Ad Code

Responsive Advertisement

FBI အဖွဲ့ကို မန်းရဲတပ်ဖွဲ့ လိုက်လံရှာဖွေ ထိန်းသိမ်း

FBI အဖွဲ့ကို မန်းရဲတပ်ဖွဲ့ လိုက်လံရှာဖွေ ထိန်းသိမ်း
. . . . . . . . . . . . . . . . . . . . , . . . . . .
ဧပြီလ ၁၄ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ကျုံးဘေးလမ်းပေါ်တွင် FBI ဝတ်စုံ များဝတ်ဆင်၍ ရေပက်ခံထွက် သူများအား မဟာသင်္ကြန်ကွက်ကဲ လုံခြုံရေးအဖွဲ့ဝင် တို့ လိုက်လံရှာဖွေရာ ၆၆လမ်း၊ ၂၁×၂၂ကြားတွင်တွေ့ရှိ ရ၍ အဆိုပါ FBI ၀တ်စုံဝတ်ထားသူ ၈ဦးနှင့် ဂျစ်ကားတစ်စီးကို ရဲစခန်းသို့ခေါ် ဆောင်ခဲ့ပြီး ထိန်းသိမ်းထားခဲ့သည်။ အဆိုပါ သရုပ်ပျက်ဝတ်ဆင်သူ (၈)ဦး၏မိဘများအား နှင့် သက်သေများအားခေါ်ယူ၍ ယခုကဲ့သို့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုမျိုးမဝတ် ဆင်ရန်၊ ၄င်းတို့ဝတ်ဆင်ထားသော အဝတ်စားများ အားလဲလည်ပေးရန်၊ မြန်မာရိုးရာသင်္ကြန်နှင့်မလျော် ညီသော ဝတ်စားဆင်ယင်ခြင်းများမပြုလုပ်ရန် ၄င်းတို့၏မိဘအုပ်ထိန်းသူများအား မှာ ကြားပြီး ၄င်း တို့၏အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံလိုက်ကြောင်း အောင်မြေသာစံရဲစခန်းကသိရသည်။






Post a Comment

0 Comments

Close Menu