Ad Code

Responsive Advertisement

♪ “FACEBOOK နှင့် AD BLOCKERS တို့တိုက်ပွဲဝယ်” ♫


မြန်မာပြည်မှာအစိုးရနဲ့နီးစပ်တဲ့ကုမ္ပဏီတွေကတစ်ဆင့်PAC ချပေးလိုက်တဲ့ အချိန်မှာအင်တာနက်စပြီးသုံးကြရပါတယ်။အများပြည်သူသုံးအင်တာနက် ခေတ်ဦးဖြစ်တဲ့ (၂၁) ရာစုနှစ်အ၀င်မှာအွန်လိုင်းလောကကိုအခမဲ့နာမည်ခံပြီး ကြီးစိုးတာကGoogle ပါ။သူ့ဝန်ဆောင်မှုတွေကိုအခမဲ့ပေးတယ်။ကြော်ငြာမထိုး ဘူးလို့အာမခံတယ်။Webpage ပေါ်မှာကြော်ငြာအတည်မထိုးဘူး။ဖျိုးကနဲ ဖျတ်ခနဲPop-up ကြော်ငြာတွေဖွင့်မပြဘူး ..မှန်တယ်။ဒါပေမယ့်နောက်ပိုင်း မှာSearch result တွေမှာကြော်ငြာထိုးပါတယ်။email ဖွင့်ရင်အောက်ခြေမှာ စာတန်းပြေးနဲ့ကြော်ငြာထိုးတယ်။ကြော်ငြာကိစ္စနဲ့Google စပြီးသရုပ်ပျက်လာ ချိန် မှာfacebookစပြီးပေါ်လာပါတယ်။သူလည်းအခမဲ့ပါပဲ။အာမခံချက်လည်း ပေးတယ်။အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုကြော်ငြာရှင်တွေဆီရောင်းမစားပါဘူးတဲ့။Facebook ရဲ့Webpage တွေမှာကြော်ငြာမထိုးပါ ဘူးတဲ့။သုံးစွဲသူတွေကမ္ဘာအနှံ့မရှိခင်ကဖြင့်သူ့ကတိအတည်ရှာသား။သုံးစွဲသူသန်းတစ်ထောင်လည်း ကပ်ရောfacebookဗွေဖောက်လာပါတယ်။Pages ဆိုတာကိုတီထွင်ပြီးကြော်ငြာလုပ်ငန်းရှင်တွေကိုအခကြေးငွေနဲ့လက်ခံလာပါတယ်။Pages မှာအခမဲ့ဆိုတာရှိပေမယ့်Facebook သုံးစွဲသူတွေဆီကြော်ငြာ ရောက်စေပါမယ်လို့အာမမခံပါဘူး။
အခပေးpages ၀ယ်ရင်ဖြင့်Facebook သုံးစွဲသူတွေထဲကကြော်ငြာသင့် တယ်လို့ ထင်သူတွေဆီကြော်ငြာတွေအရောက်ပို့ပါတယ်။အခုဆိုရင် Facebook မှာနာမည်ကြီးကုမ္ပဏီအတော်များများရဲ့အခပေးpages တွေရှိနေ ပါပြီ။လူကြည့်များတဲ့တချို့သောအခမဲ့pages တွေကလည်းကြော်ငြာ လက်ခံ ပါတယ်။ဒါကြောင့်Facebook သုံးတဲ့သူအတော်များများဟာကြော်ငြာနဲ့ မလွတ် ဆိုတာမျိုးဖြစ်လာတယ်။နာမည်ကြီးအခမဲ့pages တွေဝင်ကြည့်မိရင်ကိုယ့်ဆီ ကြော်ငြာတွေမကြာခဏ လာမယ်။ကုမ္ပဏီတွေရဲ့အခပေးpages