ရုရှားနိုင်ငံထုတ် Sukhoi SU-24 စစ်လေယာဉ် အမျိုးအစား (Credit: AFP) |
ရုရှားရဲ့ လုပ်ရပ်တွေထဲမှာ ဒီတချီကတော့ ရန်အစဆုံး လုပ်ရပ်ပဲ ဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။
အမေရိကန် စစ်သင်္ဘောက နိုင်ငံတကာ ရေပိုင်နက်ထဲ ဖြတ်မောင်းနေတုန်း ရုရှားဘက်က ရန်စလာတာ ဖြစ်ပြီး ဒီလုပ်ရပ်အပေါ် စိုးရိမ်မကင်းမှု ဖြစ်ရတယ်လို့ အမေရိကန် အိမ်ဖြူတော်က ပြောဆိုလိုက်ပါတယ်။
အမေရိကန် ကာကွယ်ရေးတပ်က ထုတ်ပြန်တဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေအရ ရုရှားနိုင်ငံက Sukhoi SU-24 စစ်လေယာဉ်နှစ်စင်းက အမေရိကန်နိုင်ငံပိုင် ဒုံးကျည်ဖြိုခွင်းရေး စစ်သင်္ဘောနားကို ဖြတ်မောင်းသွားတာကို တွေ့ရပြီး ဒီလုပ်ရပ်ဟာ လုံခြုံရေးကို ထိပါးနိုင်သလို ပရော်ဖက်ရှင်နာတွေရဲ့ လုပ်ရပ် မဟုတ်ဘူးလို့လည်း အမေရိကန်က ပြောလိုက်ပါတယ်။
ရုရှားရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ရေပိုင်နက်နဲ့ ဝေဟင်မှာ သွားလာရမယ့် အကွာအဝေးကို လစ်လျူရှုနေတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။
အဲဒီလုပ်ရပ်ကြောင့် မလိုအပ်ပဲ အမေရိကန်နဲ့ ရုရှားနိုင်ငံအကြား တင်းမာမှုတွေ ဖြစ်စေပြီး တခါတလေ မတော်တဆမှုတွေတောင် ဖြစ်သွားစေနိုင်တယ်လို့ ဝေဖန်လိုက်ပါတယ်။
အဲဒီလေယာဉ်တွေဟာ နီးကပ်စွာ ဖြတ်သန်းလွန်းလို့ ရေပြင်မှာတောင် လှုပ်ခတ်မှုတွေ ဖြစ်ရသလို အဲဒီမတိုင်ခင် တစ်ရက် အလိုမှာလည်း အလားတူ လုပ်ရပ်မျိုး လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်တခါ ရုရှားပိုင် KA-27 Helix ရဟတ်ယာဉ် တစ်စင်းဟာလည်း USS Donald Cook အနားကို ၇ ကြိမ်တောင် ဖြတ်မောင်းသွားတာမျိုး လုပ်ခဲ့တယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။
အမေရိကန်ဘက်က ရေဒီယိုနဲ့ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ရုရှားဖက်က အဆက်အသွယ် ပြန်မလုပ်ဘူးလို့လည်း ပြောပါတယ်။
ပင်လယ်ပြင်မှာ အမေရိကန်နဲ့ ရုရှားတို့ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားဖို့ ၁၉၇၂ ခုနှစ်ကတည်းက သဘောတူ လက်မှတ်ရေးထိုးကြပေမယ့် စစ်အေးကာလ တင်းမာမှုတွေက ပြန်လည်ရောက်ရှိနေပြီလား ဆိုပြီး သုံးသပ်နေကြပါတယ်။
ဥရောပ အရှေ့ပိုင်း ပင်လယ်ပြင်မှာ နေတိုးက နေရာယူမှုတွေ ပိုလုပ်မယ်လို့ ကြေညာပြီး မကြာခင်မှာပဲ အခုလို ဖြစ်ပေါ်တာလည်း ဖြစ်ပါတယ်။
Boltic ဒေသက နိုင်ငံတွေက ရုရှားနိုင်ငံရဲ့ ရန်စမှုကို စိုးရိမ်လို့ နေတိုးအနေနဲ့ အမြဲတမ်း လာရောက် အခြေချဖို့ တောင်းဆိုရာက နေတိုးက အင်အားတိုးချဲ့နေတာ ဖြစ်ပါတယ်။
ရုရှားကတော့ Baltic ဒေသနိုင်ငံတွေကို တိုက်ခိုက်ဖို့ စိတ်မကူးဘူးလို့ တုန့်ပြန်ထားပါတယ်။
By North America correspondent Michael Vincent, wires
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji