Ad Code

Responsive Advertisement

ချစ်ခင်ရသူ ရုတ်တရက် ခွဲခွာသွားတဲ့ အခါ အသည်းကွဲမှု အမှန်တကယ် ဖြစ်နိုင်



အနီးဆုံးသူ၊ အချစ်ခင်ဆုံး သူတစ်ယောက် သေဆုံး သွားတဲ့ အခါ ၊ ဒါမှ မဟုတ် ရုတ်တရက်ကြီး ခွဲခွာသွားတဲ့ အခါ ရင်ကွဲနာ ကျသွားတယ် ၊အသည်းကွဲ သွားရတယ် ဆိုတာ တကယ် ပါတဲ့။

ချစ်သူ၊ အိမ်ထောင်ဖက် ဖြစ်သူ ဆုံးပါး သွားတဲ့ အခါ လူသားတွေရဲ့ နှလုံး ခုန်နှုန်းဟာ ပုံမှန် မဟုတ် တာတွေ ဖြစ်လာ ပါတယ်။ အထူးသဖြင့် အသက် ငယ်ရွယ်သူတွေ သို့မဟုတ် ချစ်ခင် ရသူက မမျှော်မှန်း ထားပဲ ဆုံးပါးသွားတဲ့ အခါမျိုးတွေမှာ ဖြစ်တတ် တယ်လို့ လေ့လာချက် အသစ်အရ သိရှိရပါတယ်။

“ လူနာတော်တော် များများဟာ သွေးလွှတ်ကြော ဆိုင်ရာ ပြသနာတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ဖိအားတွေ ဖြစ်တဲ့ အချိန်မှာ ပိုမို ဆိုးရွား လာကြ ပါတယ်။ 

ဒီလိုကိစ္စတွေကို ကျွန်တော်လူနာတွေဆီကနေ မကြာခဏဆိုသလို ကြားနေရတာကတော့ တကယ်ပါ ” လို့ Boston ရှိNew England Cardiac Arrhythmia Center မှ ဒါရိုက်တာ ဒေါက်တာ Mark Estes က နှလုံးခုန်နှုန်းပြဿနာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ဆက်စပ်မှုရှိကြောင်း လေ့လာချက်တွေအပေါ် ဆွေးနွေးပြောဆိုထားပါတယ်။

အသက် ၆၀ အောက် ငယ်ရွယ်တဲ့ လူတွေဟာ ချစ်သူ ခင်သူတွေ ဆုံးရှုံးတဲ့ အခါ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်း ၂ ဆခန့်် ပိုမြင့်မား လာကြောင်း လေ့လာချက် အသစ်မှာ ဖော်ပြ ထားတာ ဖြစ်ပါတယ်။

Ref : UPI 

Originally published at - http://health.thithtoolwin.com/2016/04/blog-post_9.html

Post a Comment

0 Comments

Close Menu