Ad Code

Responsive Advertisement

ကမ္ဘာ့နာမည်အကြီးဆုံး ရှားပါးပုံ (၂၀)

1.ဖိနပ်သစ်။ (၁၉၄၆)

စစ်ဘေးကြောင့် မိဘဆုံးရှုံးခဲ့တဲ့ ခြောက်နှစ်အရွယ် ကလေးငယ်လေး ကူညီကယ်ဆယ်ရေး အဖွဲ့မှ ပေးတဲ့ ဖိနပ်အသစ်လေး ရလို့ ပျော်နေတဲ့ ပုံပါ။ 
အကျိုးမဲ့ယူတတ်ကြတဲ့ ကမ္ဘာပေါ်က လူသားတွေအတွက် သင်ခန်းစာပါ။

2. ပန်းပွင့်နဲ့ ကောင်မလေး။ (၁၉၆၇)

Pentagon မှာ ဗီယက်နမ် စစ်ပွဲနဲ့ ပတ်သတ်ပြီး ငြိမ်းချမ်းရေး ယူဖို့ ဆန္ဒပြတောင်းဆိုတဲ့ လူတွေထဲက လူထိန်း ရဲတွေကို ပန်းပေးခဲ့တဲ့ Jane Rose Kasmir ဆိုသူလေးပါ။

ငြိမ်းချမ်းရေးကို အကြမ်းဖက် လုပ်ယူမရတာကို ပုံဖော်ပေးခဲ့တဲ့ ပုံလေးပါ။

3. ပထမဆုံး လေယာဉ်။ (၁၉၀၃)

အများကြီးကြိုးစားခဲ့ပြီး အများကြီးလည်း ရှုံးခဲ့ပေမယ့် 1903 ဒီဇင်ဘာလ ၁၇ နေ့ရက်မှာောတ့ Wright ညီအကို နှစ်ယောက်ဟာ ကမ္ဘာ့ပထမဆုံး လေယာဉ်ကို တီထွက်တည်ဆောင်နိုင်ခဲ့ကြပါတယ်။
ပထမခြေလှမ်းဖြစ်တဲ့ ဒီလေယာဉ်မပေါ်ပေါက်ခဲ့ဖူးဆို ဒီနေ့ လူတွေမှာ လေယာဉ်ဆိုတာ ရှိမှာ မဟုတ်တဲ့ သက်သေတစ်ခုပါ။

4. ရေကူးဝတ်စုံဝတ်တဲ့ ပထမဆုံး အမျိုးသမီး။ (၁၉၀၇)

အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ Annette Kellerman ဟာ အမျိုးသမီးများ ရေကူးဝတ်စုံဝတ်ခွင့်ရရေး အတွက် အရဲစွန့်ရိုက်ထားတဲ့ ပုံပါ။ လူ့အမြင် မသင့်တော်တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။
သင့်ရဲ့ လွတ်လပ်ခွင့်အတွက် တစ်ချိန်က လူတစ်ယောက် ပေးဆပ်ခဲ့ဖူးတယ် ဆိုတာမှတ်မိစေတဲ့ အရာလေးပါ။

5. သားကို စောင့်ဦး ဖေဖေ။ (၁၉၄၀)

စစ်ထွက်သွားတဲ့ ဖေဖေ့လက်ကို ကိုင်ဖို့ မေမေ့လက်ကို ဖြုတ်ပြီး ပြေးတဲ့ ငါးနှစ်အရွယ် ကလေးငယ်ရဲ့ ပုံပါ။ ဖခင်ကို မခွဲနိုင်တဲ့ ကလေးငယ်ရဲ့ ချစ်စိတ်တွေကို မြင်ရပါတယ်။

ဒီပုံလေးမှာ တကယ်တော့ ဒီလူတွေ တိုက်ခိုက်နေတာ သူတို့ ချစ်ရတဲ့ ကလေးတွေ အတွက်ပါဆိုတာ ဖော်ကျူးပေးထားပါတယ်။

6. Himmler ကို နားချတဲ့ ထောင်သား။

စစ်သားထောင်ကို လာလည်တဲ့ ဟစ်တလာ လက်အောက် Heinrich Himmler ကိုသူတို့ လုပ်ရပ်ဟာ မှားကြောင်း ရဲဝံ့စွာ နားချနေတဲ့ ဂျာမန် ထောင်သား။ 

နတ်ဆိုးကို ရင်ဆိုင်တဲ့ ကြောက်ရွံ့မှု့ကင်းမဲ့တဲ့ သတ္တိပါ။

7. အနမ်း။ (၁၉၄၅)

