Ad Code

Responsive Advertisement

ဦးကိုကိုဝင်းနှင့်အဖွဲ့၏ စက်စဲကျေးရွာ ခတ်မီမီးသဂြိုလ်စက် ဖြစ်မြောက်ရန်ကူညီပံ့ပိုးပေးခဲ့မှု၏ ပုံရိပ်များ

(၃) ကျွန်တော် ဦးကိုကိုဝင်းနှင့်အဖွဲ့၏ စက်စဲကျေးရွာ ခတ်မီမီးသဂြိုလ်စက် ဖြစ်မြောက်ရန်ကူညီပံ့ပိုးပေးခဲ့မှုကို တဖန်ပြန်လည်ကူညီပေးသည့်အနေဖြင့် စက်စဲစံပြကျေးရွာ လှာကမိုင်ရေလှောင်ကန်မှ သုံးရေ ရေဂါလံ ၁သိန်းကို စက်စဲပရဟိတခေါင်းဆောင်များဖြစ်ကြသော ဦးခင်သောင်း + ကိုပိုးဟပ်ဖြူ + ကိုသန့်ဇင်ဦးနှင့် အဖွဲ့သားတို့မှ ကား (၆) စီးဖြင့် (၆) ကြိမ်တိုင်တိုင် ကျိုက္ခမီမြို့ ၂၀၁၆ နွေရာသီအခက်အခဲကိုအတတ်နိုင်ဆုံး ပြန်လည်ပေးဆပ်ကူညီသွားခဲ့သည်။
စက်စဲစံပြကျးရွာသူ/သားများ ထာဝရ အန္တရာယ်ကင်း၍ ဘေးရန်ရှင်းကြပါစေကြောင်း ကျိုက္ခမီမြို့သူ/သားများ၏ကိုယ်စား ဦးကိုကိုဝင်းမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။




(၂) စက်စဲစံပြကျေးရွာ ခေတ်မီမီးသဂြိုလ်စက် တည်ဆောက်နိုင်ရန်အတွက် အဆောက်အဦးအုတ်မြစ်ချသည့်နေ့မှအစ ရေစက်ချအခမ်းအနားနှင့် စတင်အသုံးပြုနိုင်သည့်နေ့အထိ ကျိုက္ခမီသုဿန်ရေရှည်ထိန်းသိမ်းရေး ကော်မတီနှင့်ပူးပေါင်းပြီး စက်စဲကျေးရွာ ခေတ်မီမီးသဂြိုလ်စက် ဖြစ်မြောက်ရေးကော်မတီနှင့်ပူးပေါင်းကာ စနစ်တကျအသုံးပြုနိုင်သည်အထိ အောင်မြင်စွာကူညီပံ့ပိုးပေးနိုင်ခဲ့သည်။





(၁) မြန်မာနိုင်ငံ မွန်ပြည်နယ် စက်စဲစံပြကျေးရွာ NLD ပါတီရုံးဖွင့်စေနိုင်ရန်မှအစ ရုံးဖွင့်ပွဲအခမ်းအနား အောင်မြင်စွာဖွင့်လှစ်ပေးနိုင်သည် အထိအတတ်နိုင်ဆုံးကူညီပေးနိုင်ခဲ့သည်။


Post a Comment

0 Comments

Close Menu