Ad Code

Responsive Advertisement

English Speaking – Job Expressions (3)



English Speaking – Job Expressions (3)

ရှင်းလင်းချက်လေးတွေပါ အပိုထည့်ပေးထားပါတယ် 
.
(1) How can we get in touch with you?
ကျနော်တို့ ခင်ဗျားနဲ့ ဘယ်လို အဆက်အသွယ် လုပ်လို့ရနိုင်ပါမလဲ
(ဆက်သွယ်ပြီး အကြောင်းကြားချင်တဲ့အခါ ဘယ်လိုလုပ်ရမလဲ မေးခြင်းဖြစ်ပါတယ်)
.
(2) I am looking forward to hearing from you.
ကျနော်ခင်ဗျားတို့ဆီက (တစ်ခုခု) ကြားရဖို့ မျှော်လင့်ပါတယ်
(အလုပ်ခန့်တဲ့ အကြောင်းကြားမှုမျိုး ကြားရဖို့ မျှော်လင့်တာကို ဆိုလိုပါတယ် ၊ Present continuous tense သုံးထားပေမယ့် Future အဓိပ္ပါယ်ဖြစ်ပြီး အလွန်နီးကပ်တဲ့ အချိန်ကာလ တစ်ခုကို ညွှန်းဆိုတာ ဖြစ်ပါတယ် ၊ မကြာခင်မှာ ကြားချင်ပါတယ် ဆိုတဲ့သဘောဖြစ်ပါတယ် ၊ 
တခြားနေရာတစ်ခုမှာ I look forward to .. လည်းရတယ်လို့တွေ့ပါတယ် ၊ I look forward to .. က ပုံစံကျ ..ပိုဖြစ်တယ် ၊ I am looking forward to .. က ရင်းရင်းနှီးနှီး သဘောကို ပိုဆောင်တယ်လို့ သိရပါတယ် )
.
(3) How much do you get paid?
ခင်ဗျားကို (လစာ) ဘယ်လောက်ပေးပါသလဲ
(get + V3 သုံးစွဲပုံကို အောက်မှာ ရှင်းထားပါတယ်)
.
(4) How much will I get paid an hour?
ကျနော့်ကို တစ်နာရီ ဘယ်လောက်ပေးမှာပါလဲ
.
(5) How much do I get paid when I work overtime?
ကျနော် အချိန်ပိုလုပ်တဲ့အခါ ဘယ်လောက်ပေးမှာပါလဲ
.
(6) What’s the starting salary?
စပြီးပေးတဲ့လစာက ဘယ်လောက်ပါလဲ (လစာဘယ်လောက်က စပြီးပေးမှာပါလဲ)
.
(7) It’s (It is) $ 1800 (One thousand eight hundred dollars) a month after taxes. 
အခွန်ငွေတွေနှုတ်ပြီး တစ်လကို ဒေါ်လာ ၁၈၀၀ ဖြစ်ပါတယ် 
.
(8) What are your salary expectations?
ခင်ဗျားရဲ့ လစာမျှော်မှန်းချက်တွေက ဘယ်လောက်တွေပါလဲ
.
(9) I’d like a salary of $ 24,000 a year.
I would like a salary of (Twenty-four thousand dollars) a year.
ကျနော်က တစ်နှစ်ကို လစာ ဒေါ်လာ ၂၄,၀၀၀ လိုချင်ပါတယ် 
..
(10) What is your yearly salary?
တစ်နှစ်အတွက် ခင်ဗျားရဲ့ လစာက ဘယ်လောက်ပါလဲ
==================== 
ဝေါဟာရများ
………………..
Get in touch (v) = အဆက်အသွယ်လုပ်သည်
Salary (n) လစာ
Expectations (n) မျှော်လင့်ချက်များ 
Taxes (n) အခွန်ငွေများ
Overtime (n) အချိန်ပိုအလုပ်
Overtime (adv) အချိန်ပို
============
ရှင်းလင်းချက်များ ( သေချာသိလိုသူများသာ ဖတ်သင့်ပါတယ် )
………………………….
(၁) It’s ဟာ It is နဲ့ It has နှစ်မျိုးဖြစ်နိုင်ပါတယ် ၊ It ရဲ့ Possessive form (ပိုင်ဆိုင်မှုပြပုံစံ) မဟုတ်တာကို သတိပြုပါ ၊ It ရဲ့ Possessive form ဟာ Apostrophe မပါတဲ့ Its သာဖြစ်ပါတယ် ။
.
(၂) I’d ဟာ I would နဲ့ I had နှစ်မျိုးဖြစ်နိုင်ပါတယ် ၊ အခုအထက်မှာပါတဲ့ဝါကျက I would ဖြစ်ပါတယ် ၊ I’d ကို အသံထွက်ဖို့ခက်နေရင် I would နဲ့ ပြောလည်းရပါတယ် ..
