Ad Code

Responsive Advertisement

#Email အီးမေးလ် ပို့ရန်၊ လက်ခံရန် မည်သို့ အလုပ်လုပ် ဆောင် သည် ကို ဖေါ်ပြလိုက်ပါသည်

#Email
ကျွန်တော် တို့သည် နေ့စဉ် အီးမေးလ် ကို အသုံးပြုနေကြပေသည်၊ မျက်မှောက် ခေတ်တွင် ရုံးလုပ်ငန်း နှင့် အခြား အခြားသော လုပ်ငန်းများ အတွက် အီးမေးလ်သည် မရှိမဖြစ် သော လိုအပ် ချက် တခု ဖြစ်လာလေသည်၊ ထို့ကြောင့် အီးမေးလ် ပို့ရန်၊ လက်ခံရန် မည်သို့ အလုပ်လုပ် ဆောင် သည် ကို ဖေါ်ပြလိုက်ပါသည်။
အီးမေးလ် ပို့ရန် အတွက်ဖြစ်ဖြစ်၊ လက်ခံရန် အတွက်ဖြစ်ဖြစ်၊ သက်ဆိုင်ရာ OS (operating system) မှာ အသုံးပြုလို့ ဖြစ်နိုင်တဲ့ software (email client) တခုခုတော့ လိုအပ်ပါတယ်၊ ဥပမာ။ ။ Windows OS အတွက် MS Outlook လို software မျိုးပါ၊ တခြား email client များ ကို ဒီလင့် http://cubiq.org/the-best-email-clients-for-windows-2016 မှ တဆင့် ကြည့်ရှုလေ့လာ နိုင်ပါတယ်၊ email client များ အပြင် web browser မှ တဆင့် အီးမေးလ် ပို့ဆောင်၊ လက်ခံ နိုင်တဲ့ web interface ကို အသုံးပြုနိုင်တဲ့ email client မျိုးလည်း ရှိပါသည်၊ ဥပမာ။ ။ Gmail, Outlook web apps from Microsoft
အီးမေးလ် ပို့ဆောင်ရန် အတွက် အထက်တွင် ဖေါ်ပြထားသော email client တခုခုက၊ သက်ဆိုင်ရာ အီးမေးလ်ဆာဗာ ဆီသို့ SMTP (Simple Mail Transfer Protocol) ကို အသုံးပြုကာ ပေးပို့ နိုင်ပေသည်၊ သက်ဆိုင်ရာ အီးမေးလ်ဆာဗာ သည် ပေးပို့လိုသော email addresses များ နှင့် သက်ဆိုင်သော အီးမေးလ်ဆာဗာ များသို့ တာဝန်ယူပို့ဆောင်ပေး ပေသည်၊ SMTP (Simple Mail Transfer Protocol) သည် TCP/IP port 25 ကို အသုံး ပြုသည် ကို သတိပြုသင့်ပေသည်။
ပေးပို့လိုက်သော အီးမေးလ်သည်၊ သက်ဆိုင်ရာ အီးမေးလ် ဆာဗာ တွင် ရောက်ရှိလာပါက၊ ၎င်း အီးမေးလ် ကို POP3 (Post Office Protocol 3) (သို့) IMAP (Internet Access Message Access Protocol) တခုခု ကို အသုံးပြုကာ၊ email client တခုခု မှ နေ၍ ဖတ်ရှု နိုင်ပြီ ဖြစ်ပေသည်။
POP3 ကို အသုံးပြု၍ အီးမေးလ် များကို အီးမေးဆာဗာ မှ မိမိ၏ ကွန်ပြူတာ ဆီသို့ download လုပ်ယူ ကာ ဖတ်ရှု နိုင်ပေသည်၊ အီးမေးလ် များ သည် မိမိ ကွန်ပြူတာ ၏ hard disk ဆီ သို့ download ရယူပြီး ဖြစ်သဖြင့်၊ အီးမေးအဟောင်း များကို ဖတ်ရှုရန် အတွက်၊ အင်တာနက် ကွန်နက်ရှင် ရှိရန် မလိုအပ်ပေ၊ အီးမေးလ် များကို အီးမေးလ်ဆာဗာ မှ သက်ဆိုင်ရာ ကွန်ပြူတာ သို့ download လုပ် အပြီးတွင်၊ အီးမေးလ်ဆာဗာ မှ ထို download လုပ်ပြီးသား အီးမေးလ်များကို ဖျက်ပစ် လိုက်လေသည်၊ ထိုသို့ မဖျက်ပစ် ချင်ပါက၊ “Leave the messages on the server” (သို့) အလားတူ option တခုကို ရွှေးချယ် ပေးရ မည်ဖြစ်သည်၊ သတိပြုသင့် သည်မှာ တချို့သော အီးမေးလ်ဆာဗာ များ တွင် quota သတ်မှတ်ချက် ရှိသောကြောင့်၊ သင်၏ အီးမေးလ်မက်ဆေ့ခ်ျ များ အတွက် quota ရောက်ခါနီးတွင်၊ သင်ထံသို့ အီးမေးလ်ဆာဗာ မှ alert ပေးပို့ မည်ဖြစ်ပေသည်။
IMAP ကို အသုံးပြု၍ email client တခုခု မှ တဆင့် အီးမေးလ်များ ကို ဖတ်ရှုနိုင်ပေသည်၊ POP3 နှင့် ကွာခြားသည်မှာ IMAP ကို အသုံးပြုပါက၊ သင်၏ အီးမေးလ်မက်ဆေ့ခ်ျ များသည် အီးမေးဆာဗာ တွင် သာ ရှိနေပေသည်၊ မိမိ၏ email client တွင် အီးမေးလ်မက်ဆေ့ခ်ျ များ၏ header များသာ တွေ့မြင်ရမည် ဖြစ်ပေသည်၊ သက်ဆိုင်သည့် အီးမေးလ် တစောင် ကို ဖတ်ရှု လိုက်သည့် အခါမှ သာ ၎င်း အီးမေးလ် ကို ဆာဗာ မှ download လုပ်ယူကာ ဖတ်ရှု နိုင်ပေသည်၊ သတိပြုရန် မှာ IMAP ကို အသုံးပြုပါက၊ အီးမေးလ်မက်ဆေ့ခ်ျ အဟောင်း အသစ်များကို ဖတ်ရှု နိုင်ရန် အင်တာနက် ကွန်နက်ရှင် လိုအပ်ပါသည်၊ အကြောင်းမှာ အီးမေးလ်ဆာဗာ မှ download လုပ်ယူရန် အတွက် ဖြစ်ပေသည်။
@ I.T.W




Post a Comment

0 Comments

Close Menu