Ad Code

Responsive Advertisement

နမ့်ခမ်းမြို့ရဲစခန်းဝင်း၌ ၀န်ထမ်းအိမ်ရာ မီးလောင်မှုဖြစ်ပွား


နမ့်ခမ်း မတ် ၆

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ ရဲစခန်းအတွင်း ဝန်ထမ်း အိမ်ရာတွင် မတ် ၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားသည့် အိမ်သည် ၁၉၆ဝ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့သည့် အလျားပေ ၃ဝ၊ အနံ ၂၅ ပေ၊ သွပ်မိုးထရံကာ၊ ပျဉ်ခင်း ခြေတံရှည် လုံးချင်းအိမ်ဟောင်းဖြစ်ပြီး ရဲအုပ် ဌေးဝင်းခိုင်နေထိုင်သည့် အိမ်ဖြစ် သည်။

ရဲအုပ်ဌေးဝင်းခိုင်မှာ မီးလောင်မှုဖြစ်ပွားချိန်တွင် လုံခြုံ ရေးတာဝန်ထမ်းဆောင်နေချိန်ဖြစ်ပြီး နေအိမ်၌ မရှိခိုက် လျှပ်စစ်ဝိုင်ယာ ရှော့ခ်ဖြစ်ကာ မီးလောင်ရခြင်းဖြစ် သည်။

 မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီး မှူး ဦးမျိုးမင်းသန့်နှင့် မီးသတ်တပ်ဖွဲ့ ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက အချိန်မီရောက် ရှိပြီး မီးသတ်ယာဉ်များဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ရာ အခြားဝန်ထမ်းအိမ်ရာ များကို မီးကူးစက်ခြင်းမရှိဘဲ အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 မီးလောင်မှု ကြောင့် ဝန်ထမ်းအိမ်ဟောင်း တစ်လုံးသာ လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဉာဏ်မင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
http://www.thithtoolwin.com

Post a Comment

0 Comments

Close Menu