မော်လမြိုင်-ရေး ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ ရှစ်ဦး ဒဏ်ရာရ
သံဖြူဇရပ် မေ ၂၂မော်လမြိုင်မှ ရေးမြို့သို့ ထွက်ခွာ လာသော ယာဉ်မောင်း မင်းမင်း(၃၄နှစ်)မောင်းနှင်သည့် ရွှေဝါဖူးခရီးသည်တင် မှန်လုံယာဉ် အမှတ်9B/----သည် မေ၂၁ ရက် ညနေ ၃ နာရီက သံဖြူဇရပ် မြို့အပြင် ဝဲသွန်ချောင်ကျေးရွာအလွန် မိုင်တိုင် အမှတ် (၄၇/၂) အရောက်တွင် ယာဉ် ကိုအရှိန်မထိန်းနိုင်ဘဲ လမ်းမ အလယ်၌ ကန့်လန့် ဖြတ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။အဆိုပါယာဉ်ပေါ်တွင် ခရီးသည် ၁၈ ဦးခန့်ပါရှိပြီး ယာဉ်တိမ်းမှောက်မှု ကြောင့် ကိုရင်တစ်ပါးနှင့် ယာဉ်မောင်း မင်းမင်းအပါအဝင် အမျိုးသား သုံးဦး၊ အမျိုးသမီး ငါးဦး ဒဏ်ရာများရရှိပြီး သံဖြူ ဇရပ်မြို့နယ် ပြည်သူ့ဆေးရုံနှင့် မော် လမြိုင် ပြည်နယ်ဆေးရုံသို့  ပို့ဆောင်ပေးခဲ့သည်။ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် မောင်း မင်းမင်း(၃၄နှစ်)အား သံဖြူ ဇရပ်ရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။ကျော်ဝင်း(ပြန်/ဆက်)MOI Webportal Myanmarhttps://www.facebook.com/MOIWebportalMyanmar
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji