Ad Code

Responsive Advertisement

♪ APPLE ၏ အကူအညီမလိုအပ်ဘဲ IPHONE ကို UNLOCK ပြုလုပ်နိုင်ခဲ့ကြောင်း အမေရိကန်တရားရေးရာဌာနမှ ထုတ်ပြန် ♫


အမေရိကန်တရားရေးရာဌာနသည် Apple အကူအညီမပါမဝင်ဘဲ iPhone ကို unlock ပြုလုပ်နိုင်သည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တနလာင်္နေ့က ထုတ်ပြန်သွားခဲ့သည်။ ထို့အပြင် အမေရိကန်တရားရေးဌာနအနေဖြင့် လူပေါင်းများစွာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် စုံစမ်းစစ်ဆေးမှုအတွင်း Apple ထံမှ အကူအညီရရှိရန် FBI က ဥပဒေရေးရာအရ အတင်းအကျပ် ဖိအားပေးမှုများကိုလည်း ရုတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလတွင် ကယ်လီဖိုနီးယားပြည်နယ် ဆန်ဘာနာဒီနိုမြို့ရှိ သေနတ်သမားဖြစ်သူ ဆာယစ်ရစ်ဇ်ဝမ်ဖာရွတ်သည် လူ ၁၄ ဦးကို ပစ်ခတ်ခဲ့ပြီး ၎င်းအသုံးပြုခဲ့သော iPhone အား ထိုးဖောက်ရန် Apple အကူအညီကို တောင်းခံသည့်အမှုမှာ အစိုးရနှင့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး နည်းပညာကုမ္ပဏီအကြား အဆုံးသတ်သွားခဲ့သည်။ ထိုအမှုတွင် Apple သည် အာဏာပိုင်များကို ကူညီရန် ငြင်းဆန်ခဲ့သောကြောင့် တစ်ကိုယ်ရေလွတ်လပ်ခွင့် သို့မဟုတ် လုံခြုံရေးအကြား မည်သည့်အရာက ပိုမိုအရေးကြီးကြောင်း အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။

ယခုအခါတွင် ဥပဒေဆိုင်ရာအဖွဲ့အစည်းများက iPhone ကို unlock ပြုလုပ်ခဲ့သောကြောင့် Apple ထုတ်ကုန်များအတွင်းရှိ လုံခြုံရေးစွမ်းရည်အပေါ် မေးခွန်းထုတ်လာကြသလို မရေရာမှုများ ဖြစ်ပေါ်လာကြသည်။ အသစ်ဖြစ်ပေါ်လာသော အခြေအနေများကြောင့် ထုတ်ကုန်ကို ထိုးဖောက်ခဲ့သည့် နည်းလမ်းနှင့်ပတ်သက်၍ အစိုးရနှင့် Apple အကြား ပဋိပက္ခသစ်များကို ဖြစ်ပေါ်နိုင်သည့် အလားအလာရှိသည်။ အစိုးရအနေဖြင့် iPhone ကိုထိုးဖောက်ရာတွင် အသုံးပြုခဲ့သော အဆိုပါနည်းလမ်းကို ထုတ်ပြန်ခြင်း ရှိ၊မရှိကို မသိရသေးပေ။ ကုမ္ပဏီအနေဖြင့် အစိုးက လျို့ဝှက်ထားဖွယ်ရှိသည့် iPhone ကိုထိုးဖောက်ခဲ့သည့် လုပ်ငန်းစဉ်ကို သိရှိလိုကြောင်း Apple ၏ရှေ့နေများက ပြောကြားခဲ့ဖူးသည်။

“ဥပဒေရှုထောင့်ကကြည့်ရင် ဆန်ဘာနာဒီနိုအမှုမှာ ဖြစ်ခဲ့တာတွေက တရားရင်ဆိုင်မှုတွေ ပြီးသွားပြီလို့ မဆိုနိုင်ပါဘူး” American Civil Liberties Union မှ ရှေ့နေဖြစ်သူ အီရှာဘန်ဒါရီက ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် iPhone ကိုထိုးဖောက်သည့် လုပ်ငန်းစဉ်ကို အသုံးပြုရာတွင် တွေ့ရှိသည့် အားနည်းချက်နှင့်ပတ်သက်၍ သတင်းအချက်အလက် ထုတ်ပြန်ပေးလျှင် Apple အနေဖြင့်အားနည်းချက်များကို ပြင်ဆင်နိုင်မည် ဖြစ်သည်။

“သူတို့အနေနဲ့ Apple ကို သတင်းအချက်အလက်ပေးဖို့ ကျွန်မမျှော်လင့်ပါတယ်။ ဒါမှပဲ ကုမ္ပဏီက ဘယ်အားနည်းချက်ကိုမဆို ပြင်ဆင်နိုင်မှာပါ။ ဒါပေမဲ့ အစိုးရက အဲဒီ tool ကို လုံခြုံရေးအဆင့် သတ်မှတ်လိုက်မယ်ဆိုရင် မပြုလုပ်ဖို့ အဆိုပြုပါတယ်” ဟု အီရှာဘန်ဒါရီက ပြောကြားခဲ့သည်။

တနင်္လာနေ့က တရားရုံးသို့ တင်သွင်းခဲ့သည့် စာပိုဒ်နှစ်ပိုဒ်ပါ စာတွဲတွင် “ယခုအခါ ဖာရွတ်၏ iPhone အတွင်းရှိအချက်အလက်များကို အောင်မြင်စွာ ရယူနိုင်ခဲ့သောကြောင့် Apple ထံမှအကူအညီ လိုအပ်ခြင်း မရှိတော့ကြောင်း” အမေရိကန်တရားရေးဆိုင်ရာဌာနမှ ရေးသားထားသည်။

FBI စုံစမ်းစစ်ဆေးသူများသည် ဖုန်း၏အကြောင်းအရာများကို စစ်ဆေးလေ့လာနေသော်လည်း အသေးစိတ် ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

Ref: NYTimes

Credit to ==> Internet Journal

Post a Comment

0 Comments

Close Menu