Ad Code

Responsive Advertisement

စကားပြောရာမှာ အသံကို ထိထိရောက်ရောက် အသုံးပြုခြင်း (Be Vocal by Guy Perring)


အလုပ်ထဲမှာ အင်္ဂလိပ်ဘာသာနဲ့ ထိထိရောက်ရောက်ဆက်သွယ်ပြောဆိုနိုင်ဖို့ အဓိကအရေးပါတဲ့ ကျွမ်းကျင်မှု တစ်ခုကတော့ စကားပြောဆိုတဲ့အခါ အသံပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာတွေ အရေးကြီးကြောင်း သိရှိနားလည်ပြီး လုပ်ငန်းခွင်မှာ အောင်မြင်မှုရရှိရေး အထောက်အကူဖြစ်ဖို့ အသံပိုင်းဆိုင်ရာ လမ်းကြောင်းကို အသုံးပြုတတ်ဖို့ ဖြစ်ပါတယ်။

မိခင်ဘာသာစကားလို့ ခေါ်တဲ့ ပထမဘာသာစကားကို စမ်းပြောတဲ့အချိန် ၂နှစ်အရွယ်လောက်မှာ စပြီး ပထမဆုံး စကားလုံးကို ပြောတာဖြစ်ပါတယ်။ စကားစမပြောခင် ၂နှစ်လုံးလုံး မိခင်ဘာသာစကားကို ကြားနေ၊ နားထောင်နေခဲ့တာ ဖြစ်ပါတယ်။ ကလေးငယ်ဘ၀မှာကတည်းက ကြားရတဲ့ စကားသံတွေရဲ့ ပုံသဏ္ဍာန်ကို ဖော်ထုတ်တတ်ပြီး နောက်ဆုံးမှာ ကိုယ်တိုင် အဲဒီအသံတွေကို ပြောတတ်လာတာ ဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့အခါ အဲဒီအသံတွေကို အလိုအလျောက် မစဉ်းစားဘဲ အချိုးတကျ ပြောနေတတ်ပြီ ဖြစ်ပါတယ်။ ဒီအသံပိုင်းဆိုင်ရာ အကြားအာရုံလမ်းကြောင်းကနေ ဆက်သွယ်ပြောဆိုလာတဲ့ စကားရဲ့ ၃၈% လက်ခံရရှိတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ၆၂%ကတော့ မျက်နှာနဲ့ ကိုယ်ဟန်အမူအရာဆိုင်ရာ အမြင် အာရုံ လမ်းကြောင်းကနေ ရရှိပါတယ်။ လုပ်ငန်းခွင်မှာ ဆက်သွယ်ပြောဆိုမှု ပိုမိုကောင်းမွန်လာဖို့ အသံပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုတွေ ထက်မြက်လာအောင် လုပ်နိုင်မလား။ လွယ်တော့ မလွယ်ပါဘူး။

အင်္ဂလိပ်ဘာသာစကားပြောဆိုရာမှာ ၀ါကျထဲမှာပါတဲ့ ဝေါဟာရတွေထဲမှာ ဘယ်ဝေါဟာရကို အလေးအနက် ပြုသလဲ ဆိုတဲ့ အချက်ဟာ အရေးပါ ပါတယ်။ အောက်ဖော်ပြပါ ၀ါကျတွေကို ကြည့်ပါ။ အသံထွက် ဆိုကြည့်ပါ။ အလေးအနက်ပြုတဲ့ ဝေါဟာရ ပြောင်းသွားတာနဲ့ အဓိပ္ပာယ်မတူတော့တာကို သတိပြုပါ။ ဖြစ်နိုင်တဲ့ အဓိပ္ပာယ်တွေကို ကွင်းခတ်ပြီး ဖော်ပြထားပါတယ်။

1.    I think you’ve done a good job. (but nobody else does)
ကျွန်တော်ကတော့ ခင်ဗျား လုပ်ထားတာ ကောင်းတယ်လို့ ထင်ပါတယ်။ (ဒါပေမယ့် အခြားဘယ်သူမှ အဲသလို မထင်ဘူး။)
2.    I think you’ve done a good job. (but I’m not sure, give me some proof)
ကျွန်တော်ကတော့ ခင်ဗျား လုပ်ထားတာ ကောင်းတယ်လို့ ထင်ပါတယ်။ (ဒါပေမယ့် သေတော့ မသေချာဘူး။ တကယ်ကောင်းကြောင်း သက်သေလေးဘာလေး ပြပါဦး။) 
3.    I think you’ve done a good job. (but not Tim)
ကျွန်တော်ကတော့ ခင်ဗျား လုပ်ထားတာ ကောင်းတယ်လို့ ထင်ပါတယ်။ (ဒါပေမယ့် တင်မ် လုပ်တာကတော့ မကောင်းရှာဘူး။) 
4.    I think you’ve done a good job. (even though your planning was lousy)
ကျွန်တော်ကတော့ ခင်ဗျား လုပ်ထားတာ ကောင်းတယ်လို့ ထင်ပါတယ်။ (ဒါပေမယ့် ဆွဲထားတဲ့ အစီအစဉ်ကတော့ သုံးစားမရဘူး။) 
5.    I think you’ve done a good job. (OK!)
ကျွန်တော်ကတော့ ခင်ဗျား လုပ်ထားတာ ကောင်းတယ်လို့ ထင်ပါတယ်။ (အိုကေပါတယ်။) 
6.    I think you’ve done a good job. (but the plan?)
ကျွန်တော်ကတော့ ခင်ဗျား လုပ်ထားတာ ကောင်းတယ်လို့ ထင်ပါတယ်။ (ဒါပေမယ့် အစီအစဉ်ကော ရှိရဲ့လား၊ ဘယ်မလဲ။) 
7.    I think you’ve done a good job. (OK?)
ကျွန်တော်ကတော့ ခင်ဗျား လုပ်ထားတာ ကောင်းတယ်လို့ ထင်ပါတယ်။ (ဟုတ်ပြီလား။) 
8.    I think you have done a good job. (could sound patronising)
ကျွန်တော်ကတော့ ခင်ဗျား လုပ်ထားတာ ကောင်းတယ်လို့ ထင်ပါတယ်။ (အထက်စီးက ပြောတဲ့ လေသံ ဖြစ်သွားနိုင်တယ်။)

