Ad Code

Responsive Advertisement

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၆)


အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၆)
………………………………………………………
ဒီတစ်ကြိမ်မှာတော့ ခံစားချက်လေးတွေ ဖွင့်ဟမယ် ဖြေသိမ့်မယ် အားပေးမယ် .. စသည်ဖြင့် ဘာညာသာရကာ အတိုအထွာလေးတွေ ဖြစ်ပါတယ်
.
(1) Do you have something on your mind? You look unhappy. What’s wrong?
မင်းစိတ်ထဲမှာ တွေးနေတဲ့ တစ်စုံတစ်ရာ ရှိနေလား ၊ မင်းကိုကြည့်ရတာ မပျော်ရွှင်သလိုပဲ ၊ ဘာဖြစ်နေတာလဲ (ဘာမှားနေလဲ)
.
(2) I am feeling sad today. I broke up with my girlfriend.
ဒီနေ့ ကျနော် ၀မ်းနည်းနေတယ် ၊ ကျနော့်ကောင်မလေးနဲ့ ပြတ်သွားခဲ့ပြီလေ
.
(3) What can I do to make you feel better? What would you like to do?
မင်းခံစားချက် သက်သာအောင် ငါဘာလုပ်ပေးနိုင်မလဲ ၊ မင်းဘာလုပ်ချင်သလဲ
.
(4) I don’t feel like doing anything.
ငါ ဘာတစ်ခုမှ လုပ်ချင်တဲ့ စိတ်ဆန္ဒမရှိဘူး
.
(5) I’ve never felt this sad before. I feel like I want to cry.
အရင်က ငါဒီလိုဝမ်းနည်းမှုမျိုး မခံစားဖူးဘူး ၊ ငါငိုချင်တဲ့ဆန္ဒရှိတယ်
.
(6) I’m sorry to hear that. Don’t worry. Eerything will be fine in the end.
ကြားရတာ စိတ်မကောင်းပါဘူး ၊ စိတ်မပူပါနဲ့ ၊ နောက်ဆုံးမှာတော့ အရာရာတိုင်းက အဆင်ပြေသွားမှာပါ
.
(7) I think it was stupid of me.
ငါမိုက်မဲခဲ့တာလို့ ထင်မိတယ်
.
(8) Try not to think about it. You will feel better sooner or later.
အဲဒီအကြောင်း မတွေးဖို့ ကြိုးစားပါ ၊ အနှေးနဲ့အမြန်ဆိုသလို မင်း ခံစားရတာ သက်သာလာမှာ အသေအချာပါ
(sooner or later အနှေးနဲ့အမြန်ဆိုသလို အသေအချာ)
.
(9) I hope so.
ငါလည်း အဲလိုပဲ မျှော်လင့်ပါတယ်
.
(10) It’ll take some time. But you’ll get over this.
အချိန် တချို့တော့ကြာလိမ့်မယ် ၊ ဒါပေမယ့် ဒီဟာကို (၀မ်းနည်းမှုကို) မင်းကျော်ဖြတ်နိုင်သွားပါလိမ့်မယ်
.
(Get over (v) (၁) အခက်အခဲကို ကျော်ဖြတ်လွန်မြောက်သည် ။ (၂) အဖျားရောဂါ ၊ စိတ်ဓါတ်ကျဆင်းမှု စသည်တို့မှ ..သက်သာသည်)
……
ခံစားချက်လေးတွေ ကောင်းမွန်နိုင်ကြပါစေ
.
မေတ္တာဖြင့် 

Credit to အင်္ဂလိပ်စာ စိတ်ဝင်စားသူများအဖွဲ့ By Sayar WinNaingOoheart emoticon

heart emoticon

Post a Comment

0 Comments

Close Menu