Ad Code

Responsive Advertisement

iPhone & iPad များတွင် iCloud ဝင်ထားခြင်းရှိ မရှိစစ်ဆေးနည်း



iCloud ရှိ မရှိစစ်ဆေးနည်း
================
- iCloud ဆိုတာကတော့ Apple Company ကနေပြီးတော့ သူတို့၏ Product တွေဖြစ်သည့် iPhone,
iPad တွေဝယ်ပြီဆိုရင် iCloud ဆိုသည့် သူတို့ Company ကဝင်ဆောင်မှုပေးထားသော Cloud Storage
မှ Data တွေကို Online မှာသိမ်းထားနိုင်ရန်အတွက်ဝန်ဆောင်မှုပေးထားသော နည်းပညာတစ်ခုဘဲဖြစ်ပါ
တယ် iPhone, iPad ကိုင်ဆောင်သူတွေအနေဖြင့် Photo, Contact စသဖြင့်မိမိ၏အရေးကြီး Data တွေ
ကိုထို iCloud မှာသိမ်းဆည်းနိုင်ပါတယ် အရမ်းကိုကောင်းမွန်သည့် ဝန်ဆောင်မှုတစ်ခုပါဘဲ။


- ကျွန်တော်တို့ အနေဖြင့် iCloud ရှိ မရှိ ဆိုတာကို ဘာလို့စစ်ဆေးရမှာလဲ (?)

(၁) စစ်ဆေးသင့်တယ်ဆိုတာကတော့ ကျွန်တော်တို့အနေဖြစ် iPhone, iPad တွေကို
အသစ်ဝယ်ယူသည့်သူ တွေအတွက်တော့ iCloud ဆိုတာဘာမှကို
စစ်ဆေးစရာမလိုပါဘူး အကြောင်းအမျိုးမျိုးကြောင့် အသစ်မဝယ်
ဘဲ Second ဝယ်မယ်ဆိုသည့် အခါတွေမှာတော့ ကိုယ်ဝယ်ယူမည့် 
iPhone, iPad တွေဟာ iCloud ရှိမရှိ စစ်ဆေးသင့်ပါတယ်။

(၂) iPhone, iPad တွေနှင့်ပါတ်သတ်ပြီးတော့ Service လုပ်မည့် 
ဆိုင်သမားတွေအတွက် ကတော့ iPhone, iPad တွေကို Version မြှင့်ချင်သည့် 
အခါဘဲဖြစ်ဖြစ် Reset ချချင်သည့် အခါတွေမှာ တော့ ၎င်းလုပ်ဆောင်
ချက်တွေမလုပ်ခင်မှာတော့ iCloud ရှိမရှိဆိုတာကိုစစ်ဆေးသင့်ပါတယ်။

ဘာဖြစ်လို့စစ်ဆေးသင့်တာလည်းဆိုတော့ ကိုယ် Service လုပ်မည့် iPhone, 
iPad မှာ iCloud ဝင်ထားခဲ့ မယ်ဆိုရင်တော့ iPhone, iPad တွေ Reset ချသည့်အခါမျိုး
 Firmware တင်ပြီးအခါမျိုးတွေမှာ ၎င်း iPhone, iPad တွေကို Activate လုပ်ရတယ်ဆိုတာရှိပါတယ် 

ထိုကဲ့သို့ Activate လုပ်ပြီဆိုရင် iCloud ဝင်ထာခဲ့ မယ်ဆိုရင်ကိုယ်ဝင်ထားခဲ့သည့်
 iCloud မှာဝင်ထားခဲ့သည့် user name နှင့် password ဖြည့်ပေးရပါတယ်။

ကိုယ်ကမမှတ်မိဘူးဆိုရင်တော့ iPhone, iPad ကိုအသုံးပြုရန်အတွက်ဝင်ရောက်လို့
မရတော့ပါဘူး အဲဒိ လို Problem တွေမဖြစ်စေရန်အတွက် iPhone, iPad တွေကို 
Firmware Upgrade မလုပ်ခင်နှင့် Reset မချခင်တွေမှာ iCloud ရှိမရှိ 
ဆိုတာတွေကို စစ်ဆေး သင့်ပါတယ်။



