Ad Code

Responsive Advertisement

မိုင်းခတ်မြို့နုယ်၌ ထမင်းအိုးတည်ရာမှတစ်ဆင့် နေအိမ် ၄၈ လုံးမီးလောင်


မိုင်းခတ် မတ် ၁၃

ရှမ်းပြည်နယ် မိုင်းခတ်မြို့နယ် နောင်ဒွန်းကျေးရွာ အုပ်စု အင်လုံကျေးရွာ၌ မတ် ၁၂ ရက် ညနေ ၄ နာရီခွဲ ခန့်က အိမ်ရှင် ဦးအိုက်ယိုး၏ သက်ငယ်မိုး၊ ဝါးကာ၊ ပျဉ် ခင်းနေအိမ်၌ ထင်းမီးဖြင့် ထမင်းအိုးတည်ရာမှ နေအိမ် ၄၈ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာနေရာသို့ မီးငြှိမ်းသတ်ယာဉ် သွားလာနိုင်ခြင်းမရှိသဖြင့် သန္ဓေမီးသတ် ငါးဦး၊ အရန် မီးသတ် ၁၅ ဦး၊ အပေါ့စားမီးသတ်စက်တစ်လုံးဖြင့် ငြှိမ်း သတ်ခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် သက်ငယ်မိုး၊ ပျဉ်ခင်း၊ နေအိမ် ၄၈ လုံး၊ သုံးဘီးဆိုင်ကယ် သုံးစီး၊ ဟာလာစက် ခုနစ်လုံး၊ လက်တွန်းထွန်စက် ၁၂ စီး၊ ဆိုင်ကယ် ၂၅ စီး၊ စပါးတင်း ၁၅ဝဝနှင့် ဝက်ငါးကောင် မီးလောင်ဆုံးရှုံး သွားကြောင်း အိမ်ထောင်စု ၄၈ စု၊မီးဘေးသင့်ပြည်သူ စုစုပေါင်း ၂၅၈ ဦးတို့အား အဆိုပါကျေးရွာ ဘုန်းတော် ကြီးကျောင်း၌ နေရာချထားပေးထားကြောင်းနှင့် ဦးအိုက်ယိုးအား မိုင်းခတ်မြို့နယ်ရဲတပ်ဖွဲ့စခန်းက အရေး ယူထားကြောင်းသိရှိရသည်။

ဇင်ဦး(မြန်မာ့အလင်း)၊ဓာတ်ပုံ-MFSD
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
http://www.thithtoolwin.com

Post a Comment

0 Comments

Close Menu