Ad Code

Responsive Advertisement

Not at all. ရှင်းလင်းချက် ( အစအဆုံးဖတ်)




Not at all. ရှင်းလင်းချက် ( အစအဆုံးဖတ်)
' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' ' '
Not at all . ကို - ( နော့အတ်အော)လို့ အသံမထွက်ဘဲ
( နော်ထက်ထောလ် ) လို့ အသံထွက်ကြပါ။
Not at all. ရဲ့ အဓိပ္ပါယ်တွေကတော့……………
(၁) ကိစ္စမရှိပါဘူးဗျာ/ရှင်။
(၂) ရပါတယ်ဗျာ/ရှင်။
(၃) လုံးဝမ……ပါဘူး/ရှင်။
Not at all ကို အခြေအနေ(၂)မျိူးနဲ့ အသုံးပြုနိုင်ပါတယ်။
#ပထမတစ်မျိူးအနေနဲ့ - တစ်စုံတစ်ယောက်က သင့်ကို
ကျေးဇူးတင်ကြောင်း ပြောလာတဲ့အခါ
Not at all . ကို သုံးနိုင်ပါတယ်။
ဥပမာ -
1. Thank you for all your help.
ခင်ဗျားရဲ့အကူအညီတွေအတွက် ခင်ဗျားကို
ကျေးဇူးတင်ပါတယ်။
Not at all. ကိစ္စမရှိပါဘူးဗျာ/ရှင်။
2. Do you mind if I open the window?
ကျွန်တော် ဒီပြတင်းပေါက်ကို ဖွင့်ရင် ခင်ဗျား စိတ်ရှိမလား။
( ကျွန်တော် ဒီပြတင်းပေါက်ကို ဖွင့်လို့ရမလား။ )
Not at all. ရပါတယ်ဗျာ/ရှင်။
#ဒုတိယတစ်မျိူးအနေနဲ့ - အငြင်းပြောဆိုပုံ ရေးသားပုံတို့ကို
အလေးအနက်ဖော်ပြချင်တဲ့အခါ
Not at all ကို သုံးနိုင်ပါတယ်။
1. Did you enjoy it ?
ခင်ဗျား သာယာကြည်နူးခဲ့လား။ (ပျော်ရွှင်ခဲ့လား။ )
Not at all.
လုံးဝ မပျော်ခဲ့ပါဘူးဗျာ/ရှင်။
2. My parents were not at all pleased with
my exam results.
ကျွန်တော့်မိဘတွေက ကျွန်တော့်ရဲ့စာမေးပွဲရလဒ်တွေနဲ့
ပတ်သက်ပြီး လုံးဝ ကျေနပ်အားမရကြဘူး။
With love and best wishes !
Saya U Thike Htoon ( Ela - English )
…………………………………………………………………………………………………
အင်္ဂလိပ်နဲ့ သက်ဆိုင်တဲ့ post များအား
မလွတ်တမ်း လေ့လာလိုပါက
ကျွန်တော့် အကောင့်ထ်ကို
Follow (or) See First
လုပ်ထားပြီး လေ့လာကြပါခင်ဗျာ။
With love and best wishes !
#ဆရာဦးသိုက်ထွန်း(ဧလာ-အင်္ဂလိပ်)
Thike Htoon - အင်္ဂလိပ်စာစိတ်ဝင်စားသူများ Facebook မှ ပြန်လည်ကူးယူဖော်ပြသည်။
#linnaingookkm

Post a Comment

0 Comments

Close Menu