Ad Code

Responsive Advertisement

အသည်းကင်ဆာမဖြစ်အောင်



အသည်းကင်ဆာမဖြစ်အောင်
မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးကင်ဆာသည် အသည်းနှင့်ပတ်သက်သော ကင်ဆာများဖြစ်ကြောင်း သိရသည်။ အသည်းကင်ဆာသည် အမျိုးသမီးများထက် အမျိုးသားများက ပိုဖြစ်လွယ်သည်။
ထို့ကြောင့် အသည်းကင်ဆာ မဖြစ်စေရန်အတွက် ဆောင်ရန်၊
ရှောင်ရန်များကို ကျန်းမာရေးဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါသည်။
(၁) အသည်းယောင်အသားဝါရောဂါ ဘီပိုး၊ စီပိုးတို့ကြောင့် အသည်းကြီးခြင်း၊ အသည်းယောာင်ခြင်းတို့ ဖြစ်သည်။ ဘီပိုး၊ စီပိုးကာကွယ်ဆေးများ ထိုးထားသင့်ပါသည်။
(၂) အသည်းကင်ဆာမဖြစ်စေရန် ကင်ဆာဖြစ်စေနိုင်သော အစားအသောက်များကို ရှောင်ကြဉ်ပါ။
(၃) ကင်ဆာဖြစ်စေနိုင်သော အစားအသောက်များသည် တာရှည်ခံအောင် လုပ်ထားသော ၀က်အူချောင်း၊ အသားချဉ်၊ မှိုတက်နေသော ငရုတ်သီးမှုန့်၊ တူးနေသော အသားကင်များ၊ မသန့်ရှင်းသော ငပိရည်များ၊ မှိုတက်နေသော ကွမ်းသီးနှင့် ကွမ်းယာများ၊ အသုပ်ဆိုင်နှင့် လက်ဖက်ရည်မှ ရက်လွန်အချဉ်ရည်များ၊ ဓါတုဗေဒများဖြင့်ပြုလုပ်ထားသော အနံ့ပြင်းသည့် ခြင်ဆေးခွေများနှင့် အမွေးတိုင်များ၊ မပူဒဏ်ခံနိုင်အောင် မလုပ်ထားသော ဖော့ဘူးနှင့်ကျွတ်ကျွတ်အိတ်များ စသည်တို့ဖြစ်သည်။
(၄) အသည်းကင်ဆာဖြစ်စေသော အစားအစာများမှာ မြေပဲ၊ မြေပဲထောပတ်၊ ပြောင်းဖူး၊ ပုဇွန်ခြောက်၊ ဆန်တို့ပေါ်ရှိ မှိုပိုးမှထွက်သော အဖလာအဆိပ်၊ အရက်၊ ဆေးလိပ် စသည်တို့ဖြစ်သည်။
(၅) လတ်ဆတ်သော အသီးအနှံများကို များများစားပေးပါ။ ဥပမာ - ကင်ဆာကို ကာကွယ်ပေးနိုင်သည့် စပျစ်သီး၊ ခရမ်းချဉ်သီး စသည်တို့ကို စားပါ။
(၆) အရက်၊ ဘီယာ၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးတို့ကို ရှောင်ပါ။
(၇) လိင်ဆက်ဆံလျှင် အန္တရာယ်ကင်းစွာ ဆက်ဆံပါ။
(၈) အသည်းကိုမထိခိုက်စေရန် မလိုအပ်လျှင် မြန်မာဆေး၊ အင်္ဂလိပ်ဆေးများကို မသောက်ပါနှင့်။
(၉) အသည်းအဆီမဖုံးစေရန် အထိုင်မများစေပါနှင့် လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်လုပ်ပေးပါ။
လူသားတိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် အသက်ရှည်နိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား - အသည်းနှင့်ပတ်သက်သော Post များ

Post a Comment

0 Comments

Close Menu