Ad Code

Responsive Advertisement

သွေးလွန်တုပ်ကွေး ကာကွယ်မနှေး ဆောင်ရွက်ပေး


မိုးတွင်းကာလတွင် အဖြစ်မျုားဆုံးသော ရောဂါမှာ သွေးလွန်တုပ်ကွေးရောဂါဘဲဖြစ်ပါတယ် ကလေးသူငယ်များ အဖြစ်များသော ရောဂါလည်း ဖြစ်ပါသည် ကလေးသူငယ်များ၏ခန္ဓာကိုယ်တွင် ခြင်ကိုက်ထားသည့် အပိတ်အဖုလေးများ ရှိခြင်း ၊ ကလေးမှာဖျားနေပြီး မှေးမှိန်းတတ်နေခြင်း ၊အန့် တတ်သောအခါတွင် အရောင်မှာ ကော်ဖီရောင် အဖြစ်ရှိနေခြင်း ဖြစ်ပေါ်တွေ့ ရှိနေပြီးဆိုပါ နီးစပ်ရာ ကျန်းမာရေး ဆေးရုံးဆေးခန်းများကို စောလျှင်စွာ သွားရောက်ပြသင့် ကုသသင့်ကြောင့် ဦးစွာပြောကြားလိုပါသည် ။
လူ့ အသက်ကို ကောင်းကောင်းဒုက္ခပေးတတ်သောကြောင့် လူတိုင်း သွေးလွန်တုပ်ကွေးဆိုလျှင် လူတိုင်းမှာ ကြောက်လန့် တတ်ကြပါတယ် ။ ဒီရောဂါဖြစ်ရခြင်းက ခြင်ကိုက်ခြင်းကြောင့်ဖြစ်ပါတယ်။ 

၊ရောဂါပိုးသယ်ဆောင်နေသောခြင်အမျိုးအစားမှာ အေးဒီးစ် ( Aedes ) ခြင်အမျိုးအစားဖြစ်ပါသည် ငြိမ်သက်သောရေများတွင်းသာ အဓိက ပေါက်ဖွားမူ့ များပါသည် ။နေ့ ခင်းတွင် ကိုက်တတ်သောကြောင့် ကလေးများကို ပေါ့ပေါ့ပစ်မထားသင့်ဘဲ ခြင်မကိုက်ခြင်းမှ ကင်းဝေရန်လည်း အရေးကြီးလုပ်ဆောင်ပေးရပါလိမ့်မည် သို့ မှသာ ကလေးများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ခြင်းမှ ကင်းဝေစေနိုင်ပါသည်။

ကြိုတင်ကာကွယ်ရန် ဆေးများလည်း မရှိသေးသောကြောင့် ပေါ့ဆမနေသင့်သော ရောဂါလည်း ဖြစ်ပါသည်။

ရေဂါဖြစ်ပါက သွေးလွန် တုပ်ကွေးကို လေးမျိုးခွဲခြားသတ်မှတ်ထားရှိပါသည် ………………

(၁)ပုံမှန်တုတ်ကွေးမိသကဲ့သို့သာ ဖျားပြီး နေက်ရက်တွင် ပြန်လည်နေပြန်ကောင်းသွားတတ်သည်။ယေဘုကျအားဖြင့် သိရှိနိုင်တာက မိမိလက်မောင်းတွင် သွေးပေါင်ချိန်တိုင်းသော ကိရိယာဖြင့် ငါးမိနစ်ခန့် ခပ်တင်းတင်း စည်းထားပါက အနီအစက်အပျောက်များ ပေါ်လာသည်ကိုတွေ့ရတတ်ပါသည်။ ၎င်းကို Hess test ဟုခေါ်ပါသည်။
(၂) ဒီအဆင့်က အဖျားပိုကြီးလာသည့်အပြင် ဖျားနေသူမှာ အန်တတ်လာတော့သည် coffee ရောင်များ အန်ခြင်း၊ သွားဖုန်း သွေးယိုခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း များဖြစ်တတ်ပါသည်။
(၃) ဖော်ပြပါ လက္ခဏာများအပြငိ ကလေးက အရင်လို့ မဟုတ် မျက်နှာ မရွင်တောဘဲ ကလေးအရမ်းမှိန်းလာခြင်းကြောင့် သိသာလာပါတယ်၊ အထူး သတိထားပါ သတိလစ်လာမယ်၊ ခြေဖျားလက်ဖျားများ အေးစက်လာခြင်း များဖြစ်တတ်ပါသည်။ ၎င်း လက္ခဏာများသည် ကလေးတွင် shock (သွေးလန့်ခြင်း) ရတော့မည့် လက္ခဏာများဖြစ်ပါသည်။
(၄) ဒီအဆင့်တွင် မြင့်မှားလို့  လာပါတော့သည် သွေးပေါင်ချိန်နှင့်သွေးခုန်နှုန်း တိုင်းလို့မရတော့ဘဲ သွေးလန့်ခြင်းအဆင့်သို့ ရောင်သွားတတ်ပါသည်။

