Ad Code

Responsive Advertisement

ဘယ်လိုအခါမှာ Lie နဲ့ Lay ပြီးတော့ Lying နဲ့ Laying တို့ကို သုံးရပါသလဲ


Lie ဆိုတာ intransitive verb (နောက်က objective လိုက်စရာမလိုတဲ့ verb) ဖြစ်ပြီး လှဲလျောင်းသည်ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။ သူ့ရဲ့ အဓိက verb form တွေကတော့ lie (base verb) , lay (past tense), lain (past participle) နှင့် Lying (present participle) တို့ဖြစ်ပါတယ်။

[
လိမ်ပြောတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတဲ့ Lie ရဲ့ verb form တွေကတော့ past tense ရော past participle ပါ lied ဖြစ်ပြီး present participle ကတော့ lying ဖြစ်ပါတယ်။]

Lay
ကတော့ transitive verb ( နောက်က objective လိုက်ရတဲ့ verb ) ဖြစ်ပြီး ထည့်သည်” “ထားသည်ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။ သူ့ရဲ့ အဓိက verb form တွေကတော့ Lay (base verb), Laid (past tense), Laid (past participle) နဲ့ Laying (present participle) တို့ဖြစ်ပါတယ်။

အထက်ပါစကားလုံး ၂ လုံးမှာ သီးခြားအဓိပ္ပါယ် ကိုယ်စီရှိကြပြီး တစ်ခုနေရာမှာ တစ်ခုကို လှယ်ပြီး သုံးစွဲလို့ မရပါဘူး။

Lay
ဆိုတဲ့ စကားလုံးက Lie (လှဲလျောင်းသည်) ဆိုတဲ့ စကားလုံးရဲ့ past tense နဲ့ စာလုံးပေါင်းတူသော်လည်းဘဲ - (ဥပမာ - He lay down for a nap an hour ago..) Lay (ဒါမှမဟုတ် Laying ) ကို လှဲလျောင်းသည် ဆိုတဲ့ သဘောဆောင်တဲ့ ပုံစံနဲ့ ရေးသားပြောဆိုလို့ မရပါဘူး။ ဥပမာ - I will lay down for a nap… / He is laying down for a nap.. ဆိုတာမျိုးကို ရေးသားပြောဆိုရင် မှားပါတယ်။ စာလုံးပေါင်း ဆင်တူတာကြောင့် လှဲလျောင်းသည်ဆိုတဲ့( lie တို့ lying တို့အစား) lay တို့ laying တို့ကို မှားယွင်းသုံးစွဲမိကြတဲ့ မှားလေ့မှားထရှိတဲ့ အမှား common error များကို တွေ့ရတတ်ပါတယ်။

ပိုရှင်းအောင် ဒီလိုလေးမှတ်ထားပါ။

Once you lay (put or place) a book on the desk, it is lying (reclining, resting) there, not laying there.
Once you lay (
ချထားသည်) it is lying (လှဲနေသည်/ တင်နေသည်) laying there မဟုတ်ဘူးနော်။

When you go to Ngwe Saung beach for your vacation, you spend your time lying (not laying) on the beach.
အားလပ်ရက်မှာငွေဆောင်ကမ်းခြေကို အလည်သွားတဲ့အခါ သဲသောင်ပြင်ပေါ်မှာ လှဲအိပ်ပြီး lying on the beach ဇိမ်ယူနေတယ်။ (laying မဟုတ်ဘူးနော်) အဲဒါပေမဲ့ laying someone on the beach ဆိုရင်တော့ အခြား sex နဲ့ ဆိုင်တဲ့ အဓိပ္ပါယ်ထွက်သွားလိမ့်မယ်နော်။

You lie down on the sofa to watch TV and spend the entire evening lying there; you do not lay down on the sofa to watch TV and spend the entire evening laying there.
ဆိုဖာပေါ်မှာ lie down လှဲအိပ်ပြီး တီဗီကြည့်ကာ (lay down မဟုတ်ပါ။) တစ်ချိန်လုံး lying လှဲအိပ်နေလိုက်တယ်။ (laying မဟုတ်ပါ။)

If you see something lying on the ground, it is just resting there. (
နားနေတယ်)

If you see something laying on the ground, it must be doing something else, such as laying eggs. (
ဥချနေတယ်/ ဥဥနေတယ်)
အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons



Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]
- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

Post a Comment

0 Comments

Close Menu