ပုံ(၁) မှာဖော်ပြထားသည့် ပုံ ကတော့ Firmware တင်ပြီးနောက် (သို့) iPhone, iPad ကို Reset ချပြီး
နောက် iCloud ကျနေသည့် ပုံ (သို့) iCloud ၏ user name , password ကိုဖြည့်ခိုင်းနေသည့် ပုံကို
ဖော်ပြထားခြင်းလည်းဖြစ်ပါတယ် ယခု လိုအဖြစ်အပျက်တွေကတော့ iPhone, iPad တွေကိုကိုင်ဆောင်
သူတွေနှင့် iPhone, iPad တွေကို Service လုပ်သည့် သူတွေတစ်ချိန်ချိန်မှာမြင်တွေရနိုင်သည့်ပုံကိုဖော်ပြ
ထားတာပါ တနည်း အားဖြင့်ပြောရရင်တော့ iCloud ကနေသည့် အခြေအနေပေါ့ဗျာ။




ပုံ(၂) မှာ ဖော်ပြထားသည့် ပုံ ကတော့ မိမိ ဝယ်ယူမည့် (သို့) မိမိ Service လုပ်မည့် 
iPhone, iPad ကို iCloud ဝင်ထားခြင်း ရှိ မရှိစစ်ဆေးပေးနိုင်သော Website ထဲကိုဝင်ဖို့အတွက် 
" www.icloud.com/activationlock " ဆိုပြီး iCloud ရှိ မရှိ စစ်ဆေးပေးနိုင်သည့် 
Website ထဲကို ဝင်နေသည့် ပုံ ကိုဖော်ပြထားသည့် ပုံပါ။



ပုံ(၃) ကတော့ iCloud ရှိမရှိ စစ်ဆေးပေးနိုင်သည့် Website ထဲကို ရောက်သွားသည့် ပုံ ကိုဖော်ပြထား
သည့် ပုံ ပါ ၎င်း အဆင့်ကိုရောက်ပြီဆိုရင်တော့ ပုံပါ အတိုင်း IMEI OR Serial Number ဆိုသည့်
နေရာမှာ iPhone, iPad ၏ Serial (သို့) IMEI Number ကို ထိုနေရာတွင်ဖြည့်ပေးရပါမည်။


ပုံ(၄) မှာဖော်ပြထားသည့် ပုံ ကတော့ iPhone တစ်လုံးကို IMEI ကြည့်နိုင်သည့် နည်းလမ်းတစ်ခုတည်း
ကတစ်ခုအပါအဝင်ဖြစ်သည့် ၎င်း iPhone ၏ Setting > General > About ထဲမှာ IMEI Number ကို
ကြည့်သည့် နည်းလမ်းကိုဖော်ပြထာခြင်းလည်းဖြစ်ပါတယ် ၎င်း IMEI Number ကို ပုံ(၃) မှာဖော်ပြထား
ခဲ့သည့် နေရာမှာဖြည့်ပေးပြီး Continue ဆိုသည့်နေရာကိုနှိပ့်ပေးရပါမယ်။


ပုံ(၅) မှာ ဖော်ပြထားသည့် Activation Lock : ဆိုသည့်နေရာမှာ Off ဆိုပြီး ပြနေခဲ့မယ် ဆိုရင်တော့ 
မိမိ စစ်ဆေးသည့် iPhone, iPad မှာ iCloud ဝင်ထားခြင်းမရှိပါဘူး တစ် နည်းအားဖြင့်ပြောရမယ်ဆို
ရင် တော့ iCloud မကျနိုင်ဘူးပေါ့ဗျာ။


ပုံ(၆) မှာ ဖော်ပြထားသည့်အတိုင်း Activation Lock : ဆိုသည့် နေရာမှာ On ဆိုရင်
 iCloud ဝင်ထား သည့် Phone ပါ အကြောင်း အမျိုးမျိုး ကြောင့် ၎င်း iPhone, iPad ကို 
Firmware တင်တာတို့ Reset ချ တာတို့ပြုလုပ်ခဲ့မယ်ဆိုရင်တော့ iCloud ကျပါမယ် 
ကဲ ယခုဖော်ပြပေးသည့် နည်းလမ်းလေးကို အသုံးပြုပြီးတော့ iPhone, iPad တွေကို
 iCloud ရှိ မရှိ စစ် ဆေးနိုင်ကြပါစေ။



Credit : YMG (YOUTH MOBILE GROUP)

Mobile Phone သင်တန်းကျောင်း




ဇူးနစ်(နည်းပညာ) 


www.zunite.org

Post a Comment

0 Comments

Close Menu