Ad Code

Responsive Advertisement

Samsung Galaxy S3 GT I9305N ဖုန်းအတွက် ဗားရှင်း Android 4.4.4 KitKat Root လုပ်နည်း


Samsung Galaxy S3 GT I9305N ဖုန်းအတွက် 
ဗားရှင်း Android 4.4.4 KitKat Root လုပ်နည်းကိုတင်ပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ ပုံမှန်အတိုင်း Auto Root ဖိုင်ဖြင့်
Odin ကနေ အလွယ်တကူ Flash ပေးပြီး Root access ကို ရယူနိုင်မှာပဲဖြစ်ပါတယ်။

ကိုယ်တိုင်စမ်းထားပြီးသားမို့ စိတ်ချလက်ချဖြင့် ပြုလုပ်စေချင်ပါတယ်
Odin ကိုတော့ Odin3.10.7 ဗားရှင်းကပိုအဆင်ပြေပါတယ်။


လိုအပ်ချက်များ
=========
ဖေါ်ပြပါ Root လုပ်နည်းသည် Samsung Galaxy S3 GT I9305N ဖုန်းအတွက်
သီးသန့်ဖြစ်ပြီးဖုန်း Android 4.4.4 KitKat ကိုသာ Root လုပ်ထားခြင်းဖြစ်ပါတယ်။


တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။

တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် 
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ 
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။






CF-Auto-Root ဖိုင်ဖြင့် Root လုပ်နည်း
========================
ဖုန်းမှာ OEM & USB Debugging mode ကို Enable ပြုလုပ်ပါ။

ဒေါင်းလို့ရလာတဲ့ Odin & Root zip ကိုဖြည်လိုက်ပါ

Odin ကိုဖွင့်လိုက်ပြီး PDA ဆိုတဲ့နေရာမှာ CF-Auto-Root ဖိုင်ကိုထည့်လိုက်ပါ။

ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်

ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ

Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 


Post a Comment

0 Comments

Close Menu