ဒုတိယကမ္ဘာ့စစ်အပြီး ပြန်လာတဲ့ အမေရီကန်စစ်သည်တွေထဲမှာ ရေတပ်သားတစ်ဦးက ပျော်လွန်းလို့ တွေ့သမျှလူတွေကို နမ်းတော့ သူနာပြုလေးကို အနမ်းခြွေခဲ့တဲ့ ဒီပုံလေးဟာ ကမ္ဘာတစ်ရပ်လုံးကို ယခုတိုင် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ပုံလေးပါ။

လွတ်လပ်ခြင်း နဲ့ ချစ်ခြင်း ပြည့်နက်နေတဲ့ အနမ်းပါ။

8. ဂန်ဒီ နဲ့ သူ့ရဲ့ လက်ယမ်း။

ဂန်ဒီ အသတ်မခံရခင် နှစ်နှစ်အလိုက ဒီပုံလေးက သူ့ရဲ့ အတိုက်အခံတွေကို အကြမ်းမဖက် ခုခံနေတာကို ဖော်ပြနေပါတယ်။

နာမည်ကျန်ရစ်ခဲ့တဲ့ သူပါ။

9. ငါ့မှာ အိပ်မက်တစ်ခုရှိတယ်။ (၁၉၆၃)

လွတ်လပ်ရေးအတွက် ဝါရှင်တန်မှာ လူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြကြတော့ မာတင်လူသာ ရဲ့ "ငါ့မှ အိပ်မက်တစ်ခုရှိတယ်။" ဆိုတဲ့ မိန့်ခွန်းဟာ လူပေါင်းများစွာကို ပြောင်းလဲ ပေးခဲ့ပါတယ်။ 

ဒီနေ့ သူ့အိပ်မက်တွေ ဖြစ်လာတာ သူမမြင်သွားရတာ စိတ်မကောင်းစရာပါ။

10. ကမ္ဘာတတ်ချိန်။ (၁၉၆၈)

၁၉၆၈ ခုနှစ် လကမ္ဘာကို သွားခဲ့တဲ့ အာပိုလို ၈ ခရီးစဉ်အတွင်း လပေါ်ကနေ ရိုကိခဲ့တဲ့ ပုံလေးပါ။ ဒါဟာ ကမ္ဘာရဲ့ အရောင်အပြည့်နဲ့ ရိုက်ထားတဲ့ ပထမဆုံး ပုံပါ။ 

ဘယ်သူမဆို ဒီ ပြာသန်းတဲ့ ကမ္ဘာပေါ်မှာ တူညီစွာ ရှင်သန်နေကြတဲ့ လူထဲက လူတွေပါ။

11. အိုလံပစ်က လူမည်းများ။ (၁၉၆၈)

၁၉၆၈ ခုနှစ်မှာ အိုလံပစ် ပွဲကျင်းပတော့ အနိုင်ရခဲ့တဲ့ သူတွေပါ။ လူမည်း နှစ်ယောက် အနိုင်ရခဲ့ပြီး လူ့အခွင့်အရေး အထိကရုံး ဖြစ်စေခဲ့လို့ သူတို့ နှစ်ယောက်ကို အကြိမ်ကြိမ် ပွဲပြိုင်ဖို့ ပယ်ခဲ့ကြပါတယ်။

12. ပီလီ နဲ့ ဘော်ဘီ။(၁၉၇၀)

လူတန်းစား အင်မတန် ခွဲခြားတဲ့ ကာလအချိန်မှာ ဗရာဇီး ကစားသမား ပီလီ နဲ့ အင်္ဂလိပ်တိုက်စစ်မှုး ဘော်ဘီ မိုး တို့ အင်္ကျီလဲလှယ်ဝတ်ဆင်ပြီး ကမ္ဘာ့ အားကစား ပရိသတ်တွေကို သင်ခန်းစာ တစ်ရပ် ပေးပို့ခဲ့ပါတယ်။

13. တင့်ကားလူသား။ (၁၉၈၉)

၁၉၈၉ ဂျွန်လပိုင်းမှာ ဘေဂျင်းမြို့မှာ ကျောင်းသားတွေ စုပြီး လွတ်လပ်ရေးအတွက် ဆန္ဒပြရာမှာ တရုတ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။ ဒီပုံလေးမှာ အမည်မသိသူတစ်ဦးရဲ့ ကြောက်ရွံမှု့ ကင်းမဲ့စွာနဲ့ ကျောင်းသားတွေကို ပစ်ဖို့လာတဲ့ တင့်ကားကို တားဆီ ရင်ဆိုင် ရပ်တန့်ခဲ့တဲ့ ပုံလေးပါ။ နောက်ပိုင်းမှာ ထို အမည်မသိ သူတစ်ယောက် ပျောက်ခြင်းမလှ ပျောက်ဆုံးခဲ့ပါတယ်။

14. ဘာလင် မြို့ရိုး ပြိုကျခြင်း။ (၁၉၈၉)