တွေကြည့် မိရင်လည်းကြော်ငြာတွေလာမယ်။ကိုယ်ရဲ့ဆက်စပ်ရာသူငယ်ချင်းတွေအုပ်စုဖွဲ့ထားရင်လည်းသူတို့ကြည့် တဲ့ကြော်ငြာတွေကိုယ့်ဆီရောက်လာမယ်။လူရဲ့ သဘောသဘာဝကခက်သားကလား။ကိုယ်ကြည့်ချင်တဲ့ကြော်ငြာကိုသာအ ပင်ပန်းခံပြီးသွားကြည့်ချင်ကြည့်မှာ။ကိုယ့်ဆီဇွတ်လာပြတဲ့ကြော်ငြာကြတော့ သိပ်ပြီးမလိုလားကြပါဘူး။နောက်ပြီးအင်တာနက်သုံးစွဲခပေးရတဲ့ ပုံစံကလည်း ပြောင်းသွားတယ်လေ။အရင်တုန်းကဖွံ့ဖြိုးပြီးတိုင်းပြည်တွေမှာအင်တာနက် သုံးခကတစ်လစာပုတ်ပြတ်ပါ။နှစ်ဆယ့်လေးနာရီကြိုက်သလောက်သုံးပေမယ့်ပုံသေနှုန်းတစ်ခုတည်း နဲ့ကောက်ပါတယ်။အခုထိလည်းအင်္ဂလန်လိုနိုင်ငံမျိုးမှာ 4G အတွက်ပုတ်ပြတ်စနစ် (Unlimited) ကရှိနေတုန်းပါ။ဒါမျိုးဆိုရင် ပြဿနာ မရှိဘူး။နိုင်ငံအတော်များများမှာကအင်တာနက်ကိုdataပမာဏနဲ့ပေးပြီးသုံးနေရလို့ကြော်ငြာထိုးရင်ထိုး သလောက်ကိုယ့်စာရင်းထဲမှာdataပမာဏတက်မယ်။ကြော်ငြာခယူသွားတာကwebsite၊ကြော်ငြာအထိုး ခံခပေးလိုက်ရတာကသုံးစွဲသူ။အဲဒီတော့သုံးစွဲသူတွေဟာကြော်ငြာတွေကိုပိတ်ဆို့ဖို့Ad blocker တွေကို သုံးစွဲလာပါတယ်။
ဒီမှာတင်ကြော်ငြာဝင်ငွေမြိုးမြိုးမြက်မြက်စားနေရတဲ့facebookအပါအ၀င် website တွေနဲ့Ad blocker ရေးတဲ့ကုမ္ပဏီတွေကြားမှာတိုက်ပွဲဖြစ်လာပါတယ်။
လောလောဆယ်မှာfacebookနဲ့Ad blocker တွေကြားမှာဖြစ်တဲ့တိုက်ပွဲက အပြင်းထန်ဆုံးပါ။လူမှုကွန်ရက်ပေါ်ကကြော်ငြာလုပ်ငန်းမှာfacebookနဲ့Ad blocker တွေပညာကုန်သုံးပြီးတိုက်ပွဲဆင်နေပါတယ်။Facebook အထိနာ သလား ဆိုရင်ကနဦးပိုင်းမှာပဲအထိနာပါတယ်။Browser ကတစ်ဆင့် facebookထဲဝင်တာမျိုးဆိုရင်Ad blocker တွေကိုတန်ပြန်ဖို့ကိစ္စကိုfacebook ကထိထိရောက်ရောက်မလုပ်နိုင်လို့ ဖြစ်ပါတယ်။ဒါပေမယ့်အခုအချိန်မှာ Facebook ကကွန်ပျူတာအတွက်သီးခြားapp ရှိပြီးဖြစ်တဲ့အပြင်ဖုန်းနဲ့ တက်ဘလက် သုံးသူအားလုံးနီးပါးကလည်းfacebook app ကတစ်ဆင့်ဝင်သုံး နေကြပါတယ်။ဒါကြောင့်Ad blocker တွေတန်ပြန်ဖို့ထိထိရောက်ရောက် လုပ်လာ နိုင်ပါတယ်။ကြော်ငြာထုတ်လုပ်သူတွေနဲ့Ad