Ad Code

Responsive Advertisement

လက်နက်ကြီးပစ်ခတ်သံများကြောင့် လူထုအတွင်း စိုးရိမ်မှုတိုးပွား


နိရဉ္စရာ၊ ဧပြီ ၁၈

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း အစွန်အဖျားကျေးရွာ များတွင် နေထိုင်သူ ပြည်သူများ အနေဖြင့် လက်နက်ကြီး ပစ်ခတ် သံများကြားရ၍ အထူးစိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

“ တိုက်ပွဲ ဖြစ်ပွားတာက ကျွန်တော်တို့ ဒေသမှာ မဟုတ်ပါ။ ကျောက်တော်မြို့နယ် ဘက်မှာ ဖြစ်တယ်လို့ ထင်ရပါတယ်။ မနေ့က နံနက် ၁၀ နာရီကနေ ညနေ လေးနာရီ ငါးနာရီထိ လက်နက်ကြီး ပစ်ခတ်သံတွေကို အဲဒီဘက်က ကြားရပါတယ်။ အဲသလို ကြားရတဲ့ အတွက် စိုးရိမ်မှုတွေတော့ ရှိနေကြပါတယ်” ဟု ရသေ့တောင်မြို့နယ် ရေစိုးချောင်း ရွာသား တစ်ဦးက ပြောသည်။

အဆိုပါ ဒေသတွင် တိုက်ပွဲများ ဖြစ်ခြင်း မရှိသော်လည်း တပ်မတော် စစ်ကြောင်းများတက်နေသဖြင့် အများစုပြည်သူများမှာ စိုးရိမ်ပြီး အပြင်သို့ မထွက်ရဲကြဘဲ ဖြစ်နေကြသည်ဟုလည်း သိရသည်။

“ တပ်မတော် စစ်ကြောင်းတွေတော့ တက်နေပါတယ်။ မနေ့ကလည်း တက်သွားပါတယ်။လူထုတွေကိုတော့ မေးမြန်းတာတွေ၊ ပေါ်တာဆွဲတာတွေတော့ မရှိပါဘူး။ ဒါပေမယ့် လူတွေကတော့ ကြောက်ပြီး စစ်ကြောင်းတွေလာရင် ရှောင်နေကြပါတယ်” ဟု အဆိုပါ ရွာသားက ပြောသည်။

တချို့ကျေးရွာများတွင် တောတောင်ကို မှီပြီ လုပ်ကိုင် စားသောက်နေသူများမှာ ရွာပြင်ကို မထွက်ရဲသဖြင့် အလုပ်အကိုင်ပျက်ကာ အခက်အခဲများလည်း ရှိနေကြသည်ဟု သိရသည်။

မြန်မာ့ အစိုးရ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အကြား ဧပြီလ ၁၆ ရက်နေ့က စပြီး ကျောက်တော်မြို့နယ်- ပုဏ္ဍားကျွန်းမြို့နယ် အကြား နယ်မြေများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဧပြီလ ၁၇ ရက် (နှစ်ဆန်း တစ်ရက်နေ့တွင်) လက်နက်ကြီး ပစ်ခတ်သံများ တစ်နေ့လုံး အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်ဟု သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews/
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu