Ad Code

Responsive Advertisement

ခွင့်ပြုချက်မဲ့အထပ်တိုးမှု တော်ဝင်နှင်းဆီဆေးရုံ ကျပ်သန်းတစ်ထောင် ဒဏ်ကြေးဆောင်ရမည်

တော်ဝင်နှင်းဆီဆေးရုံအဆောက်အအုံပြင်ဆင်မှုပြုလုပ်ခဲ့စဉ်က (ဓာတ်ပုံ-မောင်တာ)
မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်ရှိ တော်ဝင်နှင်းဆီ ဆေးရုံသည် စည်ပင်သာယာ၏ ခွင့်ပြုချက်မရှိဘဲ အထပ်မြင့်နှစ် ထပ်တိုးကာ ဆောက်လုပ်ခဲ့၍ ဒဏ်ကြေးကျပ်သန်းတစ်ထောင်ပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တော်ဝင်နှင်းဆီဆေးရုံအ ဆောက်အအုံသည် စာချုပ်ပါအ တိုင်း သဇင်ပလာဇာအဖြစ်လုပ် ကိုင်ခြင်းမရှိဘဲ ဆေးရုံဖွင့်လှစ်ခဲ့ ခြင်း၊ စည်ပင်သာယာ၏ ခွင့်ပြု ချက်မရှိဘဲ အထပ်မြင့်ဆောက် လုပ်ခဲ့ခြင်းနှင့် တတိယထပ်တွင် တရုတ်နိုင်ငံသားများတရားမ၀င် ဆေးကုသခြင်းများပြုလုပ်ခဲ့၍ စာ ချုပ်ပါစည်းကမ်းချက်များဖောက်ဖျက်မှုဖြင့် ၂၀၁၅ နှစ်ဆန်းပိုင်း၌ စည်ပင်သာယာက သိမ်းယူထားသည်။
‘‘ရင်းနှီးမြှုပ်နှံမှုကော်မရှင် က ပြန်အပ်ဖို့ မြို့တော်ဝန်ဆီကို အကြောင်းကြားတယ်။ ခွင့်ပြု ချက်မရှိဘဲ အပေါ်ထပ်နှစ်ထပ် ဆောက်တဲ့အတွက် စည်ပင်ကို ဒဏ်ကြေးပေးရမယ်။ ပလာဇာက နေ ဆေးရုံဖွင့်ချင်ရင် MICမှာ ထပ် လျှောက်ရမှာဖြစ်တယ်’’ဟု စည် ပင်သာယာရေးကော်မတီတွဲဖက်အတွင်းရေးမှူးက ပြောသည်။
ဒဏ်ကြေးပေးဆောင်လို ခြင်းမရှိပါက ဆောက်လုပ်ထား သည့် အထပ်မြင့်နှစ်ထပ်ကို ဖျက် သိမ်းပြီး ဆေးရုံဖွင့်လှစ်မှုကို ပိတ် သိမ်း၍ စာချုပ်ပါအတိုင်းသဇင် ပလာဇာသာ ဖွင့်လှစ်ရမည်ဟု စည်ပင်သာယာရေးကော်မတီကဆိုသည်။
တော်ဝင်နှင်းဆီဆေးရုံတတိ ယအလွှာတွင် တရုတ်နိုင်ငံသားများဦးဆောင်၍ အမျိုးသား၊ အမျိုးသမီးရောဂါများကို တရားမ၀င်ကုသပေးခဲ့သဖြင့် တရုတ်နိုင်ငံသားများ၊ ဂရိတ်ဝေါဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန်တို့ကို ၂၀၁၅ ဇန်န၀ါရီ၌ တရားစွဲဆိုခဲ့သည်။
တရားရုံးသို့ အမှုမစွဲတင်မီ တရုတ်နိုင်ငံသားများထွက်ပြေး သွားခဲ့ပြီးဆေးရုံပိုင်ရှင် ဒေါ်နန်းလှစိန်သည် ဆေးရုံတတိယအလွှာ၌ တရားမ၀င်ဆေးခန်းဖွင့်လှစ်ရာတွင် ညစ်ညမ်းစာစောင်များ၊ ညစ်ညမ်းရုပ်ပုံများဖြန့်ချိခြင်း၊ ဝေငှခြင်းများပြုလုပ်ရာ၌ အားပေးကူညီခဲ့မှုဖြင့် အမှုရင်ဆိုင်နေရသော် လည်း တရားရုံးသို့ တစ်ကြိမ်သာလာရောက်ခဲ့သည်။

Post a Comment

0 Comments

Close Menu