Ad Code

Responsive Advertisement

အိပ်မပျော်သူများ စားသင့်သည့်အစားအစာများ



အိပ်မပျော်သူများ စားသင့်သည့်အစားအစာများ

အိပ်မပျော်သူများဟာ မက်ဂနီစီယမ်ဓါတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ အိပ်မပျော်တဲ့ရက်ပေါင်း များလာရင် စိတ်ဖိစီးမှုဖြစ်လွယ်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်းနှင့် ဦးနှောက်မှတ်ညာဏ် လျှော့ပါးခြင်းတို့ကို ဖြစ်ပွါးစေနိုင်ပါတယ်။

ထို့ကြောင့် ကောင်းစွာအိပ်ပျော်စေရန် အောက်ပါ အစားအစာတို့ကို စားသုံးပေးနိုင်ပါတယ်။

(၁) နွားနို့ ၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ငါး၊ ငါးကြီးဆီ စသည်တို့မှာ ဗီတာမင် D ကြွယ်ဝသည့်အတွက် ၄င်းတို့ကို စားပေးပါက နှစ်ချိုက်စွာ အိပ်ပျော်စေပါတယ်။

(၂) ငှက်ပျောသီး၊ အာလူး၊ ပဲအမျိုးမျိုးတို့ကို စားပေးပါ။ ၄င်းတို့မှာ Potassium (ပိုတက်စီယမ်) ဓါတ်ပြည့်ဝသည့်အတွက် ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

(၃) အစိမ်းရင့်ရောင်ပါသော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဖရုံစေ့များ၊ နှမ်းဆီများ၊ ပဲအမျိုးမျိုး စသည်တို့ကို စားပေးပါ။ ၄င်းတို့မှာ Magnesium (မက်ဂနီစီယမ်) ဓါတ် ကြွယ်ဝသည့်အတွက် ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

ဦးစောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား - Foods that help you sleep faster

စောနွဲ့ နေဆိုင် - ပူတာအို
Credit to စောနွဲ့ နေဆိုင် - ပူတာအို

Post a Comment

0 Comments

Close Menu