Monday, October 17, 2016

စိတ်ပါလက်ပါ အားထုတ်ပါ။


စိတ်ပါလက်ပါ အားထုတ်ပါ။
===============
တရားအလုပ်အားထုတ်တဲ့အခါ ဂရုတစိုက် တကယ်အားထုတ်ရင်၊ စိတ်ပါလက်ပါ တ
ကယ်အားထုတ်ရင် သိစရာသဘောတရားတွေကို သိတယ်။ နောက်ပြီးတော့ ဒီသဘောတွေကို
သေချာသိလာပါတယ်။ ဒါကြောင့် သူတော်ကောင်းတို့အနေနဲ့ တရားအလုပ်ကို စိတ်ပါလက်ပါ
အားထုတ်လိုက်စမ်းပါ။ ဂရုတစိုက် အားထုတ်လိုက်စမ်းပါ။
အ၀တ်ကလေးစုတ်လို့ ချုပ်တော့မယ်၊ သူများတွေကိုလည်း မခိုင်းတော့ဘူးဆိုရင် ဟိုး
တုန်းကဆိုရင် သံချေးမတက်အောင် အပ်တွေကို အုန်းဆီပုလင်းထဲမှာ ထည့်ထားတယ်ဆို
တော့ အုန်းဆီပုလင်းထဲက အပ်ကလေးကို သွားယူရပါမယ်။ အပ်ကလေးယူပြီး နဖားလေးမှာ
အုန်းဆီတွေကပ်နေတော့ တစ်ခုခုနဲ့ ထိုးထုတ်ဖယ်ရှားရပါဦးမယ်။ ပြီးတော့ အပ်ချည်လုံးလေးယူ
အပ်ချည်စလေးယူပြီး အပ်နဖားကို အပ်ချည်ထိုးရပါတော့မယ်။ တစ်ဘက်ကအပ်ချည်အဖျားသာ
သာလေးကို ကိုင်ထားတယ် နောက်တစ်ဘက်က အပ်ကိုကိုင်ထားရပါတယ်။ 
အပ်နဖားကို အပ်ချည်နဲ့ထိုးတော့ အပ်ကို ဇောက်ထိုးကိုင်ထားရပါတယ်။ ထိုးမယ်ဆိုတော့
အပ်နဖားကိုလည်း ကြည့်ရသေးတယ်။ အပ်ချည်အဖျားကိုလည်း ကြည့်ရပါသေးတယ်။ အပ်ချည်
အဖျားကလေးက ဖွာနေရင် သွားနဲ့ကိုက်ပြီးဖြတ်ရင်ဖြတ်၊ မဖြတ်ရင် လက်ကလေးနဲ့ သပ်ပြီးချွန်
အောင် လုပ်ရပါဦးမယ်။
အခုလို ပြောပေးနေတာ အပ်နဖားထိုးသင်နေတာ မဟုတ်ပါဘူး။ အလုပ်တစ်ခု လုပ်တဲ့
အခါ ဂရုတစိုက် အာရုံစိုက်ရတာကို ပုံပေါ်အောင် သဘောပေါက်အောင် ပြောတာပါ။ အဲဒီလို
အာရုံစိုက်ရတာဟာ ဂရုစိုက်တာပါ။ ဂရုစိုက်တဲ့အထဲမှာ ညောင်းတာပါသလား၊ နာတာပါသလား၊
ပင်ပန်းတာပါသလား၊ မပါပါ။ 
ဂရုစိုက်တဲ့အထဲမှာ သတိ ပါပါတယ်။ ၀ီရိယ ပါပါတယ်။ ဒီအပေါက်လေးနဲ့ ဒီအပ်ချည်
အဖျားလေးနဲ့ ထိုးတော့မယ်ဆိုရင်၊ ဒီလိုဆို ထိုးလို့ ရနိုင်၊ မရနိုင် ဆုံးဖြတ်နိုင်ရပါတယ်။ အဲဒီလို 
ဆုံးဖြတ်နိုင်ဖို့ကလည်း ဉာဏ်ပါရပါတယ်။ ဂရုစိုက်ရင် သတိပါတယ်၊ ၀ီရိယပါတယ်၊ ဉာဏ်ပါပါ
တယ်။ အပ်နဖားကို အပ်ချည်နဲ့ ထိုးမိအောင် ကြည့်နေတာ သမာဓိ ရှိလို့လည်း သမာဓိ ပါပါတယ်၊