.
(၃) Get + V3 ကို Passive voice ဖြစ်တဲ့ Be + V3 ပုံစံအတိုင်းပဲ သုံးနိုင်ပါတယ် ။ get + V3 ပုံစံကို Get passive လို့ အမည်တပ်ထားကြပါတယ် 
နောက်က V3 ဟာ ပုံသေရှိနေရမှာဖြစ်ပြီး Tense ပြောင်းချင်တဲ့အခါ get ကို (got, will get, be + getting စသည်ဖြင့် ) ပြောင်းပေးရပါတယ် ၊ get ဟာ form အရ ထည့်ထားတာဖြစ်ပြီး သူ့အဓိပ္ပါယ်ကို အဓိက ကောက်ယူရမှာမဟုတ်ပဲ Main verb ဖြစ်တဲ့ V3 ရဲ့ အဓိပ္ပါယ်ကို ယူရမှာဖြစ်ပါတယ် 
~ ခံရသူကို အလေးပေးပေါ်လွင်စေပြီး ပုံစံကျ မဟုတ်တဲ့ စကားပြောပုံစံ ပြောချင်တဲ့အခါ (To make passive structures in informal spoken English )
~ ပြုလုပ်သူကို ဘယ်သူဘယ်ဝါ ဖေါ်ပြဖို့ မလိုတဲ့အခါ တွေမှာ (The person doing the action does not have to be named.) သုံးတယ်လို့ဆိုပါတယ် 
eg: Our cat got run over when it was trying to cross the road. smile emoticon was run over)
သူက လမ်းကို ဖြတ်ကူးဖို့ကြိုးစားတဲ့အချိန်မှာ ကျနော်တို့ ကြောင်လေးကို ကားနင်းသွားခဲ့ပါတယ်
Mary got promoted to be the branch manager last week.
ပြီးခဲ့တဲ့တစ်ပတ်က မေရီကို ဌာနခွဲမန်နေဂျာအဖြစ် ရားထူးတိုးမြှင့်ခဲ့ပါတယ်
~ တချို့သော သဒ္ဒါဆရာတွေကတော့ နည်းနည်း ထပ်ကွန့်ပါသေးတယ် get passive မှာ ခံရသူဟာ ခံရယုံသက်သက်မျှသာ မဟုတ်ပဲ လုပ်ဆောင်မှု action မှာပါဝင်ပတ်သက်နေတာမျိုးဖြစ်စေ ၊ တာဝန်ရှိနေတာမျိုးဖြစ်စေ တို့ကို ညွှန်းဆိုလိုခြင်းဖြစ်တယ်လို့ ဆိုပါတယ် ၊ ဒီလိုရှင်းပြထားပါတယ်
If he was hit by a car, that's the driver's fault; if he got hit by a car, that's his own fault.
He was hit by the car. ဆိုရင် မောင်းသူအမှားပါ..
He got hit by a car. ဆိုရင် သူကိုယ်တိုင်ရဲ့ အပြစ်ပါ.. ( လမ်းကူးတာမှားသလိုမျိုး) တဲ့
အထက်က ဥပမာတွေအတိုင်းပါပဲ ကြောင်က လမ်းကိုဖြတ်ကူးလို့ ကားကြိတ်သွားတာ (သူမှားလို့) ၊ မေရီက အလုပ် ကြိုးစားလုပ်လို့ ရာထူးတိုးမြင့်ခံရတာ စသည်ဖြင့် ပါဝင်ပတ်သက်နေမှုတွေကို နားလည်နိုင်ပါတယ်
သို့သော်လည်း အများစုကတော့ အဲဒီကွဲပြားခြားနားခြင်းကို အလေးဂရုမပြုနိုင်ကြပါဘူး မထိန်းသိမ်းနိုင်ကြပါဘူး Most speakers may not maintain this distinction. တဲ့ 
ကျနော်တို့ကတော့ ဒီလို get passive နဲ့ပြောရတယ်ဆိုတာ မှတ်မိရင်လည်း ထိန်းလိုက်ပေါ့ဗျာ ။ မမှတ်မိတော့လည်း ရိုးရိုး Passive နဲ့ပဲ ကစ်လိုက်ပေါ့ ။
ခေါင်းပူသွားပြီလား ၊ နားလိုက်ပါဦးနော..
အလုပ်ကောင်းကောင်း ရကြပါစေ ၊ ရပြီးသားလူများ ပိုပြီး အဆင့်မြင့်တက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ..
.
မေတ္တာဖြင့် 

ဆရာဝင်းနိုင်ဦး အင်္ဂလိပ်စာစိတ်ဝင်စားသူများ Facebook  Group မှ ကူးယူဖော်ပြသည်
https://www.facebook.com/groups/301039613329048/
heart emoticon

Post a Comment

0 Comments

Close Menu