ရောဂါလက္ခဏာတွေဟာလည်း ရိုးရိုးအအေးမိ လက္ခဏာတွေနဲ့လည်း ဆင်တူနိုင်ပါတယ်။ ဒါကြောင့် သွေးလွန်တုတ်ကွေးဖြစ်တဲ့အခါ ဘယ်အကြိမ်မှာ ပိုဆိုး မလဲဆိုတာမှန်းဆဖို့ခက်ခဲနိုင်ပါတယ်။
ရောဂါလက္ခဏာ အပျော့စားအနေနဲ့ Platelets ခေါ်တဲ့ သွေးခဲစေတဲ့ပစ္စည်း နည်းသွားတာ (Throm- Bocytopenia) နဲ့ သွေးရည် ပျစ်သွားတာ (Haemo- Concentration) တို့ ဖြစ်နိုင်ပါတယ်။ “Thrombo- Cytopenia” ကို သွေးဖောက် စစ်ဆေးကြည့်နိုင်ပြီး၊ Haemoconcentration ကိုတော့ PCV လို့ ခေါ်တဲ့ သွေး နီဥ ပမာဏ (Packed Cell Volume) ကို ဆက်တိုက် စစ်ဆေးကြည့်ရင်သိနိုင်ပါတယ်။
ရောဂါပိုဆိုးတဲ့ လက္ခဏာတွေကတော့ သွေး ပေါင်ချိန် ကျသွားပြီး Circulatory Failure လို့ ခေါ်တဲ့ (သွေးလန့်)သွားနိုင်တာဖြစ်ပါတယ်။
သွေးလွန်တုတ်ကွေးရောဂါတွင် ကြောက်စရာအကောင်းဆုံးမှာ shock ပင် ဖြစ်ပါသည်။

သွေးလွန်တုပ်ကွေး ဖြစ်နေပါက ဘယ်လိုကုသကြမလဲ..............

ကလေးကို ဒီအချိန်မှာ ဂရုစိုက်ဖို့ လိုပါတယ်။ ဖျားရင် သိရမယ်။ ကလေးမှိန်းရင် သိရမယ်။ အစားမဝင်ရင် သိရမယ်။ ကလေးအန်ရင် သိရမယ်။ ဖျားရင် အနီးဆုံး ဆေးရုံဆေးခန်းကို သွားပြပါ။ ဆရာဝန်က လိုအပ်သလို စစ်ဆေး အကြံပေးပါလိမ့်မယ်။ အဖျားက တစ်ခါတစ်လေ နှစ်ရက်သုံးရက်နဲ့ မကျ တတ် ပါဘူး။ စိတ်ပူပြီး အဖျားမကျကျအောင် ဆေးမြီတိုတွေ မသုံးပါနဲ့။ အရေးကြီးတာက အဖျားကျတိုင်း ရောဂါ ပျောက်တာ မဟုတ်ဘူးဆိုတာ သိထားရမယ်။ အဖျား ကျအောင်လုပ်တဲ့ နည်းတွေထဲက အန္တရာယ် အကြီး ဆုံးကတော့ မက်ကလောင်ဖောက်တာပဲ။ နှစ်စဉ် မက်က လောင်ဖောက်တာကနေ ပိုးဝင်ပြီးတော့ အသက်ဆုံးရှုံး သွားတဲ့ကလေးတွေမနည်းလှဘူး။

နောက်တစ်ချက်က သွေးလွန်တုပ်ကွေး ဆိုတာ ဖြစ်တာ သေချာရင် ပိုမဆိုးအောင် တားဆီးလို့ရတာမျိုး မဟုတ်ပဲ လိုအပ်တဲ့ကုသမှုကို လိုအပ်ချိန်မှာ အမြန်ရဖို့ အရေးကြီးတာဖြစ်တယ်။ စပြီးသွေးပေါင်ချိန် ကျချိန်မှာ normal saline ကို သွေးပေါင်ချိန်ကို ထိန်းထားနိုင်ဖို့ သွင်းဖို့ အရေးကြီးသလို၊ ဆိုးလာလို့ သွေးသွင်းဖို့ သွေး ရည်ကြည်သွင်းဖို့ လိုလာရင် အချိန်မီ သွင်းပေးနိုင်ဖို့ ပါပဲ။

အတွေ့အကြုံ အရပြောရရင် ကလေးဆေးရုံက ကုသမှုအတွက် စိတ်အချရဆုံး နေရာ ဖြစ်ပါတယ်။ 

မှတ်သားပါ ……..

၁။ကလေးကိုခြင်ကိုက်မခံရအောင်ဂရုစိုက်ပါ။
၂။ဖျားတဲ့ကလေးတိုင်းကိုဆေးခန်းပြပါ။ ကိုယ့်သဘောနဲ့ကိုယ် ဆေးဝယ်တိုက်တာ အန္တရာယ် ရှိပါတယ်။
၃။မက်ကလောင်ဖောက်တာလုံးဝမလုပ်ပါနဲ့။
၎။ကလေးအန်လျှင် (အမဲရောင် ကော်ဖီမှုန့်လို အ ဖတ်ကလေးတွေ ပါရင်)၊ မှိန်းလွန်းအား ကြီးလျှင်၊ ခြေဖျား လက်ဖျားတွေ အေးလျှင်၊ ဝမ်းမည်းမည်းတွေ သွားလျှင် ဆေးခန်း၊ဆေးရုံကိုချက်ချင်းသွားပါ။
၅။ ကလေး ဆေးရုံတင်ရလျှင် သွေးလှူမည့်သူ (အမျိုးထဲမှ စိတ်ချရသူ) ရှာထားသင့်ပါတယ်။
အထက်ဖော်ပြပါသိသင့်သိထိုက်သောအချက်များကိုမှတ်သားလိုက်နာခြင်းဖြင့်သွေးလွန်ုတုပ်ကွေးရောဂါဖြစ်ပွားမှုအား ဟန့်တားကာကွယ် နိုင်မှာဖြစ်ပါ တယ်။

Mg Mandalay
https://www.facebook.com/mg.mandalay
http://health.thithtoolwin.com/2017/07/blog-post_570.html

Post a Comment

0 Comments

Close Menu