blocker တွေနဲ့အဓိက ထိတွေ့တိုက်ပွဲဖြစ်တဲ့နေရာကFacebook ရဲ့Newsfeed နေရာမှာ ဖြစ်ပါတယ်။ Facebook ဖက်ကလည်းသုံးစွဲသူတွေAd blocker သုံးချင်စိတ်နည်းအောင် သူတို့ရဲ့ Newsfeed ထဲမှာဘာကိုပဲပေါ်စေရမယ်ဆိုတဲ့ရွေးချယ်ပိုင်ခွင့်တွေပိုပြီး ပေးလာပါတယ်။ကြော်ငြာထုတ်လုပ်သူတွေရဲ့ လုပ်ဆောင်ချက်ကတော့ Facebook ထက်ပိုပြီး ပြင်းထန်ပါတယ်။website ထဲကcontent တွေကြည့်ချင် တယ်ဆိုရင်အရင်ဦးဆုံးAd blocker တွေပိတ်ပေးရမယ်။မပိတ်ပေးရင် မကြည့် ရဘူးဆိုပြီးအကြပ်ကိုင်တဲ့အထိလုပ်လာပါတယ်။
နောက်ဆုံးရောက်နေတဲ့အခြေအနေကFacebook ဟာကြော်ငြာတွေကို ဘယ်ပုံဘယ်နည်းနဲ့ပဲwebpage ပေါ်မှာ ပြရမယ်ဆိုတဲ့ထိန်းချုပ်ပိုင်ခွင့်အများ အစားကို သုံးစွဲသူလက်ထဲထည့်ပေးလိုက်ပြီးကြော်ငြာအတော်များများက သုံးစွဲသူတွေအတွက်အသုံးတည့်ပါတယ်လို့ပြောထားပါတယ်။တချို့ကြော်ငြာ တွေကwebpage ပေါ်မှာစာ ဖတ်ရတဲ့အခါရှင်းရှင်းလင်းလင်းဖတ်လို့မရအောင် ဖြစ်စေတဲ့အပြင်page loading နှေးကွေးစေတယ်ဆိုတာလည်းဝန်ခံထား ပါတယ်။Facebook ကထုတ်ပေးတဲ့Ad preference setting မှာအတော်လေး အသေးစိတ်ကျကျအချက်အလက်တွေပါပါတယ်။ဒါကြောင့်သုံးစွဲသူတွေအနေနဲ့ဘယ်လိုကြော်ငြာခေါင်း စဉ်လောက်ပဲ မြင်ချင်တယ်။ဘယ်လိုကုမ္ပဏီက ကြော်ငြာလောက်ပဲ မြင်ချင်တယ်ဆိုတာမျိုးကိုရွေးချယ် ပိုင်ခွင့်ရှိလာပါမယ်။
Facebookကဒီလိုအခွင့်အရေးတွေပေးလာတာရှိပေမယ့်တစ်ဖက်က ပြန်ယူ တာတွေလည်းရှိပါတယ်။Facebook ကသူ့Website ပေါ်မှာblocking tools သုံးသူတွေကိုဇွတ်ကြော်ငြာတွေပြမယ်လို့ကြော်ငြာပါတယ်။ဘယ်ကြော်ငြာကိုမှမကြည့်ချင်ပါဘူးလို့ဆိုတဲ့ သုံးစွဲသူတွေကိုအကြပ်ကိုင်လိုက်တဲ့သဘောပါ။ Facebook ရဲ့အကြပ်ကိုင်မှုကိုဖိတ်ခေါ်တာကAd block Plus ဆိုတဲ့Ad-blocking tool ဖြစ်ပါတယ်။Facebook ရဲ့ကြော်ငြာချက်ထွက်ပြီးရက်ပိုင်း အတွင်းမှာပဲFacebook ရဲ့ဇွတ်ကြော်ငြာအစီအစဉ်အတွက်ဘယ်လိုတုံ့ပြန် ဆောင်ရွက်ရမယ်ဆိုတာကိုAdblocker Plus ရေးတဲ့ကုမ္ပဏီကလုပ်ထုံး လုပ်နည်းနဲ့ တကွတင်ပြသွားပါတယ်။
