မြ၀တီမြို့ ချစ်ကြည်ရေး တံတားအောက် သောင်ရင်းမြစ်အတွင်း ရေကစားရာမှ လူသုံးဦးရေနစ်သေဆုံး
ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ မြ၀တီမြို့၊ အမှတ်(၁)ချစ်ကြည်ရေး တံတားအောက်၊ နှစ်နိုင်ငံသောင်ရင်း မြစ်ကမ်း စပ်များတွင် နှစ်စဉ်နှစ် တိုင်းရေ ကစားသူများဖြင့် စည်ကားလျက်ရှိရာဧပြီလ ၁၄ ရက်၊ ပထမသင်္ကြန် အကြတ်နေ့ကရေကစားရာမှ လူသုံးဦးရေနစ်သေဆုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မြ၀တီမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၁)ချစ်ကြည်ရေး တံတားအောက် သောင်ရင်း မြစ်ထဲ၌ ရေကစား နေကြသော မ၀ိုင်းဝိုင်းထွန်းမှာ သောင်ရင်းမြစ်ရေနက်ပိုင်းတွင် ရေနစ်နေသဖြင့် အစ်မဖြစ်သူ မစိုးစိုး(ခ)မတင်တင်ထွန်းမှ လိုက်လံဆယ်ယူရာ နှစ်ဦး စလုံးရေနစ်နေ၍ အမည်မသိအမျိုးသား မှ လိုက်လံ ၀ိုင်းဝန်း ဆယ်ယူရာ ၎င်းအမျိုးသားပါ ရေနစ်သွားကြောင်းနှင့် သောင်ရင်းမြစ်အတွင်းရေကစားသူများမှ ၀ိုင်းဝန်း ဆယ်ယူ ခဲ့ကြရာရေနစ်သူသုံးဦးစလုံးသေဆုံးနေ သည်ကိုတွေ့ရှိရ၍ မြ၀တီဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း သေဆုံးသူ မိန်းကလေးနှစ်ဦးနှင့် အတူပါလာသောအသိဖြစ်သူချောင်းဆုံမြို့နယ်၊ ဘီးလူးကျွန်း ကျေးရွာနေ သူဒေါ်လဲ့လဲ့ က ပြောပြခဲ့သည်။

သေဆုံးသူမ၀ိုင်းဝိုင်းထွန်း နှင့် မစိုးစိုး(ခ)မတင်တင်ထွန်းတို့မှာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဘီးလူး ကျွန်းကျေး ရွာမှ ဖြစ်ပြီးအဘ ဦးဝင်းခိုင်၏သမီးများဖြစ်ကာမ၀ိုင်းဝိုင်းထွန်းမှာ အသက် ၁၁ နှစ်ရှိပြီး မစိုးစိုး(ခ) မတင်တင် ထွန်းမှာ အသက် ၁၆ နှစ်ရှိပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါ ညီအစ်မ နှစ်ဦးအား ကယ်ဆယ်ပေးသူ အမျိုးသားအား အမည်၊ နှင့် နေရပ် လိပ်စာစုံစမ်းဆဲဖြစ်ကြောင်းသိရသည်။
အဆိုပါ ရေနစ်သေဆုံးမှုဖြင့် ပတ်သက်၍ မြ၀တီမြို့မရဲစခန်း ကသေမှုသေခင်း အမှတ်စဉ် (၈/၂၀၁၆) ဖြင့် ရေးဖွင့် စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ထို့အပြင် အဆိုပါ ရေနစ်သေဆုံးသည့်နေရာ အား မြ၀တီမြို့နယ် စေတနာ လူမှုကူညီရေးအသင်းမှ ၀ါးလုံးများဖြင့် ကာရံထားပြီး အန္တရာယ်ရှိနေရာအဖြစ် သတ်မှတ် ပေးခဲ့သည့်အတွက် ယနေ့ ဧပြီ ၁၅ ရက်၊ သင်္ကြန် ဒုတိယအကြတ်နေ့၌ အန္တရာယ် ကင်းစွာဖြင့်
ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်ကိုတွေ့ရသည်။
ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်ကိုတွေ့ရသည်။
credit: ထိန်လင်းအောင်(ပြန်/ဆက်) MOI
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji