Ad Code

Responsive Advertisement

English Speaking – Job Expression (12)



(1) How long do you plan on staying with this company?
ခင်ဗျားက ဒီကုမ္ပဏီမှာ ဘယ်လောက်ကြာကြာ လုပ်ဖို့ အစီအစဉ်ချထားပါသလဲ
.
(2) This company has everything I'm looking for. It provides the type of work I love, the employees are all happy, and the environment is great. I plan on staying a long time.
ဒီကုမ္ပဏီမှာ ကျနော်ရှာဖွေနေတဲ့အရာအားလုံး ရှိပါတယ် ၊ အဲဒါက ကျနော်ကြိုက်နှစ်သက်တဲ့ အလုပ်ပုံစံကို ဖြည့်ဆီးပေးပါတယ် ၊ အလုပ်လုပ်တဲ့သူတွေ အားလုံးကလည်း ပျော်ရွှင်ကြပြီး လုပ်ငန်းပတ်ဝန်းကျင်ကလည်း ကောင်းမွန်လှပါတယ် ၊ ကျနော် (ဒီမှာ) အချိန်အကြာကြီး အလုပ်လုပ်ဖို့ စီစဉ်စိတ်ကူးထားပါတယ် ။
.
(3) One of my goals is to obtain a position in this company. I know that once I start working here, it'll be for a long time.
ကျနော့်ရည်မှန်းချက်တွေထဲကနေ တစ်ခုကတော့ ဒီကုမ္ပဏီမှာ နေရာတစ်ခု ရရှိဖို့ပါ ။ ကျနော်သိပါတယ် ကျနော်ဒီမှာ အလုပ်ကို တစ်ကြိမ်တစ်ခါ စပြီးလုပ်လိုက်တာနဲ့ အချိန်အကြာကြီး လုပ်ဖြစ်သွားမှာပါ ။
.
(4) As far as I can tell, this company has everything I'm looking for. I enjoy this type of work and the benefits at this company are great. I'm looking for a long term position and if there are opportunities for advancement and growth here, then I want to stay for a long time.
ကျနော်ပြောနိုင်သလောက်ကတော့ ဒီကုမ္ပဏီမှာ ကျနော်ရှာဖွေနေတဲ့အရာ အားလုံးရှိနေပါတယ် ၊ ကျနော်က အဲလိုအလုပ်မျိုးကို(လုပ်ရတာ) ပျော်ရွှင်ကျေနပ်ပါတယ် ၊ ပြီးတော့ ဒီကုမ္ပဏီမှာက အကျိုးအမြတ်တွေကလည်း ကြီးမားတယ်လေ ။ ကျနော်က ရေရှည်ရှိနေနိုင်မယ့်နေရာတစ်ခုကို ရှာဖွေနေတာ ဖြစ်ပြီးတော့ အကယ်၍ တိုးတက် ကြီးထွားမှုတွေ အတွက် အခွင့်အလမ်းတွေ ဒီမှာရှိနေမယ်ဆိုလျှင် ကျနော် (ဒီမှာ) အကြာကြီး အလုပ်လုပ်နေချင်ပါတယ်
.
(5) Will working on weekends be a problem?
သီတင်းပတ်နောက်ဆုံးရက်တွေ (ပိတ်ရက်တွေ) မှာ အလုပ်လုပ်ရတာက ပြဿနာတစ်ခုဖြစ်လာမလား
.
(6) It shouldn't be a problem at all. I frequently worked on weekends in my other position, especially during tax season. How often is weekend work required here on average?
အဲဒါကတော လုံးဝ ပြဿနာတစ်ခု မဖြစ်သင့်ပါဘူး ၊ ကျနော့် တခြားအလုပ်တစ်ခုမှာတုန်းက စနေတနင်္ဂနွေရက်တွေမှာ မကြာခဏ လုပ်ခဲ့ပါတယ် ၊ အထူးသဖြင့် အမြတ်ခွန်ရာသီမှာပေါ့ ။ ဒီမှာ ပျမ်းမျှအားဖြင့် စနေတနင်္ဂနွေအလုပ်တွေက ဘယ်လောက်မကြာမကြာ လုပ်ဖို့ လိုအပ်ပါသလဲ ။
(tax season = အခွန်နှင့်ပတ်သက်သော ကိစ္စများ လုပ်ဆောင်ရသည့် အချိန်ကာလ)
.
(7) How do you feel about overtime?
အချိန်ပိုအလုပ်နဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားပါသလဲ
.
(8) I don't mind working overtime at all. I know during busy times people are expected to work more, and I'm flexible with my hours so I won't have a problem.
အချိန်ပိုလုပ်ရတာ လုံးဝ စိတ်စနိုးစနောင့် မဖြစ်ပါဘူး ၊ ကျနော်သိပါတယ် အလုပ်များနေတဲ့အချိန်မှာ လူတွေကို အလုပ်ပိုပြီး လုပ်စေချင်မှာပဲလေ ၊ ပြီးတော့ ကျနော်က အလုပ်ချိန်နဲ့ ပတ်သက်ပြီး ပြုလွယ်ပြင်လွယ် ပျော့ပြောင်းမှုရှိပါတယ် ဒါကြောင့်မို့ ကျနော့်မှာ ပြဿနာရှိမှာ မဟုတ်ပါဘူး ။
.
(9) When are you able to start?
ခင်ဗျား ဘယ်အချိန်မှာ (အလုပ်) စနိုင်ပါမလဲဗျာ
.
(10) I'll be able to start as early as next Monday.
ကျနော် စောနိုင်သမျှ စောစောကတော့ နောက်တစ်ပတ်တနင်္ဂနွေမှာ စနိုင်ပါလိမ့်မယ် ။
………………………………………………………… 
Note
……………
အလုပ်များတဲ့ အချိန်တွေကို season နဲ့တွဲပြောလေ့ ရှိပါတယ် 
ဥပမာ .. Export များတဲ့ ရာသီဆို export season ပေါ့ အဲဒီထဲကမှ အများဆုံး ထိပ်ဆုံးကို peak season လို့ ထပ်ခေါ်ပါသေးတယ် .. ဥပမာ
The export season for Black Eyed Beans is from February to August every year. But the peak season is in March and April.
ပဲလွန်းဖြူတင်ပို့တဲ့ ရာသီကတော့ နှစ်တိုင်း ဖေဖေါ်ဝါရီကနေ သြဂတ်(စ်)လ ထိဖြစ်ပါတယ် ၊ ဒါပေမယ့် တင်ပို့မှုအများဆုံး အချိန်တွေကတော့ မတ်လနဲ့ ဧပြီလတို့ ဖြစ်ပါတယ် ။
……………………….
ကျနော့်ရဲ့ ဇတ်ဆောင်ဟာ ဒီတစ်ကြိမ်မှာ အလုပ်ရသွားပြီဖြစ်လို့ နောက်တစ်ပတ်မှာ အလုပ်ထဲက စကားပြောခန်းတွေ ရေးပါတော့မယ် ၊ အားပေးကြပါဦး ။
.
မေတ္တာဖြင့် 
ဆရာဝင်းနိုင်ဦး အင်္ဂလိပ်စာစိတ်ဝင်စားသူများ Facebook  Group မှ ကူးယူဖော်ပြသည်
https://www.facebook.com/groups/301039613329048/

Post a Comment

0 Comments

Close Menu