Ad Code

Responsive Advertisement

စမတ်ဖုန်းဖြင့် ထိန်းချုပ်နိုင်သော ထမင်းပေါင်းအိုးကို XIAOMI ပွဲထုတ်မိတ်ဆက်



တရုတ်အီလက်ထရွန်နစ်ကုမ္ပဏီဖြစ်သော Xiaomi သည် ဝက်ဘ်ဖြင့်ချိတ်ဆက်နိုင်သော ထမင်းပေါင်းအိုးကို မိတ်ဆက်ပေးခဲ့သည်။



MIJIA Induction Heating Pressure Rice Cooker ဟုအမည်ရသော Xiaomi ၏ စမတ်ထမင်းပေါင်းအိုးကို ဆန်အိတ်ပေါ်မှ ဘားကုဒ်ကို ဖုန်းဖြင့် scan လုပ်ကာ cloud ထံပေးပို့ပြီးနောက် sync ပြုလုပ်ခြင်းဖြင့် အသုံးပြုနိုင်သည်။ App တစ်ခုမှတစ်ဆင့် ထမင်းအပျော့အမာကို ပြောင်းလဲနိုင်ပြီး မတူညီသော အပူပေးစနစ်နည်းလမ်း ၂,၄၅၀ ကို ထောက်ပံ့ပေးထားသည်။


အဆိုပါ စမတ်ထမင်းပေါင်းအိုးကို ၉၉၉ ယွမ် (၁၅၄ ဒေါ်လာ) ဖြင့် ရောင်းချမည်ဖြစ်ပြီး ၎င်းသည် ကုန်ကျစရိတ် လေးဆပိုမိုသော စွမ်းဆောင်ရည်မြင့် ဂျပန်ထမင်းပေါင်းအိုးများနှင့် ယှဉ်ပြိုင်နိုင်မည်ဟု ကုမ္ပဏီမှ ပြောကြားသည်။





Internetjournal

Post a Comment

0 Comments

Close Menu