Ad Code

Responsive Advertisement

ပုသိမ်မြို့ရှိရေအလှူကားတိုက်ခိုက်ခံရမှုအပေါ် တရားခံများအား ပုသိမ်မြို့မရဲစခန်း မှပြန်လည်ဖမ်းဆီး



ပုသိမ်မြို့ရှိရေအလှူကားတိုက်ခိုက်ခံရမှုအပေါ် တရားခံများအား ပုသိမ်မြို့မရဲစခန်း မှပြန်လည်ဖမ်းဆီး
==================================
၁၃.၄.၂၀၁၆ ပုသိမ်ငွေဆောင်လမ်းသဲဖြူ ရွာအနီးတွင်ရေအလှူ သွားသောကားအားမင်းမဲ့စရိုက်ဆန်ဆန် ကြို တင်ကြံစည်၍အုပ်စုဖွဲ့ကာ ကားအားဖျက်ဆီးပြီးကားပေါ်ပါသူများအားကိုယ်အင်္ဂါချို့ယွင်းအောင်ရက်ရက်စက်စက်ရိုက်နှက်ခဲ့သောအထပ်သားကုန်းနှင့်ကြီးဘကုန်းရွာသားလူရမ်းကား၁၄ဦးကိုသက်သေများစစ်ဆေးချက်အရယခင်စွဲဆိုထားသော(အာမခံပေး၍ရသည့်)ပုဒ်မ၃၂၅ .၄၂၇. ၂၉၄ တို့မှပုဒ်မ ၃၂၆ .၄၂၇ .၂၉၄ . ၁၁၄ တို့ ဖြင့်ပြောင်းလဲပြီး အာမခံရုတ်သိမ်း၍
၁၆.၄.၂၀၁၆ မှ၂၉.၄.၂၀၁၆ အထိယမန်ယူကာ ပုသိမ်မြို့မရဲစခန်းမှ (၁၆.၄.၂၀၁၆ / ည ၁၀း၃၀) အချိန်တွင်ပြန်လည်ဖမ်းဆီးခဲ့သည်။

ယခုကဲ့သို့ဥပဒေဘောင်အတွင်း မှအရေးယူဆောင်ရွက်ပေးခဲ့မှုကိုကျေနပ်အားရမိပါသဖြင့် ရပ်ဆိုင်းထားသောရေလှူ ဒါန်းမှုအားယခုညတွင်းချင်းပင်ပြန်လည်စတင်ပါတော့မည်ဖြစ်ကြောင်း နှင့်
ပုသိမ်မြို့မရဲစခန်းမှရဲအုပ်ဇော်မင်းထွန်းအားရေငတ်နေသူများ၏ကိုယ်စားအထူးပင်ကျေးဇူးတင်ရှိပါကြောင်းဂုဏ်ပြုပါကြောင်း ရေအလှူပေးနေသည့် မနောဖြူလူမှုကူညီရေးအဖွဲ့ ပုသိမ်မြို့ ၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

Photo credit . မနောဖြူ






Credit to Shein Zin Phyo 

Post a Comment

0 Comments

Close Menu