စစ်အေးတိုက်ပွဲအပြီး ကမ္ဘာနှစ်ဖက်ကို ပေါင်းစည်းပေးလိုက်တဲ့ ဒီ ဘာလင်မြို့ရိုး ဖြိုဖျက်တဲ့ နေ့ဟာ ကမ္ဘာ့အပျော်ဆုံး နေ့ထဲက တစ်နေ့ပါ။

15. မန်ဒီလာရဲ့ လွတ်မြောက်ခြင်း။ (၁၉၉၀)

၂၇ နှစ်ကြာ အကျဉ်းချခံရတဲ့ မန်ဒီလာရဲ့ လွတ်မြောက်တဲ့ နေ့လေးပါ။ အာဏာရ အတိုက်အခံအဖွဲ့ကို တိုက်ခိုက်ဖို့ ကြွေးကြော်လိုက်တဲ့ ပုံလို့ သတ်မှတ်လို့လည်း ရပါတယ်။ မန်ဒီလာဟာဆိုရင် ခွင့်လွတ်ခြင်း နဲ့ ပေါင်းစည်းခြင်းတို့ရဲ့ ဥပမာ ကောင်းတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

16. အင်္ဂါဂြိုလ်မှ နေဝင်ရှုခင်း။ (၂၀၀၅)

ဂြိုလ်နီဖြစ်တဲ့ အင်္ဂါဂြိုလ်ပေါ် လွှင့်တင်ခဲ့တဲ့ NASA ရဲ့ Rover ကနေ ပေးပို့တဲ့ အင်္ဂါဂြိုလ်မှ နေဝင်ရှုခင်းလေးပါ။

အထီးကျန်ခြင်း တွေကို ခံစားရစေပါတယ်။

17. ငါ့ဆံပင်နဲ့ တူတူဘဲ။ (၂၀၀၉)

ငါးနှစ်အရွယ် ယာကုပ် လေးက အိမ်ဖြူတော်ကို လာလည်တုန်း အိုဘားမားရဲ့ ဆံပင်ကို ကိုင်ခွင့်တောင်းခဲ့ပြီး သူ့ဆံပင်နဲ့ ယှဉ်ရင်း အတူတူဘဲ လို့ မှတ်ချက်ချခဲ့ပါတယ်။

လူမည်း သမ္မတရဲ့ လူမည်းကလေးတွေအပေါ် ဥပမာကောင်းတစ်ရပ် နဲ့ ခွန်အား ပေးတဲ့ ပုံလေးပါ။

18. အီဂျစ်က စည်းလုံးခြင်းရဲ့ ဒိုင်းလွှား။ (၂၀၁၁)

၂၀၁၁ မှာ အီဂျစ်မှာ မူစလင်တွေကို တွေ့ရာနေရာမှာ သတ်ပစ်ပြီး အကြမ်းဖက်ဖို့ ဖြစ်နေတဲ့အချိန်မှာ အီဂျစ်က ခရစ်ယာန်များမှ ဆုတောင်းနေကြတဲ့ မူစလင်ညီအကိုတွေကို လက်ချင်းချိတ်ပြီး ကာကွယ်ပေးခဲ့ကြပါတယ်။

ငြိမ်းချမ်းခြင်း နဲ့ စည်းလုံးမှု့အတွက် ဥပမာကောင်းတစ်ရပ်ပါ။

19. New York က ပထမဆုံး လိင်တူ လက်ထပ်သူများ။ (၂၀၁၁)

တစ်ခါတစ်လေတော့ တစ်ဘဝလုံး စောင့်ရပေမယ့် Connie နဲ့ Phyllis တို့ဟာ New York, Manhanttan မှာ ပထမဆုံး လက်ထပ် ခဲ့ကြတဲ့ စုံတွဲဖြစ်ခဲ့ပါတယ်။

တစ်ချို့အရာတွေဟာ စောင့်ရကျိုးနပ်ပါတယ်။

20. အချစ်က အရာအားလုံးကို ကျော်ဖြတ်နိုင်တယ်။ 

အကြမ်းဖက်မှု့တွေနဲ့ ပြည့်နေတဲ့ လမ်းမကြီးပေါ်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို မေ့ထား လမ်းမပေါ် မှောက်ချပြီး ချစ်သူနှစ်ယောက် အချစ်ရဲ့ ချိုမြိန်တဲ့အနမ်းတွေနဲ့ အရာအားလုံးကို ဖြတ်ကျော်နေတဲ့ ပုံလေးပါ။

အချစ်က အရာအားလုံးကို ထာဝစဉ် အနိုင်ယူနေခဲ့ပြီး အနိုင်ယူဆဲ နဲ့ အနိုင်ယူနေဦးမှာပါ။

Credit to Paragonia Facebook မှ ပြန်လည်ကူးယူဖော်ပြသည်။
https://www.facebook.com/BeautyPageantsOfMyanmar/?fref=photo

Post a Comment

0 Comments

Close Menu