Ad Code

Responsive Advertisement

English Speaking Basics (62)


..............................................
အခြေအနေနှစ်ခု ရှိတဲ့အနက်မှာ ဘယ်အခြေအနေမှာမဆို လုပ်မယ်လို့ ပြောချင်တဲ့အခါ ဒီပုံစံလေးကို သုံးလိုက်ပါ
...............................
WHETHER OR NOT… = ....သည်ဖြစ်စေ ၊ မ...သည်ဖြစ်စေ ။
...............................
(under whatever circumstances; regardless)
မည်သည့်အခြေအနေမဆို ၊ ဂရုမထားပဲ
.....................
I. EXAMPLES:
..................
1. WHETHER it rains OR NOT, I will go to the store.
မိုးရွာသည်ဖြစ်စေ မရွာသည်ဖြစ်စေ ကျနော် ပစ္စည်းစုံအရောင်းဆိုင်ကိုသွားမယ်
.
2. They’ll find out the truth, WHETHER OR NOT you tell it to them.
ခင်ဗျားသူတို့ကို အဲဒီအကြောင်း ပြောသည်ြဖစ်စေ မပြောသည်ဖြစ်စေ သူတို့က အမှန်တရားကို စုံစမ်းဖေါ်ထုတ်ကြလိမ့်မယ်
( Find out (phrV) စူးစမ်းဖေါ်ထုတ်သည် )
.
3. WHETHER OR NOT we like it, we have to accept it.
ကျနော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အဲဒါကို လက်ခံရပါမယ်
.
4. WHETHER you are willing OR NOT, you have to do it.
ခင်ဗျား စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အဲဒါကို လုပ်ရမှာပါ
(Willing (adj) ဆန္ဒရှိသော ၊ စိတ်ပါသော)
.
5. It’s no matter to me WHETHER you arrive early OR late.
ခင်ဗျား စောစောရောက်သည်ဖြစ်စေ နောက်ကျရောက်သည်ဖြစ်စေ ကျနော့်အတွက် ကိစ္စမရှိပါဘူး
(No matter (idm) ကိစ္စမရှိပါ ၊ အကြောင်းမဟုတ်ပါ)
.
သတိပြုစေချင်တာက .. whether နဲ့ or not ကို ကပ်ထားလို့လည်းရတယ် ၊ ခွဲထားလို့လည်း ရတယ်ဆိုတာသတိပြုပါ ။
ခွဲထားတဲ့အခါ or not နှစ်လုံးတွဲကနေ not နေရာမှာ or ရှေ့ကစာလုံး နဲ့ သင့်တော်တဲ့.. တွဲချင်တဲ့ စာလုံးတစ်ခုခုကို ပြောင်းသုံးလို့လည်း ရပါတယ်
.
ဥပမာ
You will arrive there whether you RUN OR NOT. (ပြေးသည်ဖြစ်စေ မပြေးသည်ဖြစ်စေ)
You will arrive there whether you RUN OR WALK. (ပြေးသည်ဖြစ်စေ လမ်းလျှောက်သည်ဖြစ်စေ)
I will love you forever whether you are BEAUTIFUL OR NOT. (လှသည်ဖြစ်စေ မလှသည်ဖြစ်စေ)
I will love you forever whether you are BEAUTIFUL OR UGLY. (လှသည်ဖြစ်စေ ရုပ်ဆိုးသည်ဖြစ်စေ).. စသည်ဖြင့်
.
.....................
II. DIALOGUES:
.....................
A: I don’t like this movie.
ကျနော် ဒီရုပ်ရှင်ကားကို မကြိုက်ပါဘူး
.
B: Look, I already paid for the tickets, so WHETHER you like it OR NOT we’re going to finish watching it.
(ဒီမှာ) ကြည့်ပါလား ကျနော်က လက်မှတ်ဖိုးတွေပေးပြီနေပြီ ၊ ဒါကြောင့်မို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပြီးအောင် ကြည့်နေရတော့မှာပဲ
.
A: Well, I’ll just read a book then.
ကောင်းပြီ ၊ ဒါဆို ကျနော်က စာအုပ်တစ်အုပ်ပဲ ဖတ်တော့မယ်
.
B: Don’t be such a stick in the mud. Just watch it with me.
အပျော်အပါးမကြိုက်တဲ့ ရှေးလူကြီးလို မနေစမ်းပါနဲ့ ၊ ကျနော်နဲ့အတူကြည့်ပဲ ကြည့်လိုက်ပါ ။
( a stick in the mud (idm) : someone who is old-fashioned and avoids enjoyable activities: အပျော်အပါးရှောင်ပြီး ရှေးဆန်တဲ့လူ )
.
A: But I don’t like it.
ဒါပေမယ့် အဲဒါကို ကျနော်မှ မကြိုက်တာ
.
B: Come on, give it a chance. The movie just started.
လုပ်စမ်းပါ ကြည့်စမ်းပါ ၊ အခွင့်အရေးတစ်ခုပေးလိုက်ပါ ၊ ရုပ်ရှင်က ခုပဲ စတယ် ။
( just (adv) ခုတင် ၊ ခုပဲ )
...........................
.
- Credit to: http://englishspeakingcourses.com/095-whether-or-not/…
.
မေတ္တာဖြင့် 

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး
heart emoticon

Post a Comment

0 Comments

Close Menu