Ad Code

Responsive Advertisement

အဘိုးအဘွားတွေကို တောင်းရမ်းခိုင်းပြီး ခိုင်းစားနေတဲ့ နောကိကွယ်က ဂိုဏ်းတခုကို ကျနောတို့်ဖော်ထုတ်ခဲ့ပြီ









အဘိုးအဘွားတွေကို တောင်းရမ်းခိုင်းပြီး
ခိုင်းစားနေတဲ့ နောကိကွယ်က ဂိုဏ်းတခုကို
ကျနောတို့်ဖော်ထုတ်ခဲ့ပြီ
=====================
9.4.2016 ည ၈နာရီခန့် တွင် ကျနော်တို့ Myanmar Helperအဖွဲ့လှည်းတန်း
သို့အလုပ်ကိစ္စတခုကြောင့် သွားခဲ့ပါတယ်။
လှည်းတန်းစင်တာအနီးးသို့ရောက်ရှိသောအခါ
အဘွားအိုတဦး တောင်းရမ်းနေတာကို
ကျနော်တွေ့လိုက်ပါတယ်။ပထမတော့
ကျနော် အလှူငွေထည့်ဖိုရည်ရွယ်ချက်နဲ့
အဘွားအနားကိုသွားလိုက်ပါတယ်။
အနားကိုရောက်ရှိသွားတဲ့အချိန်မှာ
အဘွားးမျက်လုံးးမမြင်ရဘူးဆိုတာကျနော်
သိသွားပါတယ်။

ကျနော်စဉ်းစားးတယ်။အဘွားးကမျက်လုံးမမြင်ပဲ
ဒီနေရာကိုဘယ်လိုရောက်ရှိလာတာလဲ။
အဘွားးလမ်းလျောက်နိင်လားမေးတော့
ကားးတိုက်ခံပြီးကတည်း လမ်းမလျောက်နိုင်
တော့ကြောင်းပြောပြပါတယ်။
ကျနော်သိလိုက်ပါပြီ။နောက်ကွယ်က ခိုင်းစေ
နေတဲ့တစုံတဦးရှိနေပြီဆိုတာကို ကျနော်
ခန့်မှန်းးမိပါပြီ။ထို့နောက်

ကျနော် အဘွားကိုမြင်နိုင်မယ့်ခပ်လှမ်းလှမ်း
နေရာတခုမှာရပ်နေပြီး အဘွားအိုကိုကျနော်
စောင့်ကြည့်နေခဲ့ပါတယ်။တနာရီခွဲခန့်ကြာ
သောအခါ အဘွားအိုကို ကလေးချီထားသော
မိန်းမယောက်လာခေါ်ပါတယ်။ သူခေါ်မသွားခင်
ကျနော်သူတို့အနားကိုရောက်သွားပြီး
အောက်ပါ မေးခွန်းများကို စတင်မေးပါတယ်။

ခင်ဗျားကဘယ်ကလဲ????
(အုတိကျင်းးမှာနေထိုင်တယ်လို့အဆိုပါအမျိုး
သမီးကဖြေပါတယ်)

အဘွားနဲ့ဘယ်လိုတော်တာလဲ??
(မြေးတော်ပါတယ်လို့ဖြေပါတယ်)

ခင်ဗျား ဗျာ မျက်လုံးမမြင်ရတဲ့အဘွားကို
ဘာလို့ဒီလိုတောင်းစားခိုင်းတာလဲ???
(အကြွေးတွေဆပ်စရာရှိနေလို့တောင်းခိုင်းတာပါ)

ဒါဆိုခင်ဗျားထွက်တောင်းးလေ ခင်ဗျားကမျက်စိ
မြင်ရတယ် အဘွားကဘာမှမမြင်ရဘူးး

အဲ့ဒီအချိန်မှာ အဆိုပါမိန်းမက ကျနော့်ကို
ကတိကတ်လန်အောင်ရန်တွေ့ပါတယ်။
(အမှန်က ဖြဲခြောက်တာပါ ကျနော်များနောက်ဆုတ်သွားမလားးဆိုပြီး)

ကျနော်လဲလူတွေဝိုင်းအုံနေတဲ့ကြားထဲ
ထိုမိန်းမကိုခပ်တင်းတင်းပြန်ပြောပါတယ်။
ပြီးတော့ အဘွားးကိုမေးးလိုက်တယ်
အဘွားကျနော်နဲ့လိုက်မလားး??လို့
အဘွားးကခေါင်းညိတ်ပြပါတယ်။
အဘွားကိုကျနော်တို့ဘိုးဘွားရိပ်သာပို့ပေးမယ်
အဘွားလိုက်မယ်မလားးလို့ထပ်မေးပါတယ်။
အဘွားးက လူလေးရယ် အဘွားလိုက်ချင်ပါတယ် ဒါမယ့်အဘွားရိပ်သာ
ရောက်သွားးရင် ခဏခဏတော့လာကြည့်ပေးပါ
လို့ပြောပါတယ်။
ဟုတ်ပြီ အဘွားး ကျနော်တို့တာဝန်ယူမယ်
ဆိုပြီးတော့ ကျနော်အဘွားးကိုခေါ်ဆောင်ဖို့
လုပ်ပါတယ်။

