Ad Code

Responsive Advertisement

‪#‎နှလုံးသွေးကြောကျဉ်းသူများအတွက်သတင်းကောင်း‬"

မြန်မာ့သတင်းထူးသတင်းဦးများ added 3 new photos.
‪#‎နှလုံးသွေးကြောကျဉ်းသူများအတွက်သတင်းကောင်း‬"
ကျွန်တော်ညီ ကိုယ်တိုင်ဖော်စပ်ပြီးဆေးအလှူဒါနပေးနေတဲ့ "ထိုက်သူပန်" နှလုံးသွေးကြောကျဉ်းရောဂါ ပျောက်ဆေး ကို ကျွန်တော်များ ပိုင်အိုးနီးယား စားသောက်ဆိုင် အတွင်းဘက် Dynasty Aircom ခန်းမတွင် ကျွန်တော်ညီ Soe Hla Myint ကိုယ်တိုင်
✔ 6.3.2016(တနင်္ဂနွေ) နံနက် ၉နာရီတွင် ဆေးအလှူ ခံမည့် ရောဂါ ဝေဒနာရှင်များ အား
ပေးအပ်လှူ ဒါန်းသွားမည်ဖြစ်ကြောင်း အထူးသတင်းကောင်းအဖြစ်ကြေငြာပါရစေခင်ဗျာ။
ဆေးလာရောက်အလှူ ခံသော ပုဂ္ဂိုလ်များအား ကျွန်တော်များ ပိုင်အိုးနီးယားစားသောက်ဆိုင်မိသားစုမှ ကော်ဖီနှင့်မုန့်များအား
အဟာရဒါနအဖြစ်ကျွေးမွေးဧည့်ခံပေးပါမည်။
"သူကိုယ်တိုင်ဖော်စပ်ပြီး စေတနာ သဒ္ဒါတရား ထက်သန်စွာ လှူ ဒါန်းထားသော
မြန်မာနိုင်ငံအနံ့အပြားရှိ ရောဂါဝေဒနာရှင် ပေါင်း ၅၀၀၀ကျော် အား စရိတ်ငြိမ်းအရောက်ပို့စနစ်ဖြင့်လှူ ဒါန်းပြီး ဖြစ်သလို၊ အယောက်၅၀ ဦး လောက်ဆေးအလှူ ခံမည့်မြို့များကိုလည်းကိုယ်တိုင်သွားရောက်၍လှူ ဒါန်းပေးနေပါတယ်။နိုင်ငံရပ်ခြားက ဆေးအလှူ ခံသူများကိုလည်း ပေးပို့လှူ ဒါန်းခဲ့ပါသေးတယ်။
✔ အသပြာမဲ့ စေတနာ နဲ့လှူ တဲ့ ထိုက်သူပန် နှလုံးသွေးကြောကျဉ်း ရောဂါပျောက်ဆေးကို အသုံးပြုကြသူတိုင်း ရောဂါသက်သာပျောက်ကင်းကြောင်း ဝမ်းသာစရာစကားများကိုလည်း ကြားသိရပါတယ်။
✔ ထိုက်သူပန် နှလုံးသွေးကြောကျဉ်း ရောဂါပျောက်ဆေးအတွက် လိုအပ်တဲ့ ဗူးခွံများကိုတော့ ကျွန်တော်များ Pioneer Fc သောက်ရေသန့်မှ ရာသက်ပန် အလှူ ဒါနပြုထားပါတယ်။
✏ "ဆေးအကြောင်းသိကောင်းစရာ"
==========ဦးစိုးလှမြင့်=========
ကျွန်တော်ဖော်စပ်ပြီးဆေးအလှူ ကုသိုလ်ယူ နေသောနှလုံးသွေးကြောကျဉ်းရောဂါပျောက် ဆေးနှင်ပတ်သက်ပြီး မိဘပြည်သူများမှဆေး
ဖော်စပ်နည်းကို သိရှိလိုကြောင်းမေးမြန်းလာ
ပါသဖြင့်သိရှိသမျှ''ဆရာစားမချန်အိတ်သွန်ဖာ
မှောက်''ဖြန့်ဝေပေးသွားပါမယ်။ဒီဆေးနည်း
လေးကိုလည်းဆေးအလှူ ပြုလုပ်တဲ့အခါတပါ
တည်းမိတ္တူ ကူးထည့်ပေးလိုက်ပါတယ်။ယခု
လည်း ကျွန်တော် ကိုယ်တိုင် အချိန်ပေးပြီး စာ
ရိုက်၍Face Bookပေါ်တွင်တင်ပြဖြန့်ဝေပေး
လိုက်ပါပြီ။ကိုယ်တိုင်ဖော်စပ်ပြီးမှ သုံးစွဲလိုသူ
