Ad Code

Responsive Advertisement

အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး Miss Universe 2105 မော်လမြိုင်အလှမယ် အိဖြိုးသွယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံး





အမြန်လမ်းမကြီး ၉၇ မိုင်အနီးတွင် ဧပြီ ၁၁ ရက် နံနက် ၉ နာရီခန့်က မွန်ပြည်နယ်မှ ရှမ်းပြည်နယ် အင်းလေးဘက်သို့ ဘုရားဖူး အလည်အပတ် ထွက်လာသည့် ယာဉ်မောင်း မအိဖြိုးသွယ် မော်လမြိုင်မြို့နေသူ မောင်းနှင်လာသော ပရာဒိုခဲရောင်ယာဉ်မှာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၇ မိုင်၊ ၂ ဖာလုံနှင့် ၃ ဖာလုံကြားသို့ အရောက်တွင် အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းများသို့ ကျော်တက်ကာ ကတ်တုံးများအား ၀င်တိုက်မိပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသားတစ်ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ငါး ဦးအနက် ယာဉ်မောင်းဖြစ်သူ မအိဖြိုးသွယ်နှင့် အမေဖြစ်သူ ဒေါ်သန်းသန်းအေးတို့ နှစ်ဦးမှာ အခင်းဖြစ်စဉ်ကြောင့် သေဆုံးသွားခဲ့ပြီး သုံးဦးမှာ ထိဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများအား အမြန်လမ်းရဲစခန်း တာဝန်ရှိသူများမှ မြို့ချောင်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ အမျိုးသမီးနှစ်ဦးအား ကျောက်တံခါးမြို့နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မော်ဒယ် အိဖြိုးသွယ်မှာ Miss Universe 2015 မော်လမြိုင် ကိုယ်စားပြုမယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ရန်ကုန်မြို့တွင် ပြုလုပ်သည့် Miss Universe Myanmar 2015 တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးကြောင်း သိရသည်။

Writer: 
ဇော်ဝင်းချစ်(တောင်ငူ)
Local
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>>>> http://news-eleven.com/local/17652

Post a Comment

0 Comments

Close Menu