ထိုအချိန်မှာ အဆိုပါကလေးချီထားတဲ့မိန်းမက
အဘွားးကိုအခေါ်မခံပါဘူး။သူတို့ဒီတခေါက်ပဲ
တောင်းးခိုင်းးတာဖြစ်ကြောင်းနောက်တခါ
မတောင်းခိုင်းတော့ဘူးဟု ပြောလာပါတယ်။
ကျနော်မယုံပါ။ ထို့ကြောင့်
ကျနော်တို့ရဲစခန်းးကိုသွားးပါတယ်။
ရဲအရာရှိကို ကျနော်ဖြစ်ကြောင်းကုန်စင် အကုန်
ပြောပြပါတယ်။

ရဲအရာရှိမှမေးမြန်းစရာရှိသည်များးကို
မေးမြန်းပြီး။အဘွားးဘယ်သူနဲ့လိုက်မလဲ??
ဟု နောက်ဆုံးးမေးခွန်းးမေးလိုက်ပါတယ်။

အဘွားး၃မိနစ်လောက်ငြိမ်ပြီးးကျနော့်အသံလာ
ရာဘက်ကိုတလှည့်
့် အဆိုပါအမျိုးသမီးကိုတလှည့်
နားထောင်ပါတယ်။ထို့နောက် လူလေးးနဲ့
လိုက်မယ်ဟုဖြေလိုက်ပါတော့တယ်။
ကျနော်တော်တော်လေးးကိုပျော်သွားးခဲ့တယိ။

ထို့နောက်ရဲစခန်းးမှအဆိုပါအမျိုးသမီးကို
ဆကိလက်မေးးမြန်းနေစဉ်မှာပဲ။
ကျနော်တို့ကားပေါ်ကိုအဘွားကိုတင်ပြီး
ကျနော်တို့အိမ်ကိုပြန်ပါတယ်။ထိုစဉ်
လမ်းမှာ ကားးပေါ်မှာ အဘွားးကိုမေးလိုက်ပါတယ်။
အဘွားးရဲ့မြေးးအရင်းးဟုတ်ရဲ့လားအဘွားးရယ်
ဟုမေးးလိုက်ပါတယ်။
အဘွားးက ပြန်ဖြေပါတယ်။
အဘွားးမှအိမိထောင်လဲမရှိပါဘူး။သားသမီးလဲ
မရှိပါဘူးးး။တကောင်ကြွက်ပါ။
ပခုက္ကူမှာမီးးလောင်လို့ ရန်ကုန်ကိုတယောက်
ထဲထွက်လာတာပါတဲ့။
ရနိကုန်ရောက်တော့မှ အဆိုပါဂိုဏ်ရဲ့ခိုင်းစေ
ခြင်းးကိုခံရပြီးးလမ်းးဘေးးမှာတောင်းရမ်း
နေရပါတော့တယ်ဟုဖြေပါတယ်။

အဘွားးအဲ့စကားတွေကိုဘာလို့ခုနကရဲစခန်း
မှာမပြောတာလဲဟုမေးးသောအခါ
လူလေးရယ် အဘွားးသူတို့ကိုကြောက်တယ်
အဘွားးကိုခေါင်းလဲရိုက်တယ်။လိမ်လဲဆွဲတယ်
့ခြေထောက်နဲ့လဲကန်တယ်လို့ပြောပါတယ်။

ကျနော်ချက်ချင်းးရဲစခန်းးကိုဖုန်းဆက်ပြီး
အဆိုပါအမျိုးးသမီးးရှိသေးလားးးဟုမေးပါတယ်။
ရဲအရာရှိမှ ရှိသေးကြောင်းပြန်ဖြေပါတယ်။
ကျနော်လဲအဘွားးပြောတာတွေအကုန်
ပြန်ပြောလိုက်ပါတယ်။
ရဲအရာရှိဘက်မှလဲ ဥပဒေအရဆက်လက်
စုံစမ်းပြီးလုပ်စရာရှိတာတွေလုပ်ဆောင်မည်
ဟုသိရပါတယ်။

ပြီးခဲ့တဲ့ညကတော့အဘွားးကျနော့်အိမ်မှာ
အိပ်ပါတယ်။ခုမနက်ဟင်္သတမြို့မှ မသင်းရွှေစင်လှိုင်(ခိုလှူံရာပရဟိတ) က
တာဝန်ယူပြီးး လှည်းကူးမှ သဘာဝတရားရိပ်သာ
သို့ပို့ဆောင်ပေးပါမည်။ဘာပဲပြောပြောအဘွား
ကတော့ အဆင်ပြေသွားတာပေါ့ဗျာ။

ကျနော်တို့ပတ်ဝန်းကျင်မှာ အဆိုပါအဘွားကဲ့သို့
တောင်းရမ်းးနေရတဲ့အဘွားအိုတွေအများကြီးပါ
အားးလုံးးဝိုင်းဝန်းစောင့်ရှောက်ကြပါခင်ဗျာ
ကျနော်တောင်းးဆိုတာပါ။မိမိအစအဆုံးတာဝန်
မယုနိုင်ရင်တောင်မှ ပရဟိတအဖွဲ့တခုခုထံ
ဖုန်းဆကိပြီးအကူညီတောင်းးပေးလိုက်ပါ။
လမ်းပေါ်က အသက်တွေက်ုကယ်တင်ပေးကြပါ။
လို့ တောင်းးဆိုပါရစေ။

Myanmar Helper
09423665966

အင်တာနက်စာမျက်နှာမှကူယူးဖော်ပြသည် ကနောင်သားလေး

Post a Comment

0 Comments

Close Menu