Ad Code

Responsive Advertisement

မြန်မာ ၈ဦး ထိုင်း-မလေးနယ်စပ် တစ်နေရာမှာ စွန့်ပစ်ခံရ


ပြီးခဲ့တဲ့မေလ ၃ရက်နေ့ ၂၀၁၆တွင် ထိုင်းနိုင်ငံတောင်ပိုင်း ထိုင်း-မလေးရှားနယ်စပ် ထိုင်းဘက်ခြမ်းရှိ စုံခလာခရိုင် စဒေါင်မြို့နယ် တနေရာတွင် ဒေသခံရွာသားတစ်ဦး မစ်စတာပရိမ်စုဝန်ဆိုသူက မနက်ပိုင်းမှာ ရာဘာတောသို့ရာဘာသွားခြစ်ယူရာမှာ တောတွင်းချုံပုတ်ကြားတနေရာမှာ လူအုပ်စုတစ်စုကျောပိုးအိတ်အထုတ်အပိုးနဲ့တကွပုန်းအောင်းနေတာကိုတွေ့ရှိတဲ့အတွက် ဒေသခံကျေးရွာအုပ်ချုပ်ရေး ရွာသူကြီးထံ ပြန်လာပြီးအကြောင်းကြားသည့်အတွက် ရွာသူကြီးကနယ်ခြားစောင့်စစ်တပ်တွေနဲ့ချိပ်ဆက်ပူးပေါင်းကာ သွားရောက်စစ်ဆေးရာမှာ မြန်မာ ၈ဦး၊ ကျား ၆ဦး မ၂ဦး မလေးရှားသွားဖို့ ပွဲစားလိမ်လည်ပြီး အဲဒီတောထဲမှာထားခဲ့တယ်လို့ဆိုပါတယ်။ ဗိုက်ဆာလို့ အားအင်ကုန်ခန်း ပျော့ပြောင်းနေသော အနေအထားနဲ့တွေ့ရပါတယ်။

စစ်ဆေးမေးမြန်းချက်အရ သူတို့တွေဟာ မြန်မာနိုင်ငံကနေ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူနယ်စပ်ဂိတ်ကနေ၀င်လာပြီး မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ရန် မြန်မာပွဲစားခတစ်ဦးကိုဘတ်ငွေ ၁၂၀၀၀ ဆီပေးရပြီး မလေးရှားပွဲစားအတွက်တစ်ဦးကို ဘတ်ငွေ ၅၀၀၀ ဆီပေးရတယ်လို့ သိရပါတယ်။

 ဘုရားသုံးဆူနယ်စပ်ဂိတ်ကနေ ထိုင်းဘက်ခြမ်းကန်ကျနဘုရီမှတဆင့် စုံခလာခရိုင်သို့ထွက်ခွာသွားပြီး ညနေပိုင်းမှာတော့ ပွဲစားက ၎င်းနေရာမှာထားခဲ့တယ်လို့ပြောသွားပါတယ်။ ၎င်းနေရာဟာ မလေးရှားနယ်စပ်နဲ့ ကီလိုမီတာအနည်းငယ်ကွာဝေးနေသေးတယ်လို့သိရပါတယ်။ လက်ရှိမှာတရားမ၀င်နိုင်ငံခိုးဝင်အမှုဆွဲချက်ဖြင့် ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်။

MTF Channel
https://www.facebook.com/mtftv
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu