Ad Code

Responsive Advertisement

GMAIL လား ? EMAIL လား ?


Gmail လား ... Email လား
============

အင်တာနက် အသုံးပြုနေသူများ၊ Email အသုံးပြုနေသူ များထဲတွင် 
Email, Gmail နှင့် အဓိပ္ပါယ် နားလည်မှု လွဲနေတာလေးတွေ တော်တော်
များများ တွေ့နေရပါတယ်။ "ကျွန်တော်က Email မသုံးဘူး၊ Gmail သုံးတာ .. Gmail နဲ့ပဲပို့လိုက်ပါ" တဲ့ .... ဆို တာတွေပေါ့။


ဒါကြောင့် အင်တာနက် နှင့် ကွန်ပျူတာ နည်းပညာ များကို စတင်လေ့လာနေသူများ၊ အီးမေးလ် နှင့် အလုပ် ကိစ္စဆောင်ရွက်နေသူများ အတွက် Email နှင့် ပတ်သက်တဲ့ အ ခြေခံလေးတွေကို ဝေမျှပေး
လိုက်ပါတယ်။


Email
••••••••
Email (သို့်) E-mail ဆိုတာ Electronic Mail ကို အတို ချုံ့ထားတာပါ။ အီလက်ထ ရောနစ် စာပို့စနစ် ဖြစ်ပါတယ်. မိမိတွင် Email လိပ်စာ ရှိပါက အင်တာနက် ဆက် သွယ် မှုမှတဆင့် တခြားလက်ခံသူဘက်သို့ ဒီဂျစ်တယ် နည်းပညာဖြင့် စာပို့ခြင်း ဖြစ်ပါ တယ်။ လက်ခံသူ၌လည်း Email လိပ်စာ
ရှိရပါမယ်။


Email သည် Online ဖြစ်သဖြင့် စာများကို ချက်ချင်း ပို့လွှတ်ခြင်း၊ လက်ခံယူခြင်း များ အား လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်း၊ တစ်ချိန်တည်း အကြောင်းအရာတစ်ခုအား လက် ခံမည့်သူ အများအပြားသို့ ပေးပို့နိုင်ခြင်း၊ စာများ သာမက ရုပ်ပုံများ အခြားဖိုင်များ ကို လည်း ပူးတွဲ ပေးပို့ နိုင်ခြင်း၊ မိမိလက်ခံရမည့် စာအား အင်
တာနက် ချိတ်ဆက် ထား သည့် မည်သည့်နေရာတွင်ရှိ မည်သည့် Computer, Smart Phone, Tablet မှမဆို လက်ခံ နိုင်ခြင်း၊ ကုန်ကျစရိတ် သက်သာခြင်းများကြောင့် Email ကို ဆက်သွယ် ရေး ကိရိယာအဖြစ် တွင်ကျယ်စွာ အသုံး ပြုနေကြပါသည်။


အခမဲ့သုံးနိုင်သော Web Based Email ၀န်ဆောင်မှုများ
--------------------
>> Gmail
>> Hotmail
>> Yahoo mail
>> iCloud mail. စသဖြင့် များစွာ ရှိပါတယ်။


Gmail
---------
Google ရဲ့ Email ၀န်ဆောင်မှုတစ်ခု ဖြစ်ပြီး မြန်မာ နိုင်ငံမှာရော 
တစ်ကမ္ဘာလုံးက အင် တာနက် အသုံးပြုသူ အားလုံးနီးပါး ရင်းနှီးပြီးသား 
Email အမျိုးအစား တစ်ခု ဖြစ် ပါ တယ်။ အချက်အလက်သိုလှောင်နိုင်မှု 
ပမာဏကို 15 GB အထိ အခမဲ့ ပေးထားပါ တယ်။

အီးမေးလ်လိပ်စာ ပုံစံက...
username@gmail.com ဖြစ်ပါတယ်။


Hotmail/ Windows Live
---------------
Microsoft က ပေးတဲ့ Email ၀န်ဆောင်မှု တစ်ခုပါ။ အချက်အလက် 
သိုလှောင်နိုင်မှု - 5 GB ရှိပါတယ်။
username@hotmail.com
username@live.com


Yahoo Mail
----------------
Yahoo! ရဲ့ Email ၀န်ဆောင်မှုပါ။
1 TB (1024 GB) ရှိတဲ့ သိုလှောင်နိုင်မှု ပမာဏ များစွာ ပေးထားပါတယ်။
username@yahoo.com
usernmae@ymail.com


Gmail, Hotmail, Yahoo mail စသဖြင့် မည်သည့် Email သုံးသည်ဖြစ်စေ ၎င်းတို့အ ချင်းချင်း အပြန်အလှန် ပေးပို့လက်ခံနိုင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ Gmail ကို အသုံးအများဆုံး ဖြစ်ပါတယ်။ Gmail Account တစ်ခု ရရှိရန် မိမိကိုယ်တိုင်www.gmail.com မှ Register လုပ်နိုင်ပါသည်။


Ref: IT-Guide

Post a Comment

0 Comments

Close Menu