Ad Code

Responsive Advertisement

ပန်းနာရင်ကြပ်အတွက် ဆေးနည်း



ပန်းနာရင်ကြပ်အတွက် ဆေးနည်း
အအေးမိ၊ တုပ်ကွေး၊ ကိုယ်ပူ၊ ချောင်းဆိုး၊ ရင်ကြပ် ချွဲသလိပ်ကပ် စတာတွေကို ခံစားနေရသည့် ဝေဒနာရှင်များအတွက် ကိုယ်တိုင်ဖော်စပ်ရန် သဘာဝဆေးနည်းကို မျှဝေပေးလိုက်ပါတယ်။
ဆေးဖော်နည်း
(၁) ကြက်သွန်ဖြူ ၅မွှာ၊ ဂျင်း ၃ တက်ကို ထောင်းထားပါ။
(၂) ရေ မတ်ခွက် ၂ ခွက်ဖြင့် ကျိုပါ။ ၁ ခွက်စာကျန်ရင် အောက်ချပြီး အအေးခံထားပါ။
(၃) အဖတ်များကို ဆယ်ထားပြီး အရည်ထဲကို ပျားရည် ၅ ဇွန်းခန့် ထည့်ပါ။
(၄) သံပုရာသီး (သို့) ရှောက်သီးတစ်လုံးကို ထက်ပိုင်းခြမ်း၍ ညစ်ထည့်ပါ။
(၅) သမအောင် မွှေပြီးလျှင် အ၀ကျယ်သော ပုလင်းထဲကို ထည့်ကာ အဖုံးလုံအောင် ပိတ်ထားပါ။
ဆေးသောက်ရန်-
၎င်းဆေးပုလင်းကို ရေခဲသေတ္တာထဲသော်၎င်း၊ အပြင်မှာသော်၎င်း ထား၍ မနက်၊ နေ့၊ ည တစ်ဇွန်းစီ တစ်နေ့ ၃ ကြိမ် ရေနွေးဖြင့် သောက်သုံးပါ။
နွေမိုးဆောင်း ဘယ်ရာသီ ဘယ်အချိန်မဆို သောက်သုံးနိုင်ပါတယ်။ အအေးမိ၊ တုပ်ကွေး၊ ကိုယ်ပူ၊ ချောင်းဆိုး၊ ရင်ကျပ် ချွဲသလိပ်ကပ်များ သက်သာပျောက်ကင်းရုံမက ကျန်းမာစေ၍ ခွန်အားကိုလည်း တိုးပွါးစေပါမယ်။ နှလုံးသွေးကြောကျဉ်းခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
လူသားတိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် အသက်ရှည်နိုင်ကြပါစေ။
စောနွဲ့နေဆိုင် (ပူတာအို)
ကျမ်းကိုး - Living Healthy, Loving Life!

Post a Comment

0 Comments

Close Menu