Ad Code

Responsive Advertisement

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၁)


အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၁)
………………………………………………………………….
ပြီးခဲတဲ့ သင်ခန်းစာမှာတုန်းက ဖိတ်ကြားလိုက်တဲ့ ဧည့်သည်ဟာ အိမ်ကို အလည်ရောက်လာပါပြီ ဘာတွေ ပြောကြမလဲ ကြည့်လိုက်ကြရအောင်လား
.
(1) Please come in. Welcome to my house.
ကျေးဇူးပြု၍၀င်လာပါ ၊ ကျနော့်ရဲ့ အိမ်ဂေဟာကို ကြိုဆိုပါတယ်
.
(2) Thank you for inviting me. You have a nice place here.
ကျနော့်ကို ဖိတ်ကြားတဲ့အတွက်ကျေးဇူးတင်ပါတယ် ၊ ခင်ဗျားနေရာက သိပ်ကောင်းတဲ့ နေရာလေးတစ်ခုပါ
.
(3) Thank you. Make yourself at home. Would you like a drink?
ကျေးဇူးတင်ပါတယ် ၊ ကိုယ့်အိမ်လိုပဲ သဘောထားပြီးလွတ်လွတ်လပ်လပ်နေပါ ၊ တစ်ခုခုသောက်ပါလား
.
(4) May I have some water, please?
ကျေးဇူးပြု၍ ရေနည်းနည်း ပေးပါလား
.
(5) I’m so glad you could come.
ခင်ဗျားလာနိုင်ခဲ့တဲ့အတွက် ကျနော် သိပ်ဝမ်းသာပါတယ်
.
(6) Dinner’s ready. Let’s move to the dinning room.
ညစာ အဆင်သင့်ဖြစ်ပါပြီ ၊ ထမင်းစားခန်းကို သွားကြပါစို့
.
(7) Everything looks delicious.
အားလုံးက အရသာရှိမယ့်ပုံပဲ
.
(8) Help yourself, please.
ကိုယ်တိုင်ပဲ ကြိုက်သလောက် ယူစားပါနော်
.
(9) Take your time eating.
ဖြည်းဖြည်းအေးအေး အချိန်ယူပြီး သုံးဆောင်ပါ
.
(10) Try some of this.
ဒါလေး စားကြည့်ပါလား
.
(11) It looks delicious.
အရသာ ရှိမယ့်ပုံပဲ
.
(12) How does it taste?
အရသာက ဘယ်လိုပါလဲ
.
(13) Please have seconds.
ထပ်စားပါဦး ၊ နောက်တစ်ခုယူပါဦး
(ကျနော်တို့ သိခဲ့တာက ထပ်စားပါဦးဆို Have some more. ပဲ ။
Have some more rice. Could I have some more rice? စသည်ဖြင့် ပြောပါတယ် ၊ အခုဟာကတော့ ဒုတိယတစ်ခု စားပါဦး ၊ ဒုတိယအကြိမ် ထည့်ပါဦး လို့ ပြောတာ ဖြစ်နေပါတယ် ..
.
(14) Let me know if you need anything.
ခင်ဗျား တစ်ခုခုလိုအပ်လျင် ကျနော့်ကို ပြောပါ (သိပါရစေ)
.
(15) Do you mind if I look around your house?
ခင်ဗျားရဲ့ အိမ်ကို လှည့်ပတ်ကြည့်လို့ ရမလား
.
(16) I’ll take you on a tour of the house.
ကျနော်က ခင်ဗျားအတွက် အိမ်ကို လိုက်ပြပေးပါမယ်
…………………….
နောက်ရက်တွေမှာ ဘာတွေလုပ်ကြဦးမလဲ စောင့်ဖတ်ကြဦးနော်
.
မေတ္တာဖြင့် 

Credit to အင်္ဂလိပ်စာ စိတ်ဝင်စားသူများအဖွဲ့ By Sayar WinNaingOoheart emoticon

Post a Comment

0 Comments

Close Menu