စကားသံနဲ့ အကြားအာရုံး လမ်းကြောင်းကို အထိရောက်ဆုံး အသုံးပြုပြောဆိုနိုင်ဖို့အောက်ပါအတိုင်း ပြောဆိုနိုင်ပါတယ်။ 

§  အဓိက စကားလုံးတွေ အသံထွက်မှန်စေဖို့ အလေးအနက် ပြုရမယ့် အပိုင်း word stress မှန်ကန် စေရမယ်။
§  အရေးကြီးတဲ့ နာမည်၊ အချက်အလက်၊ ကိန်းဂဏန်းနဲ့ လုပ်ရပ်တွေကို နားထောင်သူ နားလည် လွယ်စေဖို့ အလေးအနက်ပြုပြီး ပြောပေးပါ။ sentence stress လို့ ခေါ်ပါတယ်။
§  နားထောင်တဲ့သူ နားလည်လွယ်စေဖို့ မနှေးမမြန် ပြောပေးပါ။ မြန်လွန်းရင် ပြောတဲ့စကား အားလုံး ခေါင်းထဲ မ၀င်ဘဲ ဖြစ်တတ်တယ်။ နှေးလွန်းရင် မထိရောက်တော့ဘဲ၊ စိတ်ဝင်စား စရာ မကောင်းတော့ဘဲ ဖြစ်တတ်တယ်။
§  အဓိပ္ပာယ်အလိုက် ဆစ်ပိုင်းပြီး အဖြတ်အတောက်မှန်မှန် ပြောပေးပါ။ နားသင့်တဲ့နေရာမှာ နားပြီး ပြောရင် နားထောင်တဲ့သူမှာ နားလည်ချိန် ရသွားတယ်။ ဘာဆက်ပြောမလဲ အာရုံစူးစိုက်စေတယ်။
§  ပြောချင်တဲ့အဓိပ္ပာယ်နဲ့ ကိုက်ညီတဲ့ အသံနိမ့်မြင့် ဖြစ်စေရမယ်။ အသံနိမ့်နိမ့် ပြောတာ ပိုင်နိုင်တဲ့ အဓိပ္ပာယ်ဖြစ်နိုင်တယ်။ ဒါပေမယ့် အသံညီပြီး လေးနက်လွန်းပြီး စိတ်အားမထက်သန်သလို ဖြစ်မသွားအောင် သတိပြုရမယ်။ အသံမြင့်ရင် စိတ်အားထက်သန်တဲ့ အဓိပ္ပာယ် ဖြစ်တယ်။ ဒါပေမယ့် မပိုင်နိုင်ဘူး၊ အလေးအနက် မရှိဘူးလို့ ထင်မြင်မသွားစေဖို့ သတိပြုရမယ်။ စကားပြောရင်း ဆီလျော်သလို ညှိနှိုင်းပြောင်းလဲ ပြောသွားတတ်ဖို့ ကျွမ်းကျင်မှုလိုတယ်။ အခြေအနေကို နားလည်ပါ၊ နားထောင်သူကို နားလည်ပါ၊ ပြီးရင် စကားသံကို လိုက်လျောညီထွေ ဖြစ်အောင် ပြောပါ။
§  စကားစုနဲ့ ၀ါကျ အဆုံးပိုင်း အသံနိမ့်မြင့် intonation ကိုလည်း ပြောတဲ့စကားကို စိတ်အားထက်သန်မှု ရှိကြောင်း၊ နားထောင်သူများနဲ့ နားလည်မှုရှိကြောင်း ပြသနိုင်ဖို့ သင့်တော်သလို ပြောင်းလဲတတ်ရပါမယ်။
§  စိတ်ဝင်စားဖွယ် ဖြစ်ဖို့ စည်းချက်ကျကျ ပြောရမယ်။ အဖိအဖော့၊ အဖြတ်အတောက်၊ အသံနိမ့်မြင့်၊ စည်းချက်ကျမှု တွေကို အသုံးပြုပြီး အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို နားထောင်သူ(တွေ) ရှင်းရှင်းလင်းလင်း နားလည်အောင် ပြောပေးပါ။



(Guy Perring Be Vocal အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ် ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]
အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

Post a Comment

0 Comments

Close Menu