Ad Code

Responsive Advertisement

Hotel English (1)



Hotel English (1)
..............................
Making a Reservation
အခန်း ကြိုတင်စာရင်းသွင်းမှာကြားခြင်း
....................................
(1) "Hi, how much are your rooms?"
အခန်းခတွေက ဘယ်လောက်တွေပါလဲ
(2) "Hi, what are your rates?"
အခန်းခနှုန်းထားတွေက ဘယ်လောက်တွေပါလဲ
(3) "Hello, how much is a room?"
တစ်ခန်းကို ဘယ်လောက်ပါလဲ
.
(4) "Our rooms start at $79 for a basic room."
ကျနော်တို့အခန်းတွေက basic room တစ်ခန်းအတွက် ၇၉ ဒေါ်လာကနေ စပါတယ်
(5) "Our rooms start at $79 for a standard room and go up to $300 for a suite."
ကျနော်တို့အခန်းတွေက standard room တစ်ခန်းအတွက် ၇၉ ဒေါ်လာကနေ စပြီး suite တစ်ခန်းအတွက် ဒေါ်လာ ၃၀၀ အထိ တက်သွားပါတယ်
( အခန်းကို အဆင့်နဲ့ဈေးနှုန်းခွဲပုံတွေက တစ်ခုနဲ့တစ်ခု မတူတော့ ပုံစံကိုပဲ ယူပြီးသုံးပါ)
.
(6) "Ok. Can I reserve a room?"
ကောင်းပြီ.. အခန်းတစ်ခန်းယူထားလို့ရမလား
(7) "Hi, I would like to reserve a room."
ကျနော် အခန်းတစ်ခန်း ကြိုမှာချင်ပါတယ်
(8) "Hello, can I reserve a couple of rooms?"
ကျနော် အခန်းတော်တော်များများ ကြိုယူချင်ပါတယ်
(9) "What day do you want to check in?"
ခင်ဗျားက ဘယ်နေ့မှာ စပြီးနေမှာလဲ
(10) "Which date do you want to reserve?"
ခင်ဗျားက ဘယ်နေ့အတွက် ကြိုမှာချင်တာပါလဲ
(11) "What date are you looking for?"
ခင်ဗျားက ဘယ်နေ့အတွက် ရှာနေတာပါလဲ
.
(12) "I want a room from June 22nd to June 25th."
ကျနော်က ဇွန်လ ၂၂ ရက်ကနေ ဇွန်လ ၂၅ ရက်အထိ အခန်းတစ်ခန်းလိုချင်ပါတယ်
(13) "I would like a room for the 19th of July."
ကျနော်က ဇူလိုင်လ ၁၉ ရက်အတွက် အခန်းတစ်ခန်းလိုချင်ပါတယ်
.
(14) "How long will you be staying with us?"
(ကျနော်တို့ ဟိုတယ်မှာ) ဘယ်လောက်ကြာကြာနေမှာပါလဲ
(15) "When will you be checking out?"
ဟိုတယ်ကနေ ဘယ်တော့ ထွက်မှာပါလဲ
(16) "How many days would you like the room for?"
အခန်းကို ဘယ်နှစ်ရက်စာအတွက် လိုတာပါလဲ
.
(17) "I am going to stay for 3 days."
ကျနော်က ၃ ရက်ကြာ နေမှာပါ
(18) "I would like to reserve the room for 4 days."
ကျနော်က အခန်းကို ၄ ရက်စာအတွက် ကြိုတင်မှာကြားလိုပါတယ်
(19) "I am going to need the room until July 23rd."
ကျနော်အတွက် အခန်းက ဇူလိုင်လ ၂၃ ရက်အထိ လိုအပ်ပါတယ်
....
ကျနော်က ခရီးသွားလမ်းညွှန်တစ်ယောက်မဟုတ်ခဲ့သလို ဟိုတယ်ဝန်ထမ်းလည်း မလုပ်ခဲ့ဖူးပါ .. ပေးချင်သောစိတ်ဖြင့် အင်္ဂလိပ်စာအထွေထွေ ဗဟုသုတကိုသုံး၍ ပြန်ဆိုပေးခြင်းသာဖြစ်ပါတယ် ၊ လိုအပ်ချက်များရှိပါကလည်း နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်..
..
မေတ္တာဖြင့် 

ဆရာ Win Naing Oo - အင်္ဂလိပ်စာစိတ်ဝင်စားသူများ ဖေ့ဘွတ်မှ ပြန်လည် ကူးယူဖော်ပြသည်။
#linnaingookkm

Post a Comment

0 Comments

Close Menu