ဂရုစိုက်ရင် သတိ၊ ၀ီရိယ၊ သမာဓိ၊ ပညာ လေးမျိုး ပါပါတယ်။ 
အပ်ချည်ယူပြီးတော့ အပ်နဖားထိုးမယ် ဆိုကတည်းက ကိုယ့်ကိုယ်ကို ထိုးတတ်တယ်။ မ
ထိုးတတ်ဘူးဆိုတာ သိပါတယ်။ အပ်နဖား ထိုးတဲ့အလုပ်ကို “ကိုယ်ထိုးရင် ရမယ်” ဆိုတဲ့ ကိုယ့်
ကိုယ်ကို ယုံကြည်မှု၊ ကိုယ့်အလုပ် အောင်မြင်မယ်ဆိုတဲ့ ယုံကြည်မှု သဒ္ဓါမျိုးပါပြီး နေပါတယ်။
ဒါကြောင့် သဒ္ဓါလည်းပါတယ်။ ၀ီရိယလည်းပါတယ်။ သတိလည်းပါတယ်။ သမာဓိလည်း
ပါတယ်။ ပညာလည်းပါတယ်။ အဲဒီ ငါးပါးကို ဗိုလ်ငါးပါးလို့ ခေါ်ပါတယ်။ ဣနြေ္ဒငါးပါးလို့ ခေါ်ပါ
တယ်။ ဒီ ဣနြေ္ဒတွေရှိနေရင် ကုသိုလ်အလုပ်ကို မဖြစ်အောင် တာဆီးဖျက်ဆီးတတ်တဲ့ အကုသိုလ် 
ကိလေသာတွေကို ပေးမဖြစ်ပါဘူး။ ကိလေသာတွေကို ပယ်သတ်နိုင်ပါတယ်။
ဒါကြောင့်တရားအားထုတ်တဲ့အခါ ထိုင်နေစဉ်၊ ရပ်နေစဉ်၊ လျောင်းနေစဉ်၊ လမ်းလျှောက်
နေစဉ်၊ လက်လှုပ်ခြေလှုပ် လှုပ်နေစဉ်၊ ခန္ဓာကိုယ်ငြိမ်နေစဉ် စတဲ့ နေ့စဉ်အလုပ်၊ နေ့စဉ်အမူ
အရာတွေမှာ နေစဉ် အလုပ်အားဖြင့် ဂရုတစိုက် စိတ်ပါလက်ပါ သေသေချာချာအားဖြင့် သဘော
ပေါက်အောင်၊ အမှန်အတိုင်းမြင်အောင်၊ သိအောင် ကြိုးစားရပါမယ်။ ဖြစ်နေစဉ်၊ ပြုနေစဉ်၊ ဖြစ်
တဲ့အခိုက် ပြုတဲ့အခိုက် သဘောတရားတွေကို အထူးအားဖြင့် ကိုယ်ကောင်ကြီးနဲ့ စပ်တဲ့ ရုပ်သ
ဘောတရားတွေကို စိတ်နဲ့စပ်တဲ့ နာမ်သဘောတရားတွေကို အမှန်အတိုင်း သိ၊ သေချာသိအောင် 
အားထုတ်ကြရမှာပါ။
အဲဒီလို နေ့စဉ်အလုပ် နေစဉ် လုပ်သောအားဖြင့် ၀ိပဿနာ တရားကို နည်းမှန် လမ်းမှန်
အားထုတ်ကြရမှာပါ။ မိမိတို့ တရားထိုင်တဲ့အခါ ထိုင်တဲ့သဘောကို စိတ်ပါလက်ပါ ဂရုစိုက်ရပါ
မယ်။ သူတော်ကောင်းတို့ ကလည်း ဒီ တရားသဘောကို နားလည်သဘောပေါက်ကြပြီး “ သိ၊
သေချာသိအောင် ဂရုတစိုက် စိတ်ပါလက်ပါ အားထုတ်နိုင်ကြပြီးလျှင် မြတ်နိဗ္ဗာန်ကို ရရောက်
နိုင်ကြပါစေ ကုန်သတည်း။ ။
{ ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ ဟောကြားတော်မူသော နေ့စဉ်အလုပ် နေစဉ်လုပ်တရား}

0 comments:

Post a Comment