Facebook သုံးစွဲသူတွေအနေနဲ့အဲဒီwebsite ပေါ်မှာကြော်ငြာကိုရှောင်နိုင်မယ် ဆိုတဲ့သဘောပါ။Facebookပညာရှင်တွေကလည်းခေသူတွေ မှတ်လို့။ Adblock plus ရဲ့လုပ်ဆောင်ချက်တွေကိုငြိမ်ခံမနေပါဘူး။Ad-blocker တွေရဲ့နောက်ဆုံးပေါ်ကြိုးပမ်းချက်မှန်သမျှကိုdisable လုပ်ပစ်ဖို့ကြိုးစားနေ ပါတယ်။Ad-blocker တွေရဲ့လှည့်ကွက်ကFacebook သုံးစွဲသူရဲ့သူငယ်ချင်း တွေ မိသားစုဝင်တွေပို့တဲ့post တွေကိုဖယ်ရှားပစ်တာဖြစ်ပြီးဒီလိုဖယ်ရှားရင်း ကနေကြော်ငြာတွေကိုပါဖယ်ရှားတာလို့ဆိုပါတယ်။Adblocker plus ဖက်က လည်းfacebookရဲ့လုပ်ရပ်ကိုတန်ပြန်ဖို့နောက်ထပ်လုပ်ထုံးလုပ်နည်းအသစ် တစ်ခုကိုထပ်ထုတ်ပါတယ်။Facebook ကထပ်ပြီးခြေဖျက်ဦးမှာလည်း အမှန်ပါပဲ။Ad-blocker တွေကfacebookကြော်ငြာတွေကိုဖယ်ချင်တယ်။ Facebook ကခွင့်မပြုနိုင်ဘူး။ဒါကြောင့်မင်းတစ်ချက်ငါတစ်ချက်တိုက်ပွဲကို facebookပုံမှန်သုံးသူတွေနေ့စဉ်နဲ့အမျှတွေ့ရပါလိမ့်မယ်။blocker တွေဖက် ကအရေးသာတဲ့အခါမှာကြော်ငြာတွေကိုအချိန်အများစုမှာမမြင်ရဘဲတစ်ခါ တလေမှ မြင်ရပါမယ်။ပုံမှန်မြင်နေကျpost တွေတက်မလာတာကိုလည်း သတိထားမိပါလိမ့်မယ်။နှစ်ဖက်လုံးကတော့မီးကုန်ယမ်းကုန်တိုက်ကြမယ့် အခြေအနေရှိပါတယ်။
ကြော်ငြာတွေပိတ်ဆို့သုံးနိုင်တဲ့နည်းလမ်းတွေအများကြီးရှိသလိုfacebookဖက်ကလည်းသူ့code တွေကို အနည်းအပါးအလှည့်အပြောင်းလုပ်ရုံနဲ့ad-blocker တွေရဲ့ထိရောက်မှုကိုလျော့ချနိုင်မယ့်အခြေအနေရှိပါတယ်။အနာဂတ်ကာလ မှာFacebook ပေါ်ကကြော်ငြာတွေကိုAd-blocker တွေကပိတ်နိုင်မယ် မထင်ဘူး ဆိုတဲ့မှန်းဆချက်တွေလည်းရှိပါတယ်။ဒီအခြေအနေရောက်ရင်ဖြင့် Facebook ကို ဖြတ်ရင်ဖြတ်မဖြတ်နိုင်ရင် www.facebook.com/ads/ preference ကိုဝင်ပြီးကြော်ငြာအနည်းဆုံးဖြစ်အောင်ညှိယူဖို့ပဲရှိပါလိမ့်မယ်။

နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday)

Post a Comment

0 Comments

Close Menu