The water is EXTREMELY cold.
ရေက အလွန်အမင်း အေးစက်နေပါတယ်
(2.2) The movie is QUITE interesting.
ရုပ်ရှင်ဇတ်ကားက တော်တော့်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်
............................
(3) Adverb ကိုလည်း အထူးပြုပါတယ်
..
(3.1) She is running VERY fast.
သူမက အလွန် လျှင်မြန်စွာ ပြေးနေပါတယ်
(3.2) He works TOO hard.
သူက သိပ်အလုပ်လုပ် လွန်းပါတယ်
.................................
(4) Too ကို adj/adv တွေနဲ့ တွဲသုံးတဲ့အခါ နောက်ကနေ ဖြည့်စွက်ပုဒ်လေးတွေ ထည့်ပေးလို့ရပါတယ် ၊ မှတ်ဖို့ကောင်းလို့ သီးခြားခွဲပေးလိုက်ပါတယ်
..
(4.1) This coffee is too hot.
ဒီကော်ဖီက ပူလွန်းပါတယ်
(4.2) This coffee is too hot / to drink.
ဒီကော်ဖီက သောက်ဖို့ ပူလွန်းပါတယ်
( to + infinitive လိုက်ပါတယ်)
(4.3) This coffee is too hot / for me.
ဒီကော်ဖီက ကျနော့်အတွက် ပူလွန်းပါတယ်
(for + noun) လိုက်ပါတယ် 
(4.4) ) This coffee is too hot / for me / to drink.
ဒီကော်ဖီက ကျနော့်အတွက်တော့ သောက်ဖို့ရာ ပူလွန်းပါတယ်
(နှစ်ခုလုံးဖြည့်တဲ့အခါမှာ for + noun ဟာ ရှေ့ကနေလေ့ရှိပါတယ်)
.
Too ဟာ လိုသည်ထက်ပိုနေတယ် ဆိုတဲ့သဘောဖြစ်လို့ no, not စတဲ့ အငြင်းပုဒ် မပါသော်လည်း အငြင်းသဘော(negative sense) သက်ဝင်ပါတယ်။ 
.........................................
(5) Enough ကတော့ adverb အဖြစ်နဲ့ အထူးပြုတဲ့အခါ အခြား degree adverb များနဲ့မတူပဲ နောက်ကနေ အထူးပြုပါတယ်
.
(5.1) Is your coffee hot enough?
ခင်ဗျားရဲ့ ကော်ဖီက အနေတော် ပူပါရဲ့လား
( adj ဖြစ်တဲ့ hot ရဲ့ ဒီဂရီကို ပြဖို့ နောက်ကနေ အထူးပြုပါတယ်)
(5.2) He didn't work hard enough.
သူက ကျေနပ်လောက်အောင် ကြိုးကြိုးစားစား မလုပ်ခဲ့ပါဘူး
( adverb ဖြစ်တဲ့ hard ကို နောက်ကနေ စွမ်းအားဖြည့်ပါတယ်)
(5.3) He didn't work hard enough / to pass the exam.
သူက စားမေးပွဲအောင်ဖို့ လုံလုံလောက်လောက် မကြိုးစားခဲ့ပါဘူး
(5.4) He didn't work hard enough / for a promotion.
သူက ရာထူးတိုးဖို့အတွက် လုံလုံလောက်လောက် မကြိုးစားခဲ့ပါဘူး
(5.5) Your love is enough / for me / to live my life.
မင်းရဲ့ အချစ်က ငါ့အတွက်တော့ ဘ၀ကိုနေထိုင်အသက်ရှင်ဖို့ရာ လုံလောက်ပါတယ်
( for noun ပြီးမှ to infinitive .. အတူတူပါပဲ)
.
enough ဟာ noun ရဲ့ရှေ့ကနေပြီး adjective အဖြစ်လည်း သုံးပါတယ် ၊ adverb အဖြစ်သရုပ်ဆောင်တဲ့အခါ နောက်မှာနေပါတယ် ။
...........
Degree adverb တချို့ကို ဖေါ်ပြပေးလိုက်ပါတယ် ၊ အနည်းငယ်ကျန်ရှိနိုင်ပါသေးတယ်..
almost, absolutely, awfully*, badly*, barely, completely, decidedly, deeply, enough, enormously, entirely, extremely, fairly, far, fully, greatly, hardly, highly, how, incredibly, indeed, intensely, just, least, less, little, lots, most, much, nearly, perfectly, positively, practically, pretty*, purely, quite, rather, really, scarcely, simply, so, somewhat, strongly, terribly*, thoroughly, too, totally, utterly, very, virtually, well .. တို့ ဖြစ်ကြပါတယ်
.
မေတ္တာဖြင့် 
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး
heart emoticon

Post a Comment

0 Comments

Close Menu