Ad Code

Responsive Advertisement

မောက်ကိုရီးယားတွင် ပထမဆုံးအကြိမ်အဖြစ် ဗဟိုဘဏ်ခွဲ ဖောက်ထွင်းမှုဖြစ်ပွား


ပြုံယမ်း ၊ ၂-၅-၂၀၁၆

မြောက်ကိုရီးယား နိုင်ငံ၏ သမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် ဗဟိုဘဏ် ဖောက်ထွင်းမှု ဖြစ်ပွားကာ ပမာဏ ဖော်ပြထားခြင်း မရှိသော ငွေသားများ ခိုးယူခံခဲ့ ရကြောင်း သိရသည်။

လက်နက်ကိုင်ဆောင် ထားသော အမည်မသိ အဖွဲ့တစ်ဖွဲ့သည် ဧပြီ ၄ ရက်က ချုန်းဂျင်မြို့ရှိ မြောက်ကိုရီးယား ဗဟိုဘဏ်ခွဲ တစ်ခုဖြစ်သည့် ရှီနမ်းဘဏ် အတွင်း ဖောက်ထွင်း ဝင်ရောက်ကာ ပမာဏ ဖော်ပြထားခြင်း မရှိသော ငွေသားများကို ခိုးယူခဲ့ခြင်း ဖြ စ်ကြောင်း နှင့် မြောက်ကိုရီးယား နိုင်ငံအတွင်း ပထမဆုံး အကြိမ် ဖြစ်ပွားသည့် ဖောက်ထွင်းမှု ဖြစ်ကြောင်း The Korea Times သတင်းဌာန ၏ ထုတ်ပြန်ချက် ကို ကိုးကား၍ RFA သတင်းဌာနက မေ ၁ ရက်တွင် ဖော်ပြထားသည်။

အဆိုပါ ဘဏ်သည် မြောက်ဟမ်ဂျောင်း ပြည်နယ်၌ တည်ရှိပြီး လက်ရှိ အချိန်တွင် ဘဏ်လုပ်ငန်းများ အားလုံး ရပ်ဆိုင်း ထားကြောင်းနှင့် အခင်း ဖြစ်ပွားသည့် နေ့က ယင်းဘဏ် အတွင်း၌ ကြံရာပါ တစ်ဦး ရှိနေမည်ဟု ဒေသတွင်း ရဲတပ်ဖွဲ့က ယူဆထားသည်။

ယင်းသို့ ဘဏ်ဖောက်ထွင်းမှု ဖြစ်ပွားခြင်းသည် နိုင်ငံအတွင်းရှိ တခြား ဗဟိုဘဏ်ခွဲ များတွင်ပါ လုံခြုံရေး ပိုမိုတင်းကျပ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ညွှန်ပြနေခြင်း ဖြစ်သည်ဟု The Korea Times သတင်းစာက ဖော်ပြ ထားသည်။

ထို့ပြင် အဆိုပါဘဏ် ဖောက်ထွင်းမှုသည် မေ ၆ ရက်တွင် ပြုလုပ်မည့် နိုင်ငံ၏ အာဏာရ အလုပ်သမား ပါတီ ညီလာခံ ကျင်းပမှုအပေါ် နိုင်ငံတကာနှင့် ပြည်တွင်းက အာရုံစူးစိုက် နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

Post a Comment

0 Comments

Close Menu