များအတွက်ရည်ရွယ်ပြီးဖြန့်ဝေပေးလိုက်တာ
ဖြစ်ပါတယ်။ဆေးအလှူ ကိုလည်း အရင် အ တိုင်းဘဲဆက်လက်ပေးလှူ သွားမှာဖြစ်ပါ တယ်။
---------------------------------------------------------------
သင့်နှလုံးသွေးကြောများပွင့်ရန်
*****************************
သင့်နှလုံးသွေးကြောများပွင့်ရန် သောက်ရ
မည့်ဆေးဖော်ရန် ဆေးအမယ်များနှင့်အချိုး အစား။
၁။ သံပုယို(သို့)ရှောက်သီးအရည် ၁ ခွက်။
၂။ ဂျင်း(ချင်း)အရည် ၁ ခွက်။
၃။ ကြက်သွန်ဖြူ အရည် ၁ ခွက်။
၎။ ပန်းသီးရှာလကာရည် ၁ ခွက်။
အထက်ဖော်ပြပါ အမယ်(၄)မျိုးကိုရော
စပ်၍ မီးအေးအေးဖြင့် မိနစ်(၆၀)ခန့်(သို့) ၎
ခွက်တွင် ၃ခွက်ကျန်သည်အထိကြို ပါ။ပြီး
လျင် အအေးခံထားပါ။၎င်းနောက်ပျားရည်စစ်
စစ် ၃ခွက်ရော နှံ့အောင်မွှေပြီး ဖန်ပုလင်းတွင်
ထည့်၍ သုံးဆောင်နိုင်ပါသည်။
ဆေးသောက်ရန်မှာ နံနက်အိပ်ယာထ
ဘာမှမစားရသေးခင် ထမင်းစားဇွန်းနှင့်အ
ပြည့်တစ်ဇွန်းသောက်ရပါမည်။ဤဆေးရည်
ကသင်၏ပိတ်နေ/ကျ ဉ်းနေသော သွေးကြော
များကို ပြန်ဖွင့်ပေးပါလိမ့်မည်။ဆေး၏အရသာ
မှာလည်းကောင်းပါသည်။အထက်ဖော်ပြပါ
ဆေးနည်းလမ်းလေးကို အင်တာနက်ပေါ်
တွင် စေတနာရှင်တစ်ဦးက ဖော်ပြထားသည်
ကိုရယူပြီး ဆောင်းပါးရှင်၏ မူရင်းအတိုင်းပြန်
ဆိုရေးသားဖော်ပြလိုက်ပါသည်။
တစ်ကမ္ဘာ္ဘလုံးတွင်သေပျောက်မှု အများ ဆုံးရောဂါထဲတွင် နှလုံးသွေးကြောကျ ဉ်းရော
ဂါလည်း အပါအဝင်ဖြစ်ပါသည်။ရုတ်တရက်
သေဆုံးခြင်း-လေဖြတ်သွားခြင်းများလည်း
တွေ့ဖူးကြမည် ဖြစ်ပါသည်။
ဤကဲ့သို့ ဆိုးဝါးသည့်ရောဂါကြီးကို
ငွေကုန်ကြေးကျ အနည်းဆုံးနှင့် လက်တွေ့
ပျောက်ကင်းသူ၏စေတနာကိုယုံကြည်မှု ဖြင့်
ဖြန့်ဝေလိုက်ပါသည်။
သင့်မှာ နှလုံးသွေးကြောကျ ဉ်းရောဂါခံ
စားနေရပါသလား။ခွဲစိတ်ကုသဖို့ဆရာဝန်က
တိုက်တွန်းနေပြီလား။ခဏလေးစောင့်လိုက်ပါ။
အထက်ပါ ကုသနည်းတွေမပြု လုပ်ခင်
ယခုကျွန်တော်ပြောမည့် ဆေးမြီးတိုလေးကို
ယုံကြည်စွာ သုံးကြည့်လိုက်ပါ။ဤဆေးက
သင့်ကို ဘုရားသခင်က ကုသပေးလိုက်သလို
ပျောက်ကင်းသွားပါလိမ့်မည်။
လွန်ခဲ့သောနှစ် ဧပြီလ(၁၈)ရက်နေ့ က
ကျွန်တော်အင်္ဂလန်မှပါကစ္စတန်သို့Khatme-
e-Natbuwat နှစ်ပတ်လည် ညီလာခံတက်
ရန် လာခဲ့ပါသည်။ညီလာခံ မတိုင်မီ ရက်အ
နည်းငယ်တွင် ကျွန်တော်၏နှလုံးနေရာမှာနာ
ကျင်သည့်ဝေဒနာခံစားလာရပါသည်။တဖြည်း
ဖြည်းနာကျင်သည့်ဝေဒနာက စိတ်လာပါ
သည်။ဆရာဝန်နှင့် ပြသစမ်းသပ်သည့်အခါ
တွင် ကျွန်တော်၏နှလုံးတွင် သွေးကြောသုံး
ချောင်းပိတ်မိနေပြီဖြစ်သဖြင့် ခွဲစိတ်ပြီးသွေး
ကြောလမ်းကြောင်းအသစ်ပြောင်း ၍ ကုသ ခြင်း(Bypass)ပြုလုပ်ကုသရန် အကြံပေးပြီး
နောက်တစ်လတွင် ခွဲစိတ်ရန် ရက်ချိန်းပေး
လိုက်ပါသည်။ထိုအကြောင်းကို ပါကစ္စတန်မှ
တိုင်းရင်းဆေးဆရာကြီး Hazrat Moulana
Bashir Saheb ဆိုသူအား ပြောပြမိပါသည်။
ဆရာဝန်ချိန်းဆိုထားသည့် ခွဲစိတ်ရက်
မတိုင်မီ ဆရာကြီး Sahebဖော်ပေးသောဆေး
ကို တစ်လလုံးတိတိကျကျလိုက်နာသုံးစွဲခဲ့ပါ
သည်။ခွဲစိတ်ရက်မတိုင်မီ ပါကစ္စတန်နိုင်ငံ
Lahore နှလုံးရောဂါကုဆေးရုံသို့ သွား၍ခွဲ
စိတ်ခကြိုတင်ငွေ Rs 225,000ကိုပေးသွင်းရ
ပါသည်။၎င်းနောက်အသေးစိတ် စမ်းသပ်မှု
များထပ်မံပြု လုပ်ရပါသည်။စမ်းသပ်မှု အပြီး
တွင် ထွက်ရှိလာသောအဖြေနှင့်ယခင်ရရှိထား
သောအဖြေကို နှိုင်းယှဉ်ကြည့်ပြီး ဆရာဝန်က
ယခင်စမ်းသပ်မှု အပြီး တစ်လအတွင်း ဘာ
ဆေးတွေစားသလဲဟုမေးပါသည်။
ကျွန်တော်က ဆရာကြီး Saheb ဆေး
ကိုစားခဲ့ကြောင်းပြောပြရာ ဆရာဝန်ကယခုရ
သည့်အဖြေသည် အလွန်အံ့သြစရာကောင်း
ကြောင်း-ပိတ်နေသောနှလုံးသွေးကြောသုံး
ချောင်းစလုံး ပြန်ပွင့်နေပြီဖြစ်ပြီး သွေးလည်
ပတ်မှု မှာလည်း ပုံမှန်ဖြစ်နေသဖြင့် ခွဲစိတ်ရန်
မလိုတော့ကြောင်းပြောပြီး ကြို တင်ငွေပါ ပြန်
အမ်းပေးလိုက်ပါသည်။
ဆရာကြီး Saheb ဆေးနည်းမှာ အ
ထက်တွင် ရေးသားခဲ့သော နည်းအတိုင်းဖော်
စပ်ရပါသည်။ဤကဲ့သို့ ငွေကုန်ကြေးကျ သက်
သာပြီး လွယ်ကူစွာဖော်စပ်နိုင်သော ဆေးဝါး
အား အန္တရယ်အလွန်ကြီးမားသော နှလုံးသွေး
ကြောကျဉ်းရောဂါ ဝေဒနာ ခံစားနေရသူများ
အတွက် '''ဖတ်ပါ-ဝေဌပါ''' ဟုတိုက်တွန်းလိုက်
ပါသည်။Health Care JournalမှVol-3no39
(5-10-2012)*မှတ်ချက်-ပန်းသီးရှာလကာရည်
(Apple Vinegar)ကို Citymart ကဲ့သို့ သော
စတိုးဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပါသည်။
ကျွန်တော်ဖော်စပ်သောဆေးများတွင်ပန်းသီး
ရှာလကာရည်ကို USA/Korea/Italy Brand
များကိုအသုံးပြု ဖော်စပ်ထားပါသည်။အတတ်
နိုင်ဆုံး Myanmar/China/Thailand Brand
များကို အရည်အသွေးစိတ်မချ သဖြင့် အသုံး
မပြုခဲ့ပါ။ကျေးဇူးတင်ပါတယ်။
စိုးလှမြင့်
***ခုနှစ်ရက် သားသမီးအပေါင်းကျန်းမာချမ်းသာကြပါစေ။*

Post a Comment

0 Comments

Close Menu