Ad Code

Responsive Advertisement

📚 မြန်မာနိုင်ငံတော် ၏ ပတ်စပို့အမျိုးအစားများ


📚 မြန်မာနိုင်ငံတော် ၏ ပတ်စပို့အမျိုးအစားများ 📚
.
1️⃣ PB = Business Passport
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများအား ထုတ်ပေးသော စာအုပ်အမျိုးအစား
.
2️⃣ PT = Dependent Passport
ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီးနှင့် လိုက်ပါနေထိုင်သော မှီခို မြန်မာနိုင်ငံသားအား ထုတ်ပေးသော စာအုပ်အမျိုးအစား
.
3️⃣ PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော မြန်မာနိုင်ငံသားများ ကို ထုတ်ပေးသော စာအုပ်အမျိုးအစား
.
4️⃣ PR = Religirous Passport
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သက်သော မြန်မာနိုင်ငံသားများအား ထုတ်ပေးသည့်စာအုပ်အမျိုးအစား
.
5️⃣ PS = Seaman Passport
ပြည်ပသို့ သဘောၤသား ပင်လယ်ခရီးနှင့် ပတ်သက်သော မြန်မာနိုင်ငံသားများအား ထုတ်ပေးသောစာအုပ်အမျိုးအစား
.
6️⃣ PE = Student Passport
ပြည်ပသို့ ကျောင်းသား ပညာတော်သင် မြန်မာနိုငံသားများအား ထုတ်ပေးသည့် စာအုပ်အမျိုးအစား
.
7️⃣ PV = Visit Passport
ပြည်ပသို့ အလည်အပတ် Short Visit ခရီးတို အလည်အပတ် မြန်မာနိုင်ငံသားများအား ထုတ်ပေးသည့် စာအုပ်အမျိုးအစား
.
8️⃣ PD = Diplomatic Passport 
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်သော မြန်မာနိုင်ငံသားများအား ထုတ်ပေးသည့် စာအုပ်အမျိုးအစား
.
9️⃣ PO = Official Passport.
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့် ပတ်သက်သော မြန်မာနိုင်ငံသားများအား ထုတ်ပေးသည့် စာအုပ်အမျိုးအစား
.
အထက်ပါ Passport များကို အရောင်သုံးမျိုးခွဲခြားထားပါတယ်။
.
🔴 အနီရောင်
မြန်မာနိုင်ငံသူ/သား သာမန် ပြည်သူလူထုအတွက်
.
🔵 အပြာရောင်
မြန်မာနိုင်ငံရေး သံတမန်ကိစ္စနှင့်အပ်နှင်းခံရသူ နိုင်ငံသားများအတွက်.
.
♻️ အစိမ်းရောင်
အစိုးရရုံး နိုင်ငံတော်အကြီးအကဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာ မြန်မာနိုင်ငံသားများအတွက်
.
CP- Zaw Min Oo
Photo- AAC
(ပတ်စပို့စ် အကြောင်းကို သိရှိနားလည်မှု အားနည်းနေ
သေးသော ထိုင်းရောက်မြန်မာလုပ်သားများ အတွက်
ရည်ရွယ်တင်ပြခြင်းဖြစ်ပါသည်။)

တင်ပြသူ ...

Post a Comment

0 Comments

Close Menu