Ad Code

Responsive Advertisement

Samsung Galaxy J5 ဖုန်းများကို Twrp 3.0 Recovery ထည့်သွင်းနည်း

Samsung Galaxy J5 ဖုန်းများကို Twrp 3.0 Recovery ထည့်သွင်းနည်းကို
Galaxy J5 ဘော်ဒါများအတွက် ပြန်လည် တင်ပေးလိုက်ပါတယ်။

ဖုန်းကို Root လုပ်ချင်တာပဲဖြစ်ဖြစ်၊ Custom Rom များတင်သုံးလိုတယ်ပဲဖြစ်ဖြစ် 
မိမိဖုန်းမှာ TWRP Recovery ထည့် သွင်းထားရမှာပဲဖြစ်ပါတယ်။


ဖုန်းကို TWRP Recovery ထည့်သွင်းမယ်ဆိုရင်တော့ TotalSolution 3.0 ZawgyiBase ဖိုင်ကို
Recovery mode ကနေ အလွယ်တကူ Flash ပေးလိုက်ရင်တော့ Facebook အစရှိတဲ့
Social apps များနဲ့ Browser များမှာ မြန်မာစာအမှန်မြင်ရမှာလည်းဖြစ်ပါတယ်။

ဖေါ်ပြ TWRP Recovery 3.0 ဗားရှင်းသည် Galaxy J5 All model ကို Support
 လုပ်ပေးနိုင်မှာလည်းဖြစ်ပါတယ်၊ Instruction အတိုင်းသေချာအောင်တော့ပြုလုပ်ပါရန်။


လိုအပ်ချက်များ
=========
၁။ Samsung USB Driver

၂။ Odin Flash Tool for windows

၃။ USB Cable 

၎။ TWRP Recovery.zip


ငြင်းဆိုချက်
========
ဖေါ်ပြ TWRP Recovery ထည့်သွင်းနည်းသည်
Samsung Galaxy J5 ဖုန်းများအတွက်သီးသန့်ဖြစ်ပါတယ်၊
တစ်ခြားဖုန်းများတွင် ထည့်သွင်းအသုံးပြုခြင်းကို လုံးဝမပြုလုပ်ပါရန်။

အကြောင်းအမျိုးမျိုးကြောင့် မိမိဖုန်းသည် ပျက်စီးသွားခဲ့သည်ရှိသော်
ဇူးနစ်(နည်းပညာ) www.zunite.org မှ တာဝန်ယူလိမ့်မယ်မဟုတ်ပါ။


ကြိုတင်ပြင်ရမည့်အချက်များ
================
ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် 
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ 
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။






TWRP Recovery  ထည့်သွင်းနည်း
====================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

၃။ ဒေါင်းလော့ရလာတဲ့ twrp recovery.zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ

၎။ Odin ကိုဖွင့်ပါ  AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ twrp recovery.zip ဖိုင်ကိုထည့်လိုက်ပါ။

၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
 volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ကိုဖြုတ်လိုက်ပါ။

၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။

၁၀။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို
တွဲနှိပ်ပြီး Custom Recovery Mode သို့ဝင်ကြည့်လိုက်ပါ။

၁၁။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့
သင့်ဖုန်း Galaxy J5 မှာTwrp 3.0 Recovery ထည့်သွင်းပြီးပါပြီ။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 


Post a Comment

0 Comments

Close Menu