Ad Code

Responsive Advertisement

Lesson Learn from an Eagle....

ငှက်မျိုးစိတ်တွေထဲမှာ လင်းယုံငှက်တွေဟာ သက်တမ်း အရှည်ဆုံးဖြစ်ပြီး နှစ်ပေါင်း ၇၀ နီးပါး အသက်ရှင် နေထိုင်နိုင်တယ်လို့ ဆိုတယ်...

သူတို့ ဒီလိုသက်တမ်းရှည် နေနိုင်ဖို့အတွက် အင်မတန်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို လုပ်ရတယ်... 

လင်းယုံငှက်တွေဟာ သားကောင်တွေကို သူတို့ရဲ့ ရှည်လျားသန်မာပြီး ကွေးနိုင်ဆန့်နိုင်တဲ့ ခြေသည်းတွေနဲ့ ရုတ်တရက် ဖမ်းယူပြီး စားသောက်ကြတယ်... ဒါပေမယ့် ဒီခြေသည်းတွေဟာ သက်တမ်း ၄၀ နှစ်လောက်မှာ အလုပ်လုပ်နိုင်စွမ်း မရှိတော့ဘူး... နောက်ပြီး... သူတို့ရဲ့ ရှည်လျားချွန်ထက်တဲ့ နှုတ်သီးတွေဟာလည်း ပုံမှန်အတိုင်း မရှိတော့ပဲ ကောက်ကွေးလာတယ်... ဟောင်းနွမ်း ထူထပ်လာတဲ့ အမွေး အမျှင်တွေကြောင့် လေးလံလာတဲ့ တောင်ပံတွေဟာ သူတို့ရဲ့ရင်သားတွေနဲ့ တွယ်ကပ်လာပြီး ပျံသန်းဖို့ ခက်ခဲလာတယ်... 

ဒီလိုအချိန်မှာ သူတို့အနေနဲ့ ရွေးချယ်စရာ ၂ ခုပဲ ရှိတယ်... 'ဒီအတိုင်းနေပြီး အသက် အသေခံ မလား?...' (ဒါမှမဟုတ်) 'စွန့်စားမှုတွေ၊ စိန်ခေါ်မှုတွေ ပါဝင်တဲ့ အပြောင်းအလဲတစ်ခုကို လုပ်ပြီး အသက် ဆက်မလား?...' ဆိုတာပါပဲ...

အပြောင်းအလဲတစ်ခု ဖြစ်လာဖို့ သူတို့ ခက်ခက်ခဲခဲ လုပ်ရမယ့် လုပ်ငန်းစဉ်က အချိန်ကာလအားဖြင့် ရက်ပေါင်း ၁၅၀ (၅လ) ကြာမြင့်တယ်... 

လုပ်ငန်းစဉ်ကို စတင်တဲ့ လင်းယုံငှက်တစ်ကောင်အနေနဲ့ ဦးစွာ တောင်ထိပ်တစ်ခုပေါ်ကို ပျံသန်းပြီး အသိုက်ထဲမှာ နေရာယူတယ်... အဲဒီမှာ သူ့ရဲ့နှုတ်သီးအဟောင်း ကျွတ်ထွက် သွားတဲ့ အထိ ကျောက်ဆောင်ကို နှုတ်သီးနဲ့ အဆက်မပြတ် ထိုးဆိတ်တယ်... နှုတ်သီးအသစ် ပြန်ထွက် လာတဲ့အထိ စောင့်တယ်... ဆက်ပြီး ခြေသည်းဟောင်းတွေကို ချွတ်ပြီး အသစ်ပြန်ထွက် လာတဲ့အထိ စောင့်တယ်... နောက်ဆုံးမှာတော့ အသစ်ထွက်လာတဲ့ နှုတ်သီး၊ ခြေသည်းတွေကို သုံးပြီး ခန္ဒာကိုယ်ပေါ်က ဟောင်းနွမ်း လေးလံနေတဲ့ အမွေးအတောင်တွေကို ရှင်းထုတ်တယ်... အမွေးအတောင်တွေ အသစ်ပြန်ထွက်လာတဲ့အထိ တဖန် စောင့်တယ်.... 

လုပ်ငန်းစဉ်တွေအားလုံး ပြီးသွားချိန်မှာတော့ ဘ၀အတွက် အသစ်တဖန် မွေးဖွားလာတဲ့ ငှက်တစ်ကောင် ဖြစ်လာပြီး နောက်ထပ် နှစ်ပေါင်း ၃၀ ကြာအောင် ဆက်ပြီး အသက်ရှင် နေထိုင်နိုင် ပါတော့တယ်....

လင်းယုန်ငှက်တွေမှာ ထူးခြားချက် တစ်ခုရှိတယ်... အခြားသော ငှက်တွေဟာ မိုးရွာတဲ့အခါ မိုးမစိုအောင် အရိပ်အမိုး တခုခုအောက်မှာ အကာအကွယ် ယူကြတယ်... ဒါပေမယ့် လင်းယုန်ငှက်တွေကတော့ တိမ်တိုက်တွေ အပေါ်ကနေ မြင့်မြင့်ပျံသန်းပြီး မိုးဒဏ်ကို ရှောင်ရှားတယ်... ကြုံတွေ့ရတဲ့ ပြဿနာ တူညီပေမယ့် ဖြေရှင်းတဲ့ နည်းလမ်းခြင်း မတူညီကြဘူး... ဒါဟာ လင်းယုန်ငှက်တွေနဲ့ အခြားသော ငှက်တွေ အကြားမှာရှိတဲ့ ကွဲပြားခြားနားချက်ပါ...

"လင်းယုံငှက်တွေတောင် အပြောင်းအလဲ တစ်ခုကို လုပ်နိုင်ရင်...."


ကိုမျိုး
ref;wittycracks/google
-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook Page Twitter Google+

Post a Comment

0 Comments

Close Menu