Ad Code

Responsive Advertisement

ဒူးနာအတွက် အိမ်တွင်းကုထုံး



ဒူးနာအတွက် အိမ်တွင်းကုထုံး
အားကစားတစ်ခုခုကြောင့်ဖြစ်စေ၊ အလေးအပင်မ၍ဖြစ်စေ၊ အခန့်မသင့်ချော်လဲ၍ဖြစ်စေ ဒူးနာနေပြီဆိုလျှင် ဆေးရုံဆေးခန်းသွားဖို့ အဆင်မပြေသူများအတွက် ကိုယ်တိုင်စမ်းသပ်၍ တကယ်ပျောက်ကင်းခဲ့သည့် သဘာဝဆေးနည်းကို မိတ်ဆွေများအတွက်
မျှဝေပေးလိုက်ပါတယ်။
(၁) သံပုရာသီးတစ်လုံးကို ထက်ခြမ်းပိုင်းဖြတ်ပါ။
(၂) ၄င်းသံပုရာခြမ်း၂ ခြမ်းဖြင့် နာနေသည့် ဒူးခေါင်းပေါ်ကို အရည်များကုန်သွားသည့်အထိ ဖြေးညင်းစွာ ပွတ်တိုက်ပေးပါ။
(၃) ပြီးလျှင် ဆရာခို-အနာလိမ်းဆေး သို့မဟုတ် ဒဏ်ကြေဆေးအပူ တစ်မျိုးမျိုးကို ပါးပါးလိမ်း၍ အ၀တ်ပါးပါး သို့မဟုတ် ပတ်တီးဖြင့် ၁၅ မိနစ်ခန့် ခပ်ဖော့ဖော့လေး စီးပေးထားပါ။ ဆေးငွေ့များ ချက်ချင်း မပယ်ပျောက်အောင် အုပ်ပေးထားရုံလေးပါပဲ။
၎င်းနည်းကို တစ်နေ့ကို မနက်၊ ည (၂)ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။ ၅ ရက် သို့မဟုတ် ၁ ပတ်ခန့်ဆိုလျှင် နာနေသည့်ဒူးသည် အံ့သြစရာကောင်းအောင် ပျောက်ကင်းသက်သာသွားပါမယ်။
ငွေကုန်သက်သာပြီး တကယ်ထိရောက်ပျောက်ကင်းစေမည့် အိမ်တွင်းကုထုံးလေးကို ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်တို့နှင့် အလှမ်းဝေးသောသူများအတွက် ကုသိုလ်ပြု Share ပေးနိုင်ကြပါတယ်။
စောနွဲ့နေဆိုင်(ပူတာအို)
ကိုးကား - နက္ခတ္တရောင်ခြည်၊ ပိတောက်ပန်း

Post a Comment

0